ဆီဆိုင်စစ်ရှောင် သွားကူသည့် အသက် ၁၈ နှစ်အောက် အပါအဝင် လူငယ်(၆)ဦး ဖမ်းဆီး ခံရ

သျှမ်းတောင် ဆီဆိုင်မြို့ရှိ စစ်ရှောင်များကို အလှူပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည့် အသက် (၁၈)နှစ်အောက် အပါအ၀င် လူငယ်များနှင့်ကားသမား စုစုပေါင်း (၆)ဦးကို စစ်ကောင်စီအုပ်စုမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

နောင်ထော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေတဲ့ ပုံ

ထိုဖမ်းဆီးမှုသည် ပြီးခဲ့သည့် မတ် ၂၃ ရက်က ဆီဆိုင်မြို့ ရှိ စစ်ရှောင်များကို သွားရောက်ကူညီခဲ့ပြီး တောင်ကြီးသို့ ပြန်လာချိန် နောင်ထော် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်း သိရသည်။

“သွားတုန်းကလည်း အဲ့ဂိတ်ကို ဖြတ်ပြီး သွားရတာပဲ၊ အပြန်ကျမှ ဖမ်းတာ၊ ဘာကြောင့်လဲတော့ မသိဘူး၊ ၁၈ နှစ်အောက် အမျိုးသမီးတစ်ယောက်နဲ့ တခြားအမျိုးသမီးနှစ်ယောက်၊ အမျိုးသားနှစ်ယောက်အဖမ်းခံထားရတယ်၊ ကားသမားလည်း အဖမ်းခံထားရတယ်၊ အဲ့မှာက စုစုပေါင်း ၆ ယောက်ပေါ့” ဟု ဖမ်းဆီးခံထားရသူများနှင့် ဆက်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနည်းတူ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင်လည်း တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ ဆန့်ကျင်ကြောင်း ဆန္ဒပြ သပိတ်များတွင် ပါဝင်ခဲ့ဖူးသူများနှင့် စစ်ရှောင်အတွက် အလှူငွေကောက်ခံနေသူများကိုလည်း စစ်ကောင်စီ တပ်သားများက လိုက်လံဖမ်းဆီးနေကြောင်း သတင်းသိရသည်။

“တောင်ကြီးအထွေထွေသပိတ်စစ်ကြောင်းမှာ ဆန္ဒပြတုန်းက ပါဝင်ဖူးတဲ့ လူငယ်တွေ ခေါင်းဆောင်တွေကို လိုက်ရှာပြီး ဖမ်းနေလို့ ကျနော်တို့ ရှောင်နေရတယ်၊ ပြီးတော့ စစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးဖူးတဲ့ အမျိုးသမီးတစ်ဦးကိုလည်း မတ်လ ၂၂ ညမှာ ရဲကား ၄ စီးနဲ့ ဖမ်းသွားခဲ့တယ်” ဟု ရှောင်တိမ်းနေရသည့် တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများ မရှိသော်လည်း အာဏာသိမ်းခါက စစ်ကောင်စီဆန့်ကျင်ကြောင်းဆန္ဒပြ သပိတ်များတွင် ပါဝင်ဖူးသည့် လူငယ်အယောက်၂၀ ကျော် ဖမ်းဆီးခံထားရပြီး ကျန်နေသည့် လူငယ်များအနေဖြင့် တိမ်းရှောင်သင့်ကြောင်း အထက်ပါ လူငယ်က ဆက်ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် PNA များနှင့် ပူးပေါင်းပြီး လူငယ်များကို ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်သည့်အပြင် ယနေ့ မတ်လ ၂၅ ရက်နေ့တွင်လည်း တောင်ကြီးမြို့ ၏ အထင်ကရနှင့် လမ်းကြိုလမ်းကြား နေရာများတွင် PNA စစ်သားနှင့် စစ်ကောင်စီစစ်သားများက စောင့်ကြပ်စစ်ဆေးနေကြောင်း သိရသည်။

လာမည့် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အတွက် လုံခြုံရေးပိုမိုတင်းကြပ်ထားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...