နောင်ချိုတိုက်ပွဲကြား ပြည်သူအိမ်အများအပြား ထိခိုက်ပျက်စီးရ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံတို့၏ နေအိမ် ၉ လုံးထက် မနည်း ထိခိုက် ပျက်စီးရ ကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့တွင်း ပျက်စီးသွားသည့်နေအိမ်

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှ ၉ ရက်နေ့ အထိ အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ တို့ ထိတွေ့တိုက်ပွဲအကြား စစ်ကောင်စီ ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအိမ် ၉ လုံး ထက်မနည်း ထိခိုက်ပျက်စီးရကြောင်း သိရသည်။

“ကုန်းကြီးကျေးရွာ အုပ်စုထဲမှာဆိုရင် ပျက်စီးတဲ့အိမ်က ၈/၉ အိမ်လောက်ရှိနေပြီ၊ တိုက်ပွဲ ၄ ရက်ဆက်တိုက် ဖြစ်တာ ရွာထဲကို လက်နက်ကြီးတွေက နေ့တိုင်းကျတယ်၊ ပျက်စီးတဲ့ အရေအတွက် တိတိကျကျကိုတော့ မသိ ရသေးဘူး၊ ရွာခံ အိမ်ရှင်တွေတော့ စစ်ရှောင်ထွက်ပြေးနေကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျည်ထိမှန်ထားသည့်နေအိမ်

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နောင်ချိုမြို့နယ်မှ ကုန်းကြီးကျေးရွာအုပ်စု ဟိုခဲရွာ၊ ကြူကော်ရွာ၊ နမ့်ကောင်း ရွာ၊ ဟိုခိုရွာ၊ ကြူအင်း စသည့် ကျေးရွာများမှ ရွာခံများသည် အိုးအိမ် စွန့်ခွာထွက်ပြေးကာ စစ်ရှောင် ထွက်ပြေး နေရသည်။

လက်ရှိတွင် ကျေးရွာအတွင်းတွင် ထိခိုက်ပျက်စီးမှုများကို အသိစိတ်မသိနိုင်သေးသည့်အကြောင်း နှင့် ရွာအတွင်း ပေါက်ကွဲမည့် လက်နက်များ ရှိမည်ကိုလည်း စိုးရိမ်ရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြော သည်။

“တချို့ရွာတွေထဲမှာလည်း စစ်ကောင်စီတပ်တွေ ရှိနေတာ တွေ့ရတယ်၊ တချို့ရွာတွေကလည်း စစ်သားတွေ မရှိပေမဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်း လက်နက်တွေ ရှိမှာစိုးလို့ ရွာတွေထဲ မဝင်ရဲဘူး၊ အဲ့ကြောင့် ရွာထဲက ထိခိုက် ပျက်စီးမှုတွေ ဘယ်လိုရှိလဲဆိုတာတော့ အသေးစိတ် မသိရဘူး၊ ဒီနေ့အထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကြီးထိမှန်ထားသည့်နေအိမ်

အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့ တို့အကြား ထိတွေ့တိုက်ပွဲသည် ယနေ့ အထိ ဖြစ်ပွားနေလျက်ရှိပြီး ယနေ့ တိုက်ပွဲ ဖြစ်စဥ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

လက်ရှိတွင် နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၃၀၀ နီးပါး ရှိနေသည့်အပြင် နောင်ချိုမြို့ ပေါ်နှင့် ပြင်ဦးလွင်မြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးသူများလည်း ၅၀၀ နီးပါးရှိနေကာ ထိုထဲတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများလည်း ပါဝင်နေပြီး လက်ရှိတွင် စားနပ်ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ ပေးမည့် အလှူရှင်များ လိုအပ်နေကြောင်းလည်း သိရသည်။

ယခုဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ကလေးငယ် နှစ်ဦး သေဆုံးရသည့်အပြင် အရပ်သားများလည်း ထိခိုက် ဒဏ်ရာရမှု ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက် နံနက်ပိုင်းတွင်လည်း နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့မှု ရှိခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်ကောင်စီတပ်၏ တိုင်းရင်းသား ဒေသများထံ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်မှု နှင့် စစ်မြေပြင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...