တန့်ယန်းမြို့နယ် ရပ်ရွာလုံခြုံရေး ပြည်သူ့စစ်ခေါ်ယူပြီး နှစ်လခန့် စစ်သင်တန်းပေးဟု UWSA ပြော

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ခေါ်ယူပြီး နှစ်လခန့် စစ်သင်တန်းပေးကြောင်း ပြောဆိုလိုက်သည်။

မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ်အဖြစ် မေလ (၂၀) ရက် နောက်ဆုံးထား၍ စစ်မှုထမ်း စုဆောင်းပေးရန် ပြောဆိုထားကြောင်း ဒေသခံများက ပြောဆိုသည်။

သို့သော် UWSA ဘက်မှ တပ်သားသစ် စုဆောင်းခြင်း မဟုတ်ဘဲ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ် ခေါ်ယူခြင်းဖြစ်ပြီး လုံခြုံရေးအစီအမံ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြန်လည်ဖြေကြားသည်။

“ကျနော်တို့ စစ်သားသစ် စုဆောင်းကောက်ယူတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ် တစ်ယောက်နှစ်ယောက် အဲ့လိုမျိုး ကောက်ယူပြီးမှ လုံခြုံရေး လုပ်ခိုင်းတဲ့ သဘောပဲနော်။ မိမိတို့ ရပ်ရွာတွေမှာ လုံခြုံရေးတွေလုပ်ဖို့အတွက် ကျနော်တို့ အစီအမံ လုပ်ပေးတဲ့ သဘောမျိုးပါပဲ၊ သိတဲ့အတိုင်းပဲလေ အခုခေတ်မှာက ဒုစရိုက်မှုတွေလည်း များလာတယ်ဆိုတော့”ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA မှ ရပ်ရွာလုံခြုံရေး အကြောင်းပြကာ တန့်ယန်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများကို ပြည်သူ့စစ်အဖြစ် ခေါ်ယူနေခြင်းသည် လူမျိုးဘာသာ၊ အသက်အပိုင်းအခြား မသိရသော်လည်း ၎င်းတို့ကို နှစ်လဝန်းကျင်ခန့် စစ်သင်တန်းပေးကြောင်း ဆိုသည်။

“ဟုတ်တယ်၊ ပြည်သူ့စစ်တွေကို ကျနော်တို့ တစ်ရွာကို တစ်ယောက်၊ နှစ်ယောက်လောက် ခေါ်ပြီးမှ နှစ်လ ဝန်းကျင်လောက် ကျနော်တို့ စစ်သင်တန်းပေးတယ်”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

UWSA

တန့်ယန်းမြို့နယ်အတွင်း UWSA မှ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခြင်း မပြုလုပ်ရန်နှင့် ဆက်ကြေး(အခွန်) မဆောင်ခိုင်းရန် ပြည်သူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံ ဒေသခံများမှ မေလဆန်းပိုင်းတွင် စာပေးပို့ကာ အကူအညီ တောင်းဆိုထားကြောင်း သိရသည်။

၂၀၂၅ မေလဆန်းပိုင်းမှ စတင်၍ UWSA အခြေချတပ်စွဲထားသည့် ယခင် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေများမှ ကျေးရွာအုပ်စုများ၊ တန့်ယန်း – လားရှိုး ဆက်သွယ်ထားသည့် ကားလမ်းမနှင့် တန့်ယန်း-ပန်ဆန်း ကားလမ်းမ မြောက်ဘက်ရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်း သံလွင်မြစ်ကမ်းအနီး တာ့ပန်ယုတ် (တႃႈပၢင်ယူၵ်ႇ)၊ တာ့ဆိုင်းလျန် (တႃႈသၢႆးလႅင်) မှ မန်ပန်အုပ်စု၊ မိုင်းယော်အုပ်စုအထိ ကျေးရွာအုပ်စုပေါင်း (၅၀) နီးပါး နယ်မြေစိုးမိုးမှု ရှိထားသည်။

ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလ အတွင်းကလည်း တန့်ယန်းမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA မှ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း ကောက်ခံခဲ့ပြီး စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းခဲ့ကြောင်း တန့်ယန်းဒေသခံများက ပြောသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...