Thursday, January 29, 2026

မိုင်ကိုင်မြို့နယ် စစ်ရှောင်(၃၀၀၀) ကျော် နေရာထိုင်ခင်း အခက်ခဲများစွာရှိနေ

သျှမ်းတောင် မိုင်းကိုင်မြို့နယ် အတွင်း ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀၀)ကျော် အတွက် နေရာထိုင်ခင်း အခက်အခဲများရှိနေသည် ဟု စုံစမ်းသိရသည်။

သျှမ်းတပ်(၂)တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ(၃၀၀၀) ကျော်သည် မိုင်းကိုင်မြို့ သို့ စစ်ဘေးရှောင်လာကြပြီး၊ မိုးကာဖြင် ဘေးပတ်လည် ကာရံကာ နေထိုင်နေရသဖြင့် မိုးရွာသွန်းပါက အခက်အခဲများစွာဖြစ်နိုင်ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့က မိုးကားနဲ့ပဲနေကြတာ။ တစ်ချို့ ထော်လာဂျီပေါ် မိုးကားနဲ့ ပတ်လည်ပိတ်ပြီးတော့ အိပ်ကြတာ။ မိုးရွာရင် အခက်ခဲရှိတာပေါ့။ သူတို့အတွက် မိုးကာတွေ လုံလောက်မှုမရှိဘူး။ အဲ့ဒါတော့ အခက်ခဲဖြစ်နေတယ်” ဟု မိုင်ကိုင်မြို့နယ် စစ်ရှောင်များကူညီပေးနေသည့် အမျိုးသားက ပြောသည်။

ထိုအပြင် စစ်ရှောင်များအထဲတွင် ကျန်းမားရေးမကောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ပါရှိသောအတွက်ကြောင့် မိုးရွာပါက ကျန်းမားရေးများကို ထိခိုက်လာနိုင်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ ခုတလောမိုးမရွာတာကံကောင်းတယ်။ စစ်ရှောင်ထဲမှာ လေဖြတ်တဲ့သူတွေလဲပါတယ်။ အသက်ကြီးတဲ့သူကော၊ ခလေးတွေကောပါနေတယ်။ ပြီးတော့ အခုက ကိုဗစ် ကာလလဲဖြစ်တယ်ဆိုတော့ တစ်ခုခုဖြစ်ရင် စိုးရိမ်းရတယ်လေ။” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သျှမ်းတပ် ၂ တပ်တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု တစ်ခုလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် စစ်ဘေးရှောင်များကို ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း ဝမ်လျန့်ဘုန်းကြီးကျောင်း၊ ဝမ်ဟွေ့ဘုန်းကြီးကျောင်း ၊ နောင်လီဘုန်းကြီးကျောင်း ၊ ကုန်နမ့်မော်၊ ဝမ်းမုန်မုန့် နှင့် စာသင်ကျောင်းတွင် ထားရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ် လွိုင်ဟွန့်တောင်ကြော တိုက်ပွဲများ ရပ်တန့်သွားသော်လည်း လက်ရှိတွင် မိုင်းကိုင်မြို့နယ် ဝမ်းဖွီဖက်တွင် တိုက်ပွဲဆက်ဖြစ်ပွားနေလျက်ရှိကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိခဲ့သည်။

ထိုအပြင် သျှမ်းတပ် ၂ တပ် ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့သည် (၄) နေရာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုမှာ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် မိုင်းကိုင်မြို့နယ် တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...