မိုင်းကိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ ဝါးတားဂိတ် ပြုလုပ်ပြီး စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့်ကြား စစ်ကောင်စီဘက်မှ ဝါးတားဂိတ် (၂)နေရာ ထပ်မံ ပြုလုပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတို့ လာလုပ်ထားသည့် ဝါးတားဂိတ်များမှာ မိုင်းကိုင်မြို့ ရပ်ကွက်(၆) လွယ်လိုင် အောင်မင်္ဂလာကျောင်းတိုက်ရှေ့တွင် တစ်နေရာရှိပြီး ဒေသအခေါ် လွယ်မော (ကတ်ဖွီးကျေးရွာ) သွားသည့်ဘက်တွင် တစ်နေရာ ဖြစ်ကြောင်း သိရသည်။

“လွယ်လိုင် ထဲမှာပဲ (၂)နေရာစလုံး လာလုပ်ထားတယ်။ အသွားအလာကို မေးတယ်။ ဖုန်းတွေ ကားတွေတော့ မစစ်ဘူး။ ဒီလို နိုင်ငံရေး ရှုပ်ထွေးနေချိန် သူတို့ ဂိတ်တွေ လာလုပ်ထားတော့ စိုးရိမ်ရတယ်” လို့ မိုင်းကိုင်မြို့နယ် လွယ်လိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၁)ရက်နေ့ထိ စစ်ကောင်စီတို့သည် စစ်ရှောင်စခန်းတွင်သာ လာရောက်စခန်းချထားခဲ့တာဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ (၁၆)ရက်က စတင်ထားရှိတာဖြစ်ကြောင်း သိရသည်။

“သူတို့ စစ်ရှောင်တွေနဲ့ အတူလာပြီး စခန်းချကတည်းက ပြန်မလာတော့ပဲ ဂိတ် လုပ်လိုက်တာထင်တယ်။ ဘယ်လိုလာမလဲတော့ မသိရသေးဘူး။ ခုမှ စလုပ်တယ်ဆိုတော့” ဟု လွယ်လိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲများကြောင့် ဒေသခံ (၂၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

“တိုက်ပွဲမဖြစ်တဲ့ နေရာတွေတော့ ပြန်သွားကြတဲ့သူတွေရှိသလို တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ကြိုပြီး တိမ်းရှောင်လာတဲ့ သူတွေလည်း ရှိတယ်။ နေ့တိုင်းတော့ ပြန်တဲ့သူ ရှိသလို လာတဲ့သူတွေလည်း ရှိတယ်” ဟု ၎င်း အမျိုးသားက ပြောသည်။

မိုင်းကိုင်မြို့တွင် လက်ရှိအချိန်ထိ စစ်ရှောင် (၃၀၀၀)နီးပါးရှိပြီး စားနပ်ရိက္ခာ၊ အနွေးထည်များနှင့် တဲ ပြုလုပ်ရန်အတွက် မိုးကာများ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...