စစ်ကော်မရှင်
တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲပေးလက်မှတ် မရှိလျှင် ကျောင်းတက်ခွင့်မရ
စစ်ကော်မရှင် လက်အောက်တွင် ဖွင့်လှစ်ထားသည့် တက္ကသိုလ်တက်ရောက်သည့်သူများ ကြိုတင်မဲပေး လက်မှတ်မရှိလျှင် တက်ခွင့်မရကြောင်း သတင်းရရှိသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမသုတ်၌ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နှင့် ကရင်နီပြည်မှ လွိုင်ကော်မြို့တို့ ပါဝင်သည်။ ပြီးခဲ့သည့် နိုင်ဝင်ဘာလ ပထမပတ်တွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးမှ...
လားရှိုးတွင်သူခိုးဟု စွပ်စွဲခံရပြီး အသက်သေဆုံးထိ ရိုက်နှက်
စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ထားသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမျိုးသားတစ်ဉီးကို သူခိုးဟု စွပ်စွဲဖမ်းဆီး စစ်ဆေးကာ အသက်သေဆုံးထိ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုစစ်ဆေးမှုဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်သည် ပြီးခဲ့သော နိုဝင်ဘာ ၁၆ရက် တွင် လားရှိုးမြို့တွင်း သူခိုးများသောင်းကျန်းနေသည်ဟုဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ ပူးပေါင်း ဖမ်းဆီးရာ...
ရွာငံဒေသခံများကို ရွေးကောက်ပွဲထောက်ခံပွဲ အင်အားပြရန် USDP စည်းရုံးဖိအားပေးနေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင် ဦးစီးပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း အင်အားပြပွဲ ပြုလုပ်ရန် USDP ကြံ့ခိုင်ရေးပါတီဝင်များက ဒေသခံများကို လိုက်လံစည်းရုံး နေကြောင်း သတင်းရရှိသည်။
ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။
နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား
သျှမ်းပြည် မြောက်ပိုင်း နမ့်လန် - ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။ “နမ့်လန်...
ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...
စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာငံဒေသခံ ၇ဦး ပြန်မလွှတ်သေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တွင် စစ်ကော်မရှင် က ဖမ်ဆီးခေါ်ဆောင်သွားသော ဒေသခံ ၇ဦးကို ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင် ဖမ်းဆီးသွားသည့် ရွာငံမြို့နယ်တွင်နေထိုသည့် ဒေသခံ (၇)ဦးသည် အောက်တိုဘာလလယ်တွင် ဒေသခံ (၅)ဦး နှင့် နိုဝင်ဘာလ ပထမပတ်တွင် ဒေသခံ (၂)ဦး ဖြစ်ကြပြီး၊...
ဓာတ်ပုံဟောင်းကိုသုံးပြီး TNLA မှ စစ်ကိုင်းသို့ ပေးပို့သည့်လက်နက်များ ဖမ်းမိဆိုသည့် သတင်းမှား
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ ဖမ်းမိကြောင်း ဓာတ်ပုံတစ်ပုံဖြင့် ဖြန့်ချိနေပါသည်။ အဆိုပါအကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာတစ်ဖြစ်သည့် “ဘကြီးအောင် ပြန်လာပြီ” ဟု အမည်ပေးထားသော အကောင့်တစ်ခုတွင် ဖြန့်ချိခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ Reaction ပြုလုပ်သူ ၇၁၆ ဦး၊...
အတုအယောင် ရွေးကောက်ပွဲအပေါ် မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုအခိုင်အမာ ရရှိထားဟု စစ်ကော်မရှင်ပြော
SHAN -
စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနေသော နိုင်ငံတကာ တုံ့ပြန်မှုများ ရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများကတော့ အခိုင်အမာ ရရှိထားပြီးဖြစ်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ မြန်မာအလင်းသတင်းစာမှတစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့...
ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက်...






