CDM ကျန်းမာရေးဝန်ထမ်း များကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို နည်းမျိုးစုံ ပေးနေသည့် လုပ်ဆောင်ပေးနေသည့် CDM ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီ လိုက်လံရှာဖွေနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ ကိုဗစ် -၁၉ တတိယလှိုင်းတွင် ပြည်သူအများအပြားကူးစက်ခံနေရပြီး၊ သေဆုံးမှုနှုန်းမြင့်တက်လာသည့် အလျောက် CDMကျန်းမာရေးဝန်ထမ်းများသည် မိမိသက်နိုင်သည့်ဘက်မှ ပြည်သူ့ကျန်းမာရေး ကို စောင့်ရှောက်မှုပြုလုပ်နေသော်လည်း စစ်ကောင်စီ အုပ်စုက CDM ကျန်းမာရေးဝန်ထမ်းများကို လိုက်လံဖမ်းဆီးမှု များ၊တားဆီးပိတ်ပင်မှုများပြုလုပ်နေကြောင်း သိရသည်။

“သူတို့လက်အောက်မှာမလုပ်ချင်တာကို အပစ်တဲ့၊ မလုပ်ချင်လို့ မလုပ်တာလေ၊ အခု CDM ကျန်းမာရေး ဝန်ထမ်းတွေက ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောင်ပေးနေတာကို လည်း ရာဇဝတ်သားတွေလို လိုက်ဖမ်းပြီးတော့ လိုက်တားဆီးပိတ်ပင်နေတာ” ဟု တောင်ကြီး CDM လုပ်နေသည့် သူနာပြုတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်ထက်တွင် မြန်မာတဝှမ်းလုံး နည်းတူ သျှမ်းပြည်တွင်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူနေ့စဉ်မြင့်တက်လာပြီး ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာကာ ကိုဗစ်-၁၉ လူနာများ မိမိနေအိမ်တွင်သာ ဆေးကုသခံယူနေရကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီ ဘက်မှလည်း အောက်စီဂျင်လိုအပ်သည့် ကိုဗစ်-၁၉ များ အောက်စီဂျင်မရရှိနိုင်အောင် နည်းမျိုးစုံ ပိတ်ပင် တားဆီးမှုပြုလုပ်နေသည်။

သို့သော် CDM ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများ က ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာများကို ဖုန်းဖြင့်သော်လည်း အွန်လိုင်းဖြင့်သော်လည်း လိုအပ်ပါက နေအိမ်ထိ လိုက်လံ ကြည့်ရှုမှုပြုလုပ်ပေးနေကြောင်း လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဒေသခံများကပြောသည်။

“ ကျမတို့ အခုCDM လုပ်နေပေမယ့် လူနာတွေကို ဒီတိုင်းမထားပါဘူး။ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ ကြည့်ပေးနေပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ ကျမတို့ကို လိုက်နှောက်ယှက်နေတယ်။ ဆေးကုလို့မရအောင်လုပ်တယ်” ဟု CDM ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး တစ်ဦးက ဆိုသည်။

စစ်အာဏာရှင် စနစ်ကို မလိုလားသည့်အတွက် စစ်တပ်လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း၊ သို့သော် စစ်ကောင်စီ အုပ်စု တားဆီးပိတ်ပင်မှုကြား ပြည်သူ့ကျန်းမာရေးကို နည်းမျိုးစုံ စောင့်ရှောက်သွားမည် ဟု သူမက ပြောသည်။

စစ်ကောင်စီ အုပ်စု မှ CDM ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများကို ဆေးရုံသို့ ပြန်လည်အလုပ်လာလုပ်ရန် နည်းမျိုးစုံ ပြောဆိုခဲ့သော်လည်း CDM ဝန်ထမ်းများက စစ်ကောင်စီ အနေဖြင့် စစ်တန်းလျားတွင် ပြန်ကြပြီး၊ စစ်တပ်တာဝန်ထမ်းဆောင်ပြီး၊ ပြည်သူ့အာဏာကို ပြည်သူ့ထံပြန်ပေးပါက ကိုယ်တာဝန်ကျသည့် ဆေးရုံသို့ ချက်ချင်းပြန်မည်ဟုလည်း ဆရာဝန်များက ပြောဆိုလိုက်သည်။

“ ကျန်းမာရေးဝန်ထမ်းတွေ ကျန်းမာရေး ဌာနကို ပြန်လာစေချင်ရင် စစ်ကောင်စီလည်း စစ်တပ်၊စစ်တန်းလျား အရင်ပြန်စေချင်တယ်။ စစ်တပ်က ချက်ချင်းအာဏာလွှဲရင်ကျမတို့လည်း ချက်ချင်း အလုပ်ပြန်ဝင်မယ်” ဟု သျှမ်းမြောက် မှ သူနာပြု ဆရာမတစ်ဦးက ဆိုသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် တစ်နိုင်ငံလုံးရှိ ပြည့်သူ့ဝန်ထမ်းတချို့သည် သက်ဆိုင်ရာ ကိုယ့်ဌာနအလိုက် CDM လုပ်ဆောင်သည့်ဝန်ထမ်းဌာနများအနက် ကျန်းမာရေးဝန်ထမ်းဌာနသည် CDM လုပ်ဆောင်မှုတွင် ပါဝင်မှုအများဆုံး ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...