နေရပ်ပြန်ကျေးသီး စစ်ရှောင် (၂၀၀)ကျော် ထပ်မံ စစ်ပြန်ရှောင်လာရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတိုက်ပွဲငြိမ်ပြီး နေရပ်ပြန်သွားသည့် စစ်ရှောင် (၂၀၀) ကျော်သည် လက်နက်သံပြန်ကြားရသဖြင့် ထပ်မံ စစ်ရှောင်လာရကြောင်း သတင်းရရှိသည်။

ဇူလိုင်လဆန်းပိုင်းတွင် သျှမ်းတပ်(၂)တပ် တိုက်ပွဲငြိမ်သက်သွားသဖြင့် ကျေးသီးမြို့နယ် အတွင်းရောက်ရှိသည့် စစ်ရှောင်များ နေရပ်ပြန်သွားခဲ့ပြီး ဇူလိုင် (၁၇)ရက်တွင် နောင်ဝိုးဘက် လက်နက်သံပြန်ကြားသဖြင့် ဒေသခံ (၂၀၀)ကျော် ထပ်မံစစ်ရှောင်လာရကြောင်း ကျေးသီးမြို့ စစ်ရှောင်ကူညီပေးနေသည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲငြိမ်တော့ စစ်ရှောင်တွေ နေရပြန်သွားတယ်။ ဒါပေမယ့် ဇူလိုင် ၁၇ရက်မှာ နောင်ဝိုးဘက်က သူတို့ပြန်ပြီး လက်နက်သံကြားတော့(၂၀၀) ကျော် ပြန်ရောက်လာတယ်” ဟု ကျေးသီးစစ်ရှောင်များကို ကူညီပေးနေသည့် သူ တစ်ဦးကပြောသည်။

လက်ရှိကျေးသီးမြို့နယ် အတွင်း နောင်ဝိုးဘုန်းကြီးကျောင်းမှာ (၂၀၀) ဦး နှင့် လွယ်ဆိုင်ကျေးရွာ (၅၀) ကျော် နှင့် ဝမ်ပန့် ဘုန်းကြီးကျောင်းမှာ (၇၀) ကျော် ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

လက်ရှိ မှာ တိုက်ပွဲငြိမ်သက်နေပြီ ဟု SSPP တပ်ဖွဲ့မှ ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာ ဘက်ရှိ စစ်ရှောင် (၇၀၀)ကျော်ကို ပြောဆိုကာ နေရပ်သို့ ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။

“နောင်ဆွမ်းဘက်က စစ်ရှောင် (၇၀၀) ကျော်လည်း SSPP တွေ ပြန်ခိုင်းလို့ အကုန်ပြန်သွားကြပြီ။ ပြန်သွားပေမယ့် သူတို့တော့ မြေမြှပ်မှိုင်းတွေကိုတော့ စိုးရိမ်ကြတယ်လို့တော့ ပြောတယ်” ဟု စစ်ဘေးရှောင် ကော်မတီဝင် တစ်ဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတွင် တစ်လကျော်ဖြစ်ပွားသည့် သျှမ်းတပ်(၂) တပ် တိုက်ပွဲကြောင့် အရပ်သား ပြည်သူ (၂) ဦး ကျည်ထိမှန်ခြင်း၊ ဒေသခံ ပြည်သူများ နေရပ်သို့ ထောင်ဂဏန်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...