Tuesday, January 27, 2026

တန့်ယန်းမြို့နယ် ရပ်ရွာလုံခြုံရေး ပြည်သူ့စစ်ခေါ်ယူပြီး နှစ်လခန့် စစ်သင်တန်းပေးဟု UWSA ပြော

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ခေါ်ယူပြီး နှစ်လခန့် စစ်သင်တန်းပေးကြောင်း ပြောဆိုလိုက်သည်။

မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ်အဖြစ် မေလ (၂၀) ရက် နောက်ဆုံးထား၍ စစ်မှုထမ်း စုဆောင်းပေးရန် ပြောဆိုထားကြောင်း ဒေသခံများက ပြောဆိုသည်။

သို့သော် UWSA ဘက်မှ တပ်သားသစ် စုဆောင်းခြင်း မဟုတ်ဘဲ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ် ခေါ်ယူခြင်းဖြစ်ပြီး လုံခြုံရေးအစီအမံ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြန်လည်ဖြေကြားသည်။

“ကျနော်တို့ စစ်သားသစ် စုဆောင်းကောက်ယူတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ် တစ်ယောက်နှစ်ယောက် အဲ့လိုမျိုး ကောက်ယူပြီးမှ လုံခြုံရေး လုပ်ခိုင်းတဲ့ သဘောပဲနော်။ မိမိတို့ ရပ်ရွာတွေမှာ လုံခြုံရေးတွေလုပ်ဖို့အတွက် ကျနော်တို့ အစီအမံ လုပ်ပေးတဲ့ သဘောမျိုးပါပဲ၊ သိတဲ့အတိုင်းပဲလေ အခုခေတ်မှာက ဒုစရိုက်မှုတွေလည်း များလာတယ်ဆိုတော့”ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA မှ ရပ်ရွာလုံခြုံရေး အကြောင်းပြကာ တန့်ယန်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများကို ပြည်သူ့စစ်အဖြစ် ခေါ်ယူနေခြင်းသည် လူမျိုးဘာသာ၊ အသက်အပိုင်းအခြား မသိရသော်လည်း ၎င်းတို့ကို နှစ်လဝန်းကျင်ခန့် စစ်သင်တန်းပေးကြောင်း ဆိုသည်။

“ဟုတ်တယ်၊ ပြည်သူ့စစ်တွေကို ကျနော်တို့ တစ်ရွာကို တစ်ယောက်၊ နှစ်ယောက်လောက် ခေါ်ပြီးမှ နှစ်လ ဝန်းကျင်လောက် ကျနော်တို့ စစ်သင်တန်းပေးတယ်”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

UWSA

တန့်ယန်းမြို့နယ်အတွင်း UWSA မှ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခြင်း မပြုလုပ်ရန်နှင့် ဆက်ကြေး(အခွန်) မဆောင်ခိုင်းရန် ပြည်သူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံ ဒေသခံများမှ မေလဆန်းပိုင်းတွင် စာပေးပို့ကာ အကူအညီ တောင်းဆိုထားကြောင်း သိရသည်။

၂၀၂၅ မေလဆန်းပိုင်းမှ စတင်၍ UWSA အခြေချတပ်စွဲထားသည့် ယခင် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေများမှ ကျေးရွာအုပ်စုများ၊ တန့်ယန်း – လားရှိုး ဆက်သွယ်ထားသည့် ကားလမ်းမနှင့် တန့်ယန်း-ပန်ဆန်း ကားလမ်းမ မြောက်ဘက်ရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်း သံလွင်မြစ်ကမ်းအနီး တာ့ပန်ယုတ် (တႃႈပၢင်ယူၵ်ႇ)၊ တာ့ဆိုင်းလျန် (တႃႈသၢႆးလႅင်) မှ မန်ပန်အုပ်စု၊ မိုင်းယော်အုပ်စုအထိ ကျေးရွာအုပ်စုပေါင်း (၅၀) နီးပါး နယ်မြေစိုးမိုးမှု ရှိထားသည်။

ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလ အတွင်းကလည်း တန့်ယန်းမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA မှ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း ကောက်ခံခဲ့ပြီး စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းခဲ့ကြောင်း တန့်ယန်းဒေသခံများက ပြောသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...