စစ်ရှောင်
ကျောက်မဲမြို့နယ် စစ်ရှောင် တထောင်နီးပါး အခက်အခဲများစွာ ကြုံတွေ့
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန်ခဲ (ခန်ခိုင်း) ကျေးရွာအုပ်စု အတွင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၇၀၀) ကျော် ခက်ခဲမှုများစွာ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် (၂၀၀)ကျော်နှင့် တောင်ထိပ်ကျေးရွာတွင် (၅၀၀)ကျော် ခိုလှုံနေရကြောင်းသိရသည်။ လက်ရှိ အချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးသဖြင့်...
သီပေါတိုက်ပွဲကြား စစ်ရှောင်တဉီး မီးဖွား
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ရင်းအမျိုးသမီးတဦး ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။ စစ်ရှောင်လာရင်း မွေးဖွားလာသည့်ကလေးငယ် (ဓာတ်ပုံ Lao Main Hsipaw) ယမန်နေ့ ဇူလိုင်၂၂ ရက်က သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား တွင်သျှမ်းပြည်တိုးတက်ရေးပါတီ၊...
မိုင်းကိုင် စစ်ရှောင်တဦး ကျပ် ၂၁၀၀ သာ သျှမ်းပြည် အစိုးရကူညီ
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေစဉ် နေအိမ်၊ ဈေးဆိုင်များဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်းပေါင်းရာချီဆုံးရှုံးခဲ့သည့် စစ်ရှောင်ပြည်သူများအား သျှမ်းပြည် အစိုးရ က တဦးလျှင် ကျပ်ငွေ ၂၁၀၀ ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ...
ကျေးသီးမြို့နယ် စစ်ရှောင် ၂၆၀ ကျော် လက်ရှိ အချိန်ထိ နေရပ်မပြန်သေး
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော် ၃ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် သျှမ်းပြည် တောင်ပိုင်း ကျေးသီးတွင် စစ်ဘေးရှောင် ၂၆၀ ကျော် ရောက်လာကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာ အုပ်စု ဖတ်နမ်ရွာ ဘုန်းကြီးကျောင်းတွင် တိုက်ပွဲကြောင့်စစ်ရှောင်...
လားရှိုးမန်ဆူ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ကျော် ရောက်ရှိတိမ်းရှောင်နေ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ မန်ဆူ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ) ည ၄နာရီတွင် စစ်ရှောင် ၅၀၀ကျော် ရောက်ရှိလာကြောင်း သတင်းရရှိသည်။ လက်ရှိ လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူများသည် လွယ်တောက်ကျေးရွာ၊ ပန်ဟုန်းကျေးရွာ မှ ပြည်သူများဖြစ်ကြပြီး ထိုသူများသည်...
လားရှိုး အီနိုင်းကျေးရွာရောက် စစ်ရှောင်များ အစားအသောက် လိုအပ်နေ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာ တွင် စစ်ရှောင် ၅၄၀ ကျော် အတွက် အစားအသောက်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၁၆ ရက် မနက် ၉ နာရီ က လက်နက်သံများကြားရသဖြင့် ပန်ဟုန်း၊ မန်ပြိန်း၊ လွယ်တောက်ကျေးရွာနှင့် နမ္မတူမြို့နယ် နမ့်ကက်...
တိုက်ပွဲ ထပ်မံဖြစ်မည်ကို စိုးရိမ်စိတ်ဖြင့် ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်များရောက်လာ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ ယမန်နေ့(ဒီဇင်ဘာ ၇) ရက် တွင် စစ်ရှောင် များ ရောက်လာကြောင်း သတင်းရရှိသည်။ အဆိုပါ ရောက်လာသည့် စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာ မှ ဒေသခံများဖြစ်ပြီး၊ လူဦးရေ ၈၀ ကျော်ရှိကြောင်း လက်ရှိမှာ ကျောက်မဲမြို့ပေါ်ရှိ ဆွေမျိုးများအိမ်တွင် နေထိုင်ကြောင်း...
နမ့်ဆန်မြို့နယ် စစ်ရှောင် ပြည်သူများ စားနိပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရ
သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် အတွင်း နိုဝင်ဘာ ၁၁ရက်နေ့မှ စတင်ကာ ယနေ့ ထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် ၁ထောင်ကျော်...
နမ့်ဆန်မြို့နယ် အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါး စစ်ရှောင် ၁ ထောင်ကျော်ရှိလာ
သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ရှောင်များ ၁ထောင်ကျော် ရှိလာကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့ တပ်မတော်တို့သည် နိုဝင်ဘာ ၁၁ရက်နေ့ မှစတင်ကာ ယနေ့တိုင် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။ “...
ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော် တို့ ယခုလအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးရာ ဒေသခံ ပြည်သူလူထု စစ်ဘေးတိမ်ရှောင်နေရသည်။ တိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၅ ရက်က ကျောက်မဲမြို့နယ် ကွန်ကော်၊ တော့ဖယ်နှင့် အုံအွီးကျေးရွာ မှ...