တိုက်ပွဲ
နောင်ချိုတိုက်ပွဲ ၇ ရက်အတွင်း နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ၇ ရက် ဆက်တိုက် ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဖက် တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများ ရှိသည့် အပြင် စစ်ရှောင်ပြည်သူများလည်း နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်း သိရသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်း အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ...
နောင်ချိုတိုက်ပွဲကြား ပြည်သူအိမ်အများအပြား ထိခိုက်ပျက်စီးရ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံတို့၏ နေအိမ် ၉ လုံးထက် မနည်း ထိခိုက် ပျက်စီးရ ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၅...
လားရှိုးမြို့နယ်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၈ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် အသက် ၁...
နောင်ချိုမြို့နယ် စစ်ရှောင်အချို့ အိမ်ခန်းငှားနေရ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ပြည်သူများ အချို့သည် အိမ်ခန်းငှားခ တစ်လလျှင် ငါးသောင်းကျပ်ဖြင့် ငှားရမ်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်မှ စတင်ကာ ယနေ့အထိ ထိတွေ့တိုက်ပွဲပြင်းထန်နေသည့်...
NCA လက်မှတ်ထိုးထားသည့် RCSS နှင့်PNLO တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့သည် မောက်မယ်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပြီး နောက် မတ်လ ၃၁ ရက်တွင်လည်း ကဒူးကြီးဒေသရှိ နမ့်ပါတက် ကျေးရွာအနီးမှာလည်း ဒုတိယ အကြိမ် ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်းသိရသည်။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး PNLO/PNLA တပ်သားများ နယ်မြေကျူးကျော်ဝင်ရောက်လာက ပါတက် ကျေးရွာမှ RCSS/SSA တပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း RCSS/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။ ထို့အပြင် PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေတွင်းသို့ ကျူးကျော် ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း Tai Freedom မှ ထုတ်ပြန်ထားသည်။ သို့သော်လည်း PNLO/PNLA ဘက်ကမူ တစ်ဖက်၏ လုံခြုံရေးတပ်သားများ နယ်မြေကျော်လွန် လာမှုကြောင့် ပစ်ခတ်မှု ဖြစ်ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) မှ မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က အသိမပေးဘဲ ဒီဘက်နယ်မြေထဲ ရောက်လာတော့ ပစ်ခတ်မှု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း တပ်ဖွဲ့တွေ ရှိနေကြတဲ့ နေရာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အချင်းချင်း နယ်မြေ တစ်ခု နဲ့ တစ်ခုကြား ဒီလို ထိတွေ့မှု ကတော့ ရှိမှာပဲလေ၊အသေးစိတ်တော့ မသိရသေးဘူး” ဟု PNLO/PNLA အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ် ဝန်းကျင် ခန့် ကြာပြီး လက်ရှိအချိန်၌ မြေပြင် စစ်ရေး ငြိမ်သက်နေကြောင်းလည်းအထက်ပါ အရာရှိ ပုဂ္ဂိုလ်က ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ ထိုအဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်နေသေးသည့်အဖွဲ့များဖြစ်ကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ RCSS/SSA နှင့် PNLO / PNLA တပ်ဖွဲ့နှစ်ခုသည် သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွ...
အရပ်သားပြည်သူများအား ပစ်မှတ်ထားလာသော စစ်အုပ်စု၏ လေကြောင်းရန်
SHAN -
နိဒါန်း မိမိတို့ BNI-Myanmar Peace Monitor အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ်၊ လက်ယက်ကုန်းရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ ဖားကန့်မြို့နယ် အနန့်ပါ(ANang...
ပင်လောင်းစစ်ရှောင်များ ရာသီဉတုအပြောင်းအလဲကြောင့် ချောင်းဆိုး၊ ဖျားနာ
သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီဉတုအပြောင်းအလဲကြောင့် စစ်ရှောင်များချောင်းဆိုးခြင်း၊ ဖျားနာခြင်း ကြုံတွေ့ရကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ ရွာနှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ဦးရေ (၅၀၀၀) ကျော်ထဲမှ စစ်ရှောင်စခန်းများသည် (၁၄) နေရာရှိကြောင်း သိရသည်။ ထို စစ်ရှောင်စခန်း (၁၄)...
နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု
SHAN -
နိဒါန်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ခဲ့သည့် စစ်အာဏာသိမ်းကာလတစ်လျှောက်လုံး အာဏာသိမ်းစစ်အုပ်စု ၏ အကြမ်းဖက်လုပ်ရပ်ပေါင်းများစွာကို နေရာဒေသမရွေး၊ အချိန်အခါမရွေး ပုံသဏ္ဍန်၊ အသွင်သဏ္ဍန်မျိုးစုံဖြင့် လွယ်လင့်တကူကျူးလွန်လျက်ရှိပါသည်။ အရပ်သားပြည်သူပိုင် ပစ္စည်းဥစ္စာများအား လုယက်ခြင်း၊ မီးရှို့ဖျက် ဆီးခြင်းနှင့် အရပ်သားပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းတို့အား ကိုယ်တိုင်ကျူးလွန်ခဲ့သည့် တိုင် ၎င်းတို့အား...
ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ
သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်း ၇ နာရီအချိန်မှစပြီး နမ့်နိန်းကျေးရွာ၏ အနောက်ဘက်ရှိ တောင်းကုန်းဒေသ တစ်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ်မှာ...
ပင်လောင်းမြို့နယ် စစ်ရှောင်များ နေရာအထိုင်အခင်းနှင့် စောင်များလိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ခိုလှုံနေသည့် စစ်ရှောင်များ နေရာအထိုင်အခင်း နှင့် စောင်များ လိုအပ်နေကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ဦးရေ...






