မိုင်းကိုင်မြို့ တိုက်ပွဲငြိမ်သဖြင့် စစ်ရှောင် (၂၀၀)ကျော်နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် တိုက်ပွဲငြိမ်သွားသဖြင့် စစ်ရှောင်ထဲတွင်နေရာထိုင်ခင်း ခက်ခဲမှုများစွာရှိသဖြင့် စစ်ရှောင် (၂၀၀)ကျော ်နေရပ်ပြန်သွားကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင်မြို့နယ် မိုင်ခွန်ကျေးရွာအုပ်စုတွင် သျှမ်းတပ် ၂ တပ်တိုက်ပွဲကြောင့် ပြည်သူများ ထောင်ချီထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး စစ်ရှောင်များသည် ထော်လဂျီပေါ် သို့မဟုတ် ယာယီတဲဆောက်ပြီး မိုးကာဖြင့် ကာရံကာ နေထိုင်ရန်အတွက် အခက်ခဲများစွာရှိသောကြောင့် တစ်ချို့က နေရပ်ကိုပြန်သွားခဲ့ကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

“ ဒီမှာနေရတာတော့ နေအိမ်နဲ့မတူဘူးလေ။ယာယီတဲ သာမှမဟုတ် ထော်လဂျီပေါ် မိုးကာနဲ့ကာရံပြီး နေကြတယ်လေ။ လွိုင်ဟွန်တောင်နဲ့ဝေးတဲ့သူတွေက ပြန်သွားတာ။ ကျန်တဲ့သူတွေကတော့ ၈၀၀ကျော်လည်းကျန်တယ်” ဟု မိုင်းကိုင်စစ်ဘေးရှောင် ကူညီးပေးနေသည့် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲ ၃ ရက်ငြိမ်သွားသော်လည်း စစ်ရှောင် (၈၀၀)ကျော်သည် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နေရပ်မပြန်ကြပြီး၊ တချို့ စစ်ရှောင်များသည် မိုင်းကိုင်ဘက် နေထိုင်ခက်ခဲသဖြင့် လဲချားမြို့နယ် စစ်ဘေးရှောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲက မဖြစ်တာ ၃ ရက်လောက်တော့ရှိပြီး။ တချို့တော့လဲ စိတ်မလုံခြုံလို့ မပြန်ရဲကြသေးဘူး။ တစ်ချို့တော့လည်း လဲချားမြို့နယ်ထဲ သွားတာရှိတယ်။ မိုင်းကိုယ်မြို့နယ်ထဲမှာတော့ စစ်ရှောင်တွေ ၈၀၀ ကျော်ကျန်နေသေးတယ်။” ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသားတစ်ဦး က ဆိုသည်။

မိုင်းကိုင်မြို့နယ် အတွင်း စစ်ဘေးရှောင် ၈၀၀ ကျော်ကျန်ရှိနေပြီး ၎င်းတို့သည် နောင်လီကျောင်း ၂၆၆ဦး၊ စာသင်ကျောင်း ၁၀၃ဦး၊ နောင်လိုင်းကျောင်း ၂၀၀ဦး၊ နန်းကူးပင်တွင် ၁၀၂ ဦး ကျန်ရှိနေသေးကြောင်းသိရသည်။

လက်ရှိတွင် မိုင်းကိုင်မြို့နယ်တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာများကို တွေ့ရှိလာသောကြောင့် စစ်ဘေးရှောင်များအတွက် စိတ်ပူနေရကြောင်း စစ်ဘေးရှောင်ကူညီးပေးနေသည့်သူကဆိုသည်။

ထိုအပြင် စစ်ဘေးရှောင်များအတွက် ကိုဗစ် – ၁၉ ကပ်ရောဂါကို ကာကွယ်ရန်အတွက် ပညာပေးဆရာဝန်များမရှိကြောင်း၊ ဆေးပစ္စည်းများ အပြည့်စုံမရှိထားကြောင်းသိရသည်။

“ ဟုတ်ပါတယ်။ ကျနော်တို့ စစ်ဘေးရှောင်အတွက်ပိုပြီးစိတ်ပူပေးနေရတယ်။ ကိုဗစ် ပညာပေးမဲ့ ဆရာဝန်တွေ ကလည်းမရှိဘူး။ အခုက mask (နှာခေါင်းစည်း) လက်ဆေးဆပ်ပြာ တော့ရှိတယ်။။ ဖြစ်နိုင်ရင် ကျနော်တို့ သူတို့ကို ပညာပြပေးနိုင်တဲ့ သူကို လိုချင်တယ်။” ဟု ၎င်း ကပြောသည်။

လက်ရှိတွင် ပြည်သူများက တိုက်ပွဲကို အမြန်ဆုံးရပ်စေချင်ပြီး နေရပ်ကို ပြန်ချင်နေပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သျှမ်းတပ် (၂) တပ်တိုက်ပွဲရပ်တန့်ရေးအတွက် သံဃာတော်များ၊ ပြည်သူများက အကြိမ်ကြိမ် တောင်းဆိုခဲ့ သော်လည်း သျှမ်းတပ် (၂) တပ်မှ နားထောင်ခဲ့ခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...