တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲပေးလက်မှတ် မရှိလျှင် ကျောင်းတက်ခွင့်မရ

စစ်ကော်မရှင် လက်အောက်တွင် ဖွင့်လှစ်ထားသည့် တက္ကသိုလ်တက်ရောက်သည့်သူများ ကြိုတင်မဲပေး လက်မှတ်မရှိလျှင် တက်ခွင့်မရကြောင်း သတင်းရရှိသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမသုတ်၌ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နှင့် ကရင်နီပြည်မှ လွိုင်ကော်မြို့တို့ ပါဝင်သည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလ ပထမပတ်တွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးမှ နမ့်စန်မြို့မှ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်မဲထည့်ကြရန် ရပ်ကွက်အတင်း လိုက်လံဆော်ဩပြီး မဲထည့်ခိုင်းရာ နိုင်ဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်အတွင်း ကြိုတင်မဲထည့်သူ ၁၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

ထိုကျောင်းသား၊ ကျောင်းသူများ မဲမထည့်လျှင် တက္ကသိုလ်တက်ခွင့်မရှိကြောင်းနှင့် မဲလက်မှတ်ရှိမှ ကျောင်းအပ်ရမည်ဆိုသောကြောင့် ကျောင်းသား၊ ကျောင်းသူများ မဲပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။

“သွားမထည့်လို့ မရဘူး တကယ်လို့ မဲမထည့်ဘူးဆိုရင် ကျောင်းတက်လို့မရဘူး။ မဲထည့်ရင် သူတို့က ထောက်ခံစာပေးလာတယ်။ အဲထောက်ခံစာက ကျောင်းတက်ဖို့ အရေးပါတယ်။ မထည့်ချင်လည်း ထည့်ရတယ်။ ဘယ်ပါတီ ထည့်လို့ ထည့်ရမှန်း မသိဘူး တွေ့တဲ့ ပါတီကောက်ထည့်ခဲ့တာ။”ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တက္ကသိုလ်ကျောင်းသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် နမ့်စန်မြို့တွင် စစ်ကော်မရှင်တပ်၊ SSS တပ်၊ နားရိုင်း ပြည်သူ့စစ်၊ မတ်ကျန်း ပြည်သူ့စစ် စသည့် စစ်ကော်မရှင် လက်အောက်ခံတပ်များ ရှိပြီး ဒေသခံ အများစုသည် စစ်တပ်ထောက်ခံကြသည့် မြို့ဖြစ်သည်။

အလားတူ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှ စပြီး လွိုင်ကော် ပညာရေးဒီဂရီ ကောလိပ်ကို စတင်ဖွင့်လှစ်သင်ကြားနေပြီး အဆိုပါ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် မဲမထည့်လျှင် ကျောင်းတက်ခွင့် မရကြောင်း ကျောင်းသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တက္ကသိုလ် ပြန်ဖွင့်တာ မကြာသေးဘူး။ ကျောင်းတက်နေတဲ့ သူတွေကို မဲထည့်ရမယ်တဲ့ မထည့်ရင် ကျောင်းဆက်တက်ဖို့ အဆင်မပြေဘူးတဲ့၊ တက်ခွင့်မရမှာစိုးလို့ မဲထည့်လိုက်တယ်။ ဘာထည့်ထည့် သူတို့ နိုင်မှာပဲကို။” ဟု အဆိုပါ ကျောင်းသားက ပြောသည်။

လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွိုင်ကော်တက္ကသိုလ်ကို ပိတ်ထားခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် သျှမ်းတောင် မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ လက်လွှတ်ခဲ့ရပြီးနောက် လွိုင်ကော်မြို့အပါဝင် မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ပြီး ၂နှစ် ဆက်တိုက်ပိတ်ထားခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ပထပတ်တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း ရှိ တက္ကသိုလ်ကျောင်းသား ၂၈၀၀၀ ကျော် ကြိုတင်မဲပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...