Wednesday, January 28, 2026

စစ်ကော်မရှင်

မိုးကုတ်မြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ အရပ်သားထိခိုက်မှုရှိ

သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ( အောက်တိုဘာလ ၁ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးသို့ သွားသည့် လမ်းဘက်သို့...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ရွာငံ စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်က အင်အား ၂၀၀ ကျော်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၃၀ ကျော်အမျိုးသမီး...

ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ ရွားသားများကို ရိုက်နှက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုနှင့် အလယ်ချောင်ကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်က အင်အား (၁၀၀) ဝန်းကျင်ဖြင့် ယခုရက်ပိုင်း၌ စစ်ကြောင်းထိုးလာနေပြီး ကျေးရွာအတွင်း ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်မှစ၍ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုထဲကို စစ်ကော်မရှင်တပ်သည် မြေပြင် အင်အား (၁၀၀)...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

လားရှိုးမြို့ထဲ စစ်ကော်မရှင်တပ်နှင့် MNDAA ထပ်မံတွေ့ဆုံဆွေးနွေး

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA လုံခြုံရေးယာဉ်တန်းများ ဝင်ရောက်လာပြီး ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA...

မိုင်းပွန်မြို့ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ကားများ သိမ်းဆည်း

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ စစ်ဆေးရေးဂိတ်တွင် နိုင်ငံခြားကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်နေပြီး လိုင်စင်မဲ့ကားများကိုပါ သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေးဂိတ်သည် နိုင်ငံခြားကုန်ပစ္စည်း စစ်ဆေးမှုများ ပိုမို တင်းကြပ်လာကာ လိုင်စင်မဲ့...

မိုင်းခွဲဖျက်ဆီးခံထားရသည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင် ပြင်ဆင်၊ ဒေသခံများကို လုပ်အားပေးခိုင်း

သျှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား၏ မိုင်းခွဲဖျက်ဆီးခံထားရသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် စစ်ကော်မရှင် ဝန်ကြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဉီးသည် နောင်ချိုမြို့သို့ ရောက်ရှိလာပြီး နောင်ချိုဘူတာမှတဆင့်...

အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထိုင်းထီနှင့်ကုန်ပစ္စည်းများ ရောင်ဝယ်သူနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ဟုဆိုကာ လူ ၃ ဦးကို ဖမ်းဆီး

အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထိုင်းထီနှင့်ကုန်ပစ္စည်းများ ရောင်းဝယ်၍ အကြမ်ဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိသော CDM ဝန်ထမ်းတစ်ဦးနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သည်ဟုဆိုကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်သူများနှင့် ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေးကြေး လိမ်လည်ခြင်း၊ တရားမဝင်ထိုင်းထီနှင့် တရားမဝင်စီးပွားရေး လုပ်ငန်များလုပ်ကိုင်ပြီး...

Latest news