တန့်ယန်းမြို့နယ် အမျိုးသား တစ်ဦး ကျားကိုက်ခံရ ၊ ဆေးရုံမှာ ဆေးကုသနေဆဲ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်တွင် တောထွက်လည်သည့် အမျိုးသား တစ်ဦးသည် ကျားကိုက်ခံရပြီး လက်ရှိတွင် ဆေးရုံ၌ တင်ထားရကြောင်း သတင်းသိရသည်။

ကျားကိုက်ခံရသည့် အမျိုးသား

ယမန်နေ့ (မေ ၄) ရက်တွင် တန့်ယန်းမြို့နယ် မိုင်းကျိုင်ကျေးရွာအုပ်စု မိုင်းကျိုင်ရွာတွင် တောထွက်လည်သည့် အမျိုးသားတစ်ဦးသည် ကျားကိုက်ခံရပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

“တောလည်တာပေါ့နော်၊ အဲ့မှာ ကျားနဲ့ ဘယ်လို တွေ့မိတာလည်း မသိဘူး၊ လက်တွေ ခြေထောက်တွေ တော်တော် ထိသွားတယ်၊ အဖော်ပါသွားလို့ တော်သေးတယ်၊ သူတို့ကတော့ ကျားကိုက်တာ မခံရဘူး၊ သူတစ်ယောက်တည်းပဲ ဖြစ်သွားတယ်၊ အခုတစ်ခေါက် တောလိုက်ကြတာကလည်း တောနက်ထဲ ရောက်သွားလို့ထင်တယ်” ဟု တန့်ယန်းမြို့နယ်မှ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျားကိုက်ခံရသည့် အမျိုးသား

အဆိုပါ ကျားကိုက်ခံရသူသည် ဘယ်ခြေထောက် နှင့် ညာလက်တို့တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွား ကြောင်း နှင့် လက်ရှိတွင် တန့်ယန်းမြို့နယ် ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။

အဆိုပါ ကျားကိုက်ခံရသည့် ဒေသအတွင်းသည် ယခင်အချိန်ကလည်း ကျား နှင့် တခြား တောရိုင်း တိရိစ္ဆာန်များ ကျင်လည် ကျက်စားရာ ဒေသလည်း ဖြစ်ကြောင်း သိရသည်။

“တခါတလေ တောလည်တဲ့ သူတွေက ကျားတွေ့တာလို့ ခဏခဏ ပြောတာတွေ့ရတယ်၊ ဒါပေမဲ့ အကိုက်ခံရတာ မျိုး မရှိဖူးဘူး၊ ပြီးတော့ ဝက်ဝံခြေရာတွေလည်း တွေ့ရတယ်၊ ဒီဘက်မှာ တောအုပ်ကောင်းတော့ အကောင်တွေ လည်းစုံပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ယင်းကဲ့သို့ တိရိစ္ဆာန်ပေါများသည့် တောအုပ်ကို ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်သလို တောရိုင်း တိရိစ္ဆာန် အန္တရာယ်မှ ကင်းအောင်လည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ရပ်ရွာ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောမတက်ရင်လည်း တချို့ စားဝတ်နေရေးက အဆင်မပြေဘူး၊ တချို့က တောထဲက သစ်ဥသစ်ဖုတွေ၊ အရွက်အမြစ်တွေကို တူးဖော်ပြီးတော့ ပြန်လာရောင်းကြတယ်၊ တချို့ကလည်း တောကောင်တွေကို လိုက်ပစ်တာပေါ့၊ အဲ့ဒါကြောင့် တောမတက်နဲ့လို့ ပြောလည်း မရနိုင်ဘူး၊ အကန့်အသတ်အထိ တောနက်ထိ မရောက်ဖို့ ကိုတော့ အချင်းချင်း ထိန်းသိမ်းပြောကြရမှာပေါ့” ဟု ရပ်ရွာ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်လည်း တန့်ယန်းမြို့နယ်၌ အမျိုးသား ၃ ဦး ကျားကိုက်ခံရပြီး ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည် ကျက်စားနေသည့် ကျက်စားနယ်မြေသည် နိုင်ငံဧရိယာ၏ ၇ % ခန့်၊ ဧက (၁၂) သန်းကျော်ရှိနေကြောင်း မြန်မာ့သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကျားများ ကျင်လည်ကျက်စားသည့် နယ်မြေအတွင်း အနည်းဆုံး ကျား (၂၂) ကောင် ရှင်သန် ကျက်စားနေလေ့ရှိကြောင်း သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ကမ္ဘာ့ကျားများနေ့ တွင် အတည်ပြုထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...