တန့်ယန်းမြို့နယ်
တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...
တန့်ယန်းမြို့နယ် ရပ်ရွာလုံခြုံရေး ပြည်သူ့စစ်ခေါ်ယူပြီး နှစ်လခန့် စစ်သင်တန်းပေးဟု UWSA ပြော
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ခေါ်ယူပြီး နှစ်လခန့် စစ်သင်တန်းပေးကြောင်း ပြောဆိုလိုက်သည်။ မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ...
“ ကျားဖြန့်လုပ်ငန်း နည်းမျိုးစုံကြီးထွားနေဆဲ”
မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန် ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ အပြာရောင် သွပ်ပြားတွေနဲ့ ဆောက်လုပ်ထားတဲ့ တန်လျားက အစီအရီနေရာယူထားပါတယ်။ ဒီအဆောက်အဉီးကို ကြည့်လိုက်ရင်တော့ ဒေသအတွင်း ပုံမှန် သမားရိုးကျ စီးပွားရေး လုပ်ကိုင်နေတဲ့ ပြောင်းသီးနှံတွေ သိုလှောင်ထားရာ ဂိုဒေါင်ကြီးတွေလို့ ထင်မြင်စရာနေရာတစ်ခုပါ။ ဒါပေမယ့် အဲ့ဒီဂိုဒေါင်ကြီးထဲမှာက အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မကြာသေးခင် လတွေအတွင်းက ဆောက်ထားတဲ့ “ကျားဖြန့်ရုံ”တွေ ဖြစ်တယ်လို့ တန့်ယန်းဒေသခံတွေက ပြောပါတယ်။ အဲ့ဒီနေရာကတော့ တန့်ယန်းမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်ပိုင် ရာဘာခြံနေရာပါပဲ “အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန် မြေကော်ကား ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြပြီ။ တောထဲမှာပဲ တော်ရုံလူတောင် မဝင်နိုင်ဘူး၊ အလုပ်က ဒီဒေသက လူပဲခေါ်တာ တခြားဒေသဆို မယူဘူး။ လစာက ၁၅၀၀ ယွမ်က စတယ်”လို့ တန့်ယန်းမြို့နယ်မှာ နေထိုင်တဲ့ စိုင်းဝင်းက မျှော်လင့်ချက်ရှိဟန်နဲ့ ပြောပါတယ်။ ကျားဖြန့်လုပ်ကိုင်သူ တစ်လလျှင် လစာယွမ် ၁၅၀၀...
‘ဝ’အရာရှိဟောင်းနှစ်ဦး ထပ်မံရှာဖွေခံရပြီးနောက် UWSA က တရုတ်ကျားဖြန့် ၃၀၀ ကျော်ကို တရုတ်ရဲထံ လွှဲအပ်
သျှမ်းပြည် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၁၆) ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့ရှိ တရားစီရင်ရေးဌာန လက်အောက်ခံ...
တန့်ယန်းမြို့နယ် အမျိုးသားတစ်ဦး လမ်းတွင် ကားနွံနစ်နေစဉ် ပြန်ပေးဆွဲခံရ
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၅ ဦးက သေနက်ဖြင့် ခြိမ်းခြောက်ကာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂ ရက်) နေ့လယ် ၂ နာရီခန့်တွင် တန့်ယန်းမြို့နယ်အတွင်း အမျိုးသား ၄ ဦး ခိုယောင်းကျေးရွာမှ လွယ်ရွဲသို့...
တန့်ယန်းမြို့နယ် မိုးသက်လေပြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၅၀ ကျော် ပျက်စီး
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် တန့်ယန်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရုတ်တရက် မိုးရွာချပြီး လေပြင်းတိုက်ခတ်မှုကြောင့် တန့်ယန်းမြို့ပေါ် ရပ်ကွက်(၄၊...
UWSA ဝတ်စုံဖြင့် ဓားပြတိုက်သည့် လူ ၅ ဦးကို တန့်ယန်းမြို့ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး
သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်အတွင်း “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA တံဆိပ်ပါ ဝတ်စုံ ဝတ်ဆင်ပြီး ဓားပြတိုက်သည့် အမျိုးသား လူငယ် (၅) ဦးကို ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဓားပြတိုက်သူနှစ်ဦးကို လက်နက်နှင့် အတူ ဖမ်းဆီးရမိ ပြီးခဲ့သည့် ဇွန်လ ၁၆...
တန့်ယန်းမြို့နယ် အမျိုးသား တစ်ဦး ကျားကိုက်ခံရ ၊ ဆေးရုံမှာ ဆေးကုသနေဆဲ
သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်တွင် တောထွက်လည်သည့် အမျိုးသား တစ်ဦးသည် ကျားကိုက်ခံရပြီး လက်ရှိတွင် ဆေးရုံ၌ တင်ထားရကြောင်း သတင်းသိရသည်။ ယမန်နေ့ (မေ ၄) ရက်တွင် တန့်ယန်းမြို့နယ် မိုင်းကျိုင်ကျေးရွာအုပ်စု မိုင်းကျိုင်ရွာတွင် တောထွက်လည်သည့် အမျိုးသားတစ်ဦးသည် ကျားကိုက်ခံရပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ “တောလည်တာပေါ့နော်၊ အဲ့မှာ...





