စစ်ကောင်စီ
ပင်လောင်းရောက် စစ်ရှောင် သောက်သုံးရေ ခက်ခဲ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က စစ်ရှောင်များ သောက်သုံးရေ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သောက်သုံးရေ ခက်ခဲနေသည့် စစ်ရှောင်များသည် စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ အလှူရှင်များ လျော့ပါးလာကြောင်း စစ်ရှောင်များကို ကူညီပေးသူ အသက် (၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။ “တချို့နေရာတွေလည်း အလှူရှင်ရှိတယ်။ တချို့နေရာ အလှူရှင်မရှိတော့ ခက်ခဲတယ်။တချို့လဲ ဝယ်သုံးရတယ်။...
နောင်ချိုမြို့နယ် တိုက်ပွဲ ၂ရက်ဆက်တိုက်ဖြစ်၊ စစ်ကောင်စီတပ် အများအပြားသေဆုံး
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အမှတ် (၅၀၉) တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။ အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်...
မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...
တပ်သိမ်းမြေ ၈၀၀ ဧက ပြန်ရရန် ပြည်သူများတောင်းဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စုအတွင်း နှင့် အနီးပတ်ဝန်းကျင်မှ တပ်သိမ်းမြေ (၈၀၀) ဧကတွင် ပြန်လုပ်ကိုင်စားသောက်ရန်အတွက် ပြည်သူများက တောင်းဆိုနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ တပ်ပိုင်မြေအဖြစ် သိမ်းယူလိုက်သည့် ဆုံကွယ်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာမှ...
နမ့်စန်မြို့ သတင်းထောက်ဟောင်း တစ်ဦးကို စစ်ကောင်စီ လာရောက်ဖမ်းဆီးသွား
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီမှ လာရောက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန်တွင် နမ့်စန်မြို့မှာ နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “အရင်ကတော့ DVB နဲ့...
နောင်ချိုမြို့နယ် Local PDF တစ်ဦး ဖမ်းဆီးခံရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် Local PDF တစ်ဦး ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီတွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီဝန်းကျင်က ကျောက်မဲမြို့ တိုးဂိတ်တွင် နောင်ချိုမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦး...
စစ်ကောင်စီက လာမည့်လဆန်းပိုင်း မှတ်ပုံတင် လိုက်စစ်ဆေးမည်ဟု ထုတ်ပြန်
မြန်မာပြည်သူများအနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့က စပြီး ခရီးသွားပါက နိုင်ငံသားကတ်(မှတ်ပုံတင်) တရားဝင်ထုတ်ထားသည့် မှတ်ပုံတင်ဖြင့်သာ အသုံးပြုရန် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ အသက် (၁၆)နှစ် နှင့် အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တမျိုးမျိုး ထုတ်ပေးရေး...
ဆီဆိုင်မြို့နယ်ရောက် ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည် (ကယား)မှ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲကြုံတွေ့နေကြောင်း သတင်းသိရသည်။ လက်ရှိ စစ်ရှောင်တချို့ နေရပ်ပြန်သွားသော်လည်း စစ်ရှောင်စခန်းများတွင် ခိုလှုံနေသည့်သူ များစွာကျန်ရှိနေသေးကြောင်း၊ အလှူရှင်များ နည်းပါးသွားသည့်အတွက် အစားအသောက်များခက်ခဲလာခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "ကျနော်တို့ ဖွင့်ထားတဲ့ စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တယ်၊ တချို့နေရာက...
ရွာငံမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှင့်အတူ မိသားစုဝင်များ ဖမ်းဆီးခံရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့်အတူ ၎င်း၏မိသားစုဝင်များကို စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆာင်သွားကြောင်း သတင်းသိရသည်။ ရွာငံမြို့နယ် အလယ်ချောင်ရွာတွင်နေထိုင်သည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏနှင့် ၎င်း၏ မိသားစုဝင်များကို ယနေ့ (မတ် ၇)ရက် အာရုဏ်ဦးအချိန်တွင် စစ်ကောင်စီဘက်မှ အင်အားအများအပြားတို့ဖြင့်...
သျှမ်း-ကရင်နီ နယ်စပ်စစ်ရှောင်များ ရေခက်ခဲမှု စတင်ကြုံနေရ
သျှမ်းပြည်တောင်ပိုင်း နှင့် အင်းလေး တောင်ပိုင်း တောင်ပေါ်ဒေသရှိ ကရင်နီပြည်မှ စစ်ဘေးရှောင်များသည် ယခုကာလအတွင်း ရေအခက်အခဲ စတင်ကြုံနေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် နွေဦးရာသီရောက်လာပြီဖြစ်သဖြင့် တောင်ပေါ်ဒေသနှင့် တွင်းရေကန်ရေများ၊ ရေချောင်းရေအိုင်များ ခမ်းခြောက်လာမှုကြောင့် ရေအခက်အခဲများဖြစ်ပေါ်နေပြီး စစ်ရှောင်များအနေဖြင့် သောက်သုံးရေများကို ဝယ်ယူသုံးစွဲနေရကြောင်း သတင်းသိရသည်။ “အရင်တုန်းက နန်းမယ်ခုံဘက်မှာ ရှောင်နေတုန်းက ဒီအခက်ခဲမရှိဘူး၊...





