မိုင်းငေါ့ စစ်ရှောင် (၈၀)ခန့် စားနပ်ရိက္ခာလိုအပ်နေ

ကျောက်မဲမြို့ နယ် မိုင်းငေါ့မြို့ သို့ ရောက်ရှိနေသည့် စစ်ရှောင် (၈၀)ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ရှောင်(၈၀)သည့် စစ်ရှောင်ကော်မတီ အဖွဲ့ဝင်မှ ကောက်ယူထားသည့် စားရင်းထဲတွင်မပါဝင်သည့် သူများဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ အစောပိုင်းက ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင်း တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျောက်မဲမြို့၊ မိုင်းငေါ့မြို့ပေါ်နှင့် မြို့အနီး ကျေးရွာများ၊ ဆွေမျိုးနေအိမ်များသို့ လာရောက်ခိုလှုံနေကြရကြောင်း သိရသည်။


မိုင်းငေါ့မြို့ပေါ်နှင့် ကျေးရွာတချို့တွင် ရောက်ရှိလာသည့် စစ်ဘေးရှောင်များ (၁၀၀၀)ခန့် ရှိနေကြောင်း လတ်တလော စာရင်းအရ သိရှိရပြီး ၎င်းစာရင်းတွင် မပါဝင်သည့် စစ်ရှောင်ပြည်သူများလည်း ရှိနေသေးကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။

“မိုင်းငေါ့မြို့အနီး မန်ဟွေရွာမှာလည်း စစ်ဘေးရှောင်တွေရှိနေတယ်၊ အဲ့မှာရောက်နေတာ မိသားစု (၂၀)ခန့်၊ လူဦးရေ (၈၀) ခန့်ရှိမယ်၊ သူတို့က အရင်ကောက်ယူထားတဲ့ စာရင်းထဲမှာ မပါဘူး၊ အဲ့ရွာမှာ ရောက်နေတယ်ဆိုတာ ဒီရက်ပိုင်းမှ သိရတာ၊ အရင်ရက်တွေ ထောက်ပံ့ကူညီတာတွေက သူတို့အတွက် မပါဘူး၊ ခုက အကူညီလိုနေတယ် ဆိုပြီး ပြောလာတယ်” ဟု ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ စိုင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် တော့ဆန်ကျေးရွာအုပ်စု ဟိန်းဝိုးကျေးရွာဒေသခံများဖြစ်ပြီး ကျန်းမာရေးမကောင်းသည့် ဟိန်းဝိုးကျောင်းတိုက် ဆရာတော်လည်း ပါဝင်ကြောင်း၊ စောင်နှင့် အစားအသောက်များလိုအပ်နေကြောင်း ၎င်းပြောပြချက်အရ သိရသည်။

မိုင်းငေါ့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ (၁၀၀)ကျော်ရှိနေပြီး နှစ်ခန်းတွဲအိမ်သာ တစ်ခုသာရှိသည့်အတွက် အိမ်သာအသစ် ထပ်မံဆောက်လုပ်နေရကြောင်း၊ ထို့အပြင် မီးမရရှိသည့် နေရာများအတွက် မီးစက်လိုအပ်နေကြောင်းစိုင်းလျှန်းဟန်က ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုင်းငေါ့မြို့တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူတချို့ အခြားနေရာသို့ ပြောင်းရွှေ့သွားပြီး စစ်ဘေးရှောင် (၅၀၀)ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
“ကားတွေ၊ ထော်လာဂျီတွေနဲ့ အုပ်စုလိုက် ထွက်သွားတာတွေ့တယ်။ တချို့ကကျောက်မဲဘက်ကို ထွက်သွားကြတာ၊ တချို့က သူတို့ ရွာဘက်ကို ပြန်သွားတာ၊ ရွာဘက် အခြေနေ သွားကြည့်ကြတာလားတော့ မသိဘူး။ ခုရက်ပိုင်း ပစ်ခတ်သံတွေက မကြာမကြာ ကြားနေရသေးတော့ သူတို့တွေ ရွာပြန်နေဦးမှာတော့ မဟုတ်ဘူး” ဟု မိုင်းငေါ့မြို့နေ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်များရောက်ရှိနေသည့် မိုင်းငေါ့မြို့တွင် ကိုဗစ်အတည်ပြုလူနာ (၂)ဦးရှိပြီး ၎င်းနှင့် အနီးဆုံးဖြစ်သည့် ကျောက်မဲမြို့တွင်လည်း ကိုဗစ်ကူးစက်လူနာ မြင့်တက်နေသည့်အတွက် စစ်ရှောင်စခန်းများသို့ ကိုဗစ်ကူးစက်ပျံ့နှံ့မှာကိုလည်း စိုးရိမ်နေကြသည်။

ကျောက်မဲမြို့နယ် တော့ဆန်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းက တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယခု လဝက်ကျော်ပြီဖြစ်သော်လည်း သေနတ်သံနှင့် ဗုံးသံများ မကြာခဏ ကြားနေရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...