Thursday, January 29, 2026

စစ်ရှောင်

ကျေးသီးမြို့ ကိုဗစ် -၁၉ လူနာ(၂)ဦး စတွေ့ စစ်ရှောင်များအတွက် စိုးရိမ်နေရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့တွင် ယမန့် ( ဇူလိုင် ၈) ရက် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး စတင်တွေ့ ရှိလာသဖြင့် စစ်ရှောင်များအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ထို ကိုဗစ် -၁၉ အတည်ပြုလူနာ ၂ ဦးသည် ကျေးသီးမြို့ စစ်ကောင်စီ ၏...

မိုင်းကိုင် စစ်ရှောင်(၃၇၅)ဦးအတွက် စားနပ်ရိက္ခာ လိုအပ်

သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု အတွင်း စစ်ရှောင် (၃၇၅) ဦးရောက်ရှိလာပြီး စားနပ်ရိက္ခာနှင့်အသုံးအဆောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ မိုင်းကိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ “သူတို့ရောက်လာတာ (၃) ရက်လောက်ရှိပြီ။ အစားအသောက်...

ကျေးသီးမြို့နယ် သျှမ်းတပ်(၂)တပ် တိုက်ပွဲ (၅၀၀) ကျော် ထပ်မံ စစ်ရှောင်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့တွင် သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံ ( ၅၀၀) ကျော် စစ်ဘေးထပ်မံရှောင် လာရကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်ထူးထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲကြောင့် ယမန့်နေ့ (ဇူလိုင် ၁) ရက်တွင်...

ကျေးသီးမြို့နယ် တိုက်ပွဲဆက်ဖြစ်၊ စစ်ရှောင် (၁၀၀) နီးပါး ထပ်တိုး

သျှမ်းပြည် မြောက်ပိုင်း ကျေးသီးမြို့ နှင့် မိုင်းနောင်ကြားရှိ လွိုင်ဟွန်းတောင်ကြော အနီးတွင် သျှမ်းတပ်(၂) တပ် တိုက်ပွဲ ထပ်မံဖြစ်ပွားသဖြင့် စစ်ရှောင် (၁၀၀)နီးပါး ထပ်မံရောက်လာကြောင်းသိရသည်။ ယနေ့ နေ့လည် (၁)နာရီဝန်းကျင်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲ ဆက်လက်...

သီပေါ စစ်ရှောင် ၃၀၀ ကျော် စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ၃၀၀ ကျော်သည် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ သီပေါမြို့နယ်အတွင်းရှိ ဆွန်လုံကျးရွာအုပ်စုမှ ဆွန်လုံကျေးရွာ၊ ချောင်းဆုံကျေးရွာ နှင့် ဟတ်လျန်ကျေးရွာတို့မှ အိမ်ထောင်စု ၁၀၀ ၊ လူဦးရေ (၃၀၀) ကျော်တို့သည် ဒေသတွင်း စစ်ရေးတင်းမာမှုကြောင့်...

ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်း စစ်ရှောင်အတွက် အိပ်ယာခင်း၊စောင်များလိုအပ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၄၈၀) ကျော် အတွက် အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် နောင်ဆွမ်းစစ်ရှောင် (၄၈၇) ဦးသည် စစ်ရှောင်နေရပြီး အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စစ်ဘေးရှောင်ကော်တီဝင်...

ကျေးသီးမြို့နယ် နောင်ဆွမ်း စစ်ရှောင် (၄၀၀)ကျော် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ နောင်ဆွမ်းဘုန်းကြီးကျောင်းရှိ စစ်ရှောင် (၄၀၀) ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် နောင်ဆွမ်းစစ်ရှောင် (၄၀၀) ကျော် စစ်ရှောင်နေရပြီး လက်ရှိတွင် မိုးရာသီရောက်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ကြောင်း စစ်ဘေးရှောင်တစ်ဦး က သျှမ်းသံတော်ဆင့်...

ကျေးသီးမြို့ နယ် RCSSနှင့် SSPP တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀၀) ကျော်စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ လွယ်ဟွန်းတောင်ကြော တစ်လျှောက်တွင် RCSS နဲ့ SSPP တို့၏ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသေးသဖြင့် စစ်ရှောင် (၁၀၀၀) ကျော် အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး ယနေ့ ၇ ရက်နေ့ထိ သျှမ်းတပ်(၂)တပ်ဖြစ်သည့်...

ကျေးသီးမြို့ပေါ်သို့ စစ်ရှောင် (၇၀၀)ကျော်ထိ ရှိလာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးသီးမြို့ပေါ်သို့စစ်ရှောင် (၇၀၀)ကျော်ထိ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ဇွန်(၂)ရက်မှစတင်ကာ ဇွန်(၄)ရက်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ တိုက်ပွဲကြောင့် ပြည်သူ (၇၀၀)ကျော် စစ်ဘေးရှောင်နေရသည်။ “ ဒီနေ့ထပ်ရောက်လာတာ စုစုပေါင်း (၄၂၀)ကျော်ရှိတယ်။ အားလုံးကတော့ (၇၀၀)ကျော်ရှိပြီ၊...

ကျေးသီးမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ်၊ ဒေသခံ (၂၀၀) ထွက်ပြေးနေရ

သျှမ်းပြည် တောင်ပိုင်း ကျေးသီမြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀) နီးပါး ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာ ဘုန်းကြီးကျောင်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့(ဇွန် ၁)ရက် မနက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် ကျေးသီးမြို့ နှင့်...

Latest news