Tuesday, May 7, 2024

ကျေးသီးမြို့နယ် တိုက်ပွဲထပ်ဖြစ်မှာကြောက် စစ်ရှောင် ၄၀၀ ကျော် နေရပ်မပြန်နိုင်သေး

Must read

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ကို မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

ထိုကျန်ရှိနေသည့် စစ်ဘေးရှောင်း (၄၀၀) ကျော်သည် အသက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များဖြစ်ပြီး၊ သျှမ်းတပ်(၂)တပ် တိုက်ပွဲ ထပ်မံဖြစ်မည်ကို စိုးရိမ်းသောကြောင့် မပြန်နိုင်သေးကြောင်းသိရသည်။

“ တစ်ချို့သူတွေတော့ အကုန်ပြန်ကုန်ပါပြီ။ အခုက အသက်ကြီးတဲ့သူ၊ ကလေးသူငယ်တွေပဲကျန်တော့တယ်။ တိုက်ပွဲထပ်ဖြစ်မှာကြောက်လို့ မပြန်သေးတာပါ။ တိုက်ပွဲထပ်ဖြစ်ရင် သူတို့တွေက ထွက်ပြေးရတာခက်တယ်လေ။” ဟု ကျေးသီးမြို့ စစ်ဘေးရှောင်မျာကူညီးပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် နောင်ဝိုး ၁၀၀၊ ကမထမ်းကျောင်းတိုက် ၅၀၊ လွိုင်ဆိုင် ၅၀၊ နှစ်မိုင် ၁၀၀၊ မိုင်ရယ် ၆၀ တို့ကျန်ရှိနေသေးကြောင်းသိရသည်။

ကျေးသီးမြို့နယ်တွင် တိုက်ပွဲမဖြစ်ပွားရာတွင် ၂ရက်ရှိပြီးဖြစ်ပြီး လက်ရှိတွင် ပြည်သူများက စိုးရိမ်းနေလျက်ရှိကြောင်း စစ်ရှောင်ကူညီးပေးနေသည့်သူကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article