စစ်ကောင်စီ
မူဆယ်မြို့တွင် စစ်ကောင်စီ ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ ကိုဗစ်ပိုးကူးစက်ခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း မြန်မာ - တရုတ် နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ နယ်စပ်ကုန်သွယ်ရေးညွှန်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးနှင့် ၎င်းတို့၏မိသားစုဝင်များ အပါအဝင် ကိုဗစ် - ၁၉ ရောဂါ ပိုးကူးစက်ခံရကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင်...
စစ်ကောင်စီ လက်ထက် တောင်ကြီးမြို့သန်းရှင်းရေးအပိုင်း ဆိုးရွားလာ
SHAN -
သျှမ်းပြည်၏ မြို့တော် ဖြစ်သည့်အပြင် အလှပဆုံး နှင့် အသန့်ရှင်းဆုံးဆုများ ရရှိထားသည့်တောင်ကြီး မြို့တွင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် မြို့သန့်ရှင်းရေးအပိုင်း လုပ်ဆောင်မှုများ ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက် မြို့သာယာလှပရေးအတွက် တာဝန်ယူထားသည့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ထိရောက်သောာ စီမံခန့်ခွဲမှုများ...
တောင်ကြီးမြို့ လူငယ်(၂)ဦးကို စစ်ကောင်စီက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
တောင်ကြီးမြို့ တွင် ယမန်နေ့ (ဇူလိုင် ၅)ရက် ည (၈)နာရီဝန်းကျင်တွင် စစ်ကောင်စီ အုပ်စုမှ လူငယ် (၂)ဦးကို စစ်ဆေးမှုပြုလုပ်ကာ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ည (၈)နာရီကျော်တွင် တွင် တောင်ကြီးမြို့ ကံသာရပ် နိဗ္ဗာန်လမ်းဆုံအနီးတွင် စစ်ကောင်စီ မှ ဆိုင်ကယ်စီးလာသည့်...
စစ်ကောင်စီမှ ဖမ်းဆီးထားသည့် သျှမ်းပြည်သတင်းသမားများ ပြန်မလွှတ်သေး
SHAN -
အာဏာသိမ်းစစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့်သူများကို ယမန်နေ့ (ဇွန် ၃၀)ရက်တွင် ပြန်လွှတ်ပေးရာ သျှမ်းပြည်သတင်းသမားများ(၅)ဦး မပါကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတို့၏ မတရားဖမ်းဆီးခံရမှုမှ လွှတ်မြောက်လာသော သတင်း သမားများမှာ- ရန်ကုန်မြို့ အင်းစိန်ထောင်မှ (၆) ဦး၊ ဧရာဝတီတိုင်းအတွင်းမှ(၃)ဦးနှင့် မန္တလေး အိုးဘိုထောင်မှ...
မိုင်းယော် မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်
SHAN -
သျှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်တပ်စခန်း အနီး စစ်ကောင်စီ မှ စစ်အင်အား (၁၀၀)ကျော် အင်အားလာဖြည့်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် ၂၆ရက် တွင် စစ်ကောင်စီ ၏ တပ်မ ၉၉ မှ စစ်အင်အား (၁၀၀)ကျော် သည် လားရှိုးမြို့နယ် မိုင်းယော်ဒေသ...
မိုင်းနောင်- ကျေးသီး ပြည်ထောင်စုလမ်းမကြီး ကားသွားလာမှု ပိတ်ထား
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင် - ကျေးသီး ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ တပ်သားများက ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန် ၃၀)ရက် မနက် ၈ နာရီတွင် မိုင်းနောင်-မိုင်းနန်း-ကျေးသီး ပြည်ထောင်စုကားလမ်းမကြီးကို တပ်မ ၉၉ မှ တပ်သားများက လာရောက်ပိတ်ဆို့ထားပြီး လာသမျှ ယာဉ်များကို...
ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ် ဘိန်းဖြူမိ၊ စစ်ကောင်စီ မှ ဖုံးကွယ်ရန် ကြိုးစား
SHAN -
သျှမ်းပြည် တောင်ပိုင်း ၊ ကလောမြို့နယ်၊ ရေယားဂိတ်၌ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံခိုင်ရေးပါတီ) မှတည်ထောင်ထားသည့် လူမှုကူညီရေးအသင်းယာဉ်ပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီမှ သတင်းကို ဖုံးကွယ်ရန် ကြိုးစားနေကြာင်းသိရသည်။ ဇွန် ၂၄ရက် ညနေပိုင်းတွင် သျှမ်းတောင် နမ့်စန်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီမှ တည်ထောင် ထားသည့် တောင်တန်းလူငယ် လူမှုကူညီရေးအသင်း၏ ယာဉ်ပေါ်မှတစ်ထုပ်လျှင်(၁)ကီလိုပါ...
ပင်လုံမြို့သို့လာသည့် အမျိုးသမီး (၃) ဦး စစ်ကောင်စီလိုက်လံဖမ်းဆီးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မှ ပင်လုံမြို့သို့ လာရောက်သည့် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီမှ လိုက်လံရှာဖွေဖမ်းဆီး နေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ မှ ပင်လုံမြို့သို့ လာသည့် အမျိုးသမီး (၃)ဦးကို စစ်ကောင်စီ မှ ယမန့်နေ ဇွန် ၂၃ ရက်တွင် ပင်လုံမြို့တွင်းရှိသည့်...
စစ်ကောင်စီ မှ သေနတ်ပစ်သတ်လိုက်သည့် သီပေါလူငယ်တွင် ရက်သား ကလေးကျန်ခဲ့
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် ယမန်နေ့ (ဇွန် ၂၃)ရက် ည (၉ )နာရီ ဝန်းကျင်တွင် စစ်ကောင်စီ လက်ချက်ဖြင့် အရပ်သား(၁)ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ မွေးကင်စ ရက်သားကလေး ကျန်ခဲ့ကြောင်း စုံစမ်းသိရသည်။ သီပေါမြို့ မြန်မာရပ် ရပ်ကွက်ရုံးရှေ့တွင် ယမန့်နေ့ ည ၉ နာရီဝန်းကျင်တွင်...
တောင်ကြီးမြို့ရပ်ကွက်တချို့ စစ်ကောင်စီ မှ စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ
SHAN -
တောင်ကြီးမြို့ပေါ် ရှိရပ်ကွက် တစ်ချို့ကို စစ်ကောင်စီ အုပ်စုက လူနေအိမ်များထဲ မီးထိုးရှာဖွေမှုများ ၊ဝင်ရောက်ဖမ်းဆီးမှုများ ၊ လမ်းစုံများတွင် ယာဉ်များတားကာ ပစ္စည်းရှာဖွေမှုများ ရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံများထံမှသည် ။ " မနေ့ညက ဝါးပြားမြောက်ရွာမှာ အိမ်စီးကား၆ စီးနဲ့ မဟာစည် လမ်းဖက်ကလာပြီး အိမ်တွေထဲထိ ဆလိုက်မီးတွေထိုးပြီးရှာနေကြတာ...





