Wednesday, February 4, 2026

စစ်ကောင်စီ

ရေကြီးဒဏ်ကြောင့် စားဝတ်နေရေးခက်ခဲနေသည့် နားဟိုင်းလုံ

မိုးတွင်းကာလရောက်လာတိုင်း ရေကြီးမှုဒဏ်ကို နှစ်စဥ်ခံစားနေရသည့် နားဟိုင်းလုံကျေးရွာသည် ယခုနှစ်တွင် စားဝတ်နေရေး ပိုပြီးခက်ခဲလာသည်။ နားဟိုင်းလုံကျေးရွာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ် မိုင်းလင်းကျေးရွာအုပ်စု အတွင်းတည်ရှိပြီး၊ ထိုကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုကို ပြုလုပ်လာကြသည့်အတွက် တောတောင်ပြုန်းတီးမှုများ ဖြစ်လာသည်။ ထို့ကြောင့် ယခုမိုးတွင်းကာလရောက်တိုင်း ရေကြီးမှုဒဏ်နှင့်အတူ ရွှံ့၊သဲ၊ နုန်း...

လဲချားမြို့နယ် ပစ်ခတ်သံများကြားရ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း ယနေ့ (ဇူလိုင် ၂၁) ရက် နေ့လည်ပိုင်းတွင် ပစ်ခတ်သံများ ကြားရပြီး ဒေသခံပြည်သူများက စိုးရိမ် ထိတ်လန့်နေကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင် ၂၁) ရက် နေ့လည် ၁၁ နာရီကျော်တွင် လဲချားမြို့ လွယ်ထီကျေးရွာအုပ်စု ဆလိုင်းခုံကျေးရွာ အနီးတွင်...

မိုးဗြဲဒေသခံ အမျိုးသားတစ်ဦး လွိုင်ကော် ဆေးရုံ အပြန်လမ်းပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦး လွိုင်ကော် ဆေးရုံသို့သွားပြပြီး အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အသက် (၂၅) နှစ်အရွယ်ရှိ ခွန်လေး သည် အဆုတ်ရေဝင်၍ ဆေးရုံရက်ချိန်းသွားပြပြီး တည်းခိုခန်းသို့ ပြန်လာစဥ် လမ်းတွင် ပျောက်ဆုံးသွားကြောင်း...

တောင်ကြီး မီးဖိုချောင်သုံး Gas စတင်ပြတ်လပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးဖိုချောင်သုံး (ဂက်စ်) များ ဖြည့်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ ယခုကာလတွင် မီးဖိုချောင်သုံး (ဂက်စ်) ဘူးသေးများမှာ ဆိုင်များ၌ စတင်ပြတ်လပ်နေပြီး (ဂက်စ်) အိုးကြီးများမှာလည်း ဝယ်ယူရန်ခက်ခဲလာကြောင်း တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဂက်စ်...

ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာအကူအညီများလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နှင့် သျှမ်းပြည်တောပိုင်းဘက်တွင် ရောက်ရှိနေသည့် ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲသည့် ၂၀၂၁ ခုနှစ်ကတည်းမှ မိုင်းတင်းကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာသည့် စစ်ရှောင် ၄၅ ဦးခန့် သည် ဝမ်းစာအတွက် ဒေသအတွင်း အငှားအလုပ်လုပ်ပြီး ဖြေရှင်းနေရကြောင်းနှင့် စားနပ်ရိက္ခာ...

ညောင်ရွှေမြို့နယ် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ (ဇူလိုင် ၂၁) ရက် နံနက်ပိုင်းတွင် သေနတ်ပစ်သတ် ခံလိုက်ရကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင် ၂၁ နေ့တွင် ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာသည် နေအိမ်မှ ဆိုင်ကယ် တစ်စီးဖြင့် ထွက်လာစဥ်် နန္ဒဝန်ရပ်ကွက် ဦးဖုန်းကြွယ်ဘုရားအနီး၌...

မိုင်းကိုင်ပြည်သူတစ်ဦး မိုင်းနင်းမိ / ထိခိုက်ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးသည် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၀) ရက် ညပိုင်းတွင် ကျွဲသွားရှာသည့် စိုင်းစင်းသည် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သည့် အတွက် ဆေးရုံသို့ ပိုဆောင်ထားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

စစ်ကောင်စီ မှ SSPP ကိုဖိအားပေးတပ်ဆုတ်ခိုင်း မိုင်းရှူးပြည်သူများ စိုးရိမ်ထိတ်လန့်နေ

စစ်ကောင်စီ မှ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)ကို မနက်ဖြန် (ဇူလိုင် ၂၁) ရက် နောက်ဆုံးထားပြီး တပ်စခန်းဆုတ်ခိုင်းသည့် အပေါ် ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ် ထိတ်လန့်နေကြောင်း သတင်းသိရသည်။ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်းနေရာသုံးခုကို ဇူလိုင် ၂၁ ရက်နောက်ဆုံးထား...

ပင်လောင်း စစ်ဘေးရှောင်များအတွက် ဆေးဝယ်ယူရန် ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ရှောင်များအတွက် ဆေးဝယ်ယူရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့အတွင်း ရောက်ရှိနေသည့် စစ်ရှောင်များသည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ် နှင့် ကရင်နီ ဖက်တို့မှ စစ်ရှောင်ကြသူများဖြစ်ကြပြီး စစ်ရှောင် (၃၀၀) ကျော်သည် စားနပ်ရိက္ခာများ အပါအဝင် အမျိုးသမီးအဝတ် နှင့် ဆေးဝါးများ ဝယ်ယူရန်ခက်ခဲ...

ရွှေတူးဖော်မှုပြုလုပ်သည့် နားဟိုင်းလုံ နေအိမ်ရေဝင်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့ နားဟိုင်းလုံကျေးရွာအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နေအိမ်တစ်ချို့ထဲ သဲ၊ ရွှံ့ ဝင်ပြီး ပျက်စီးမှုရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇူလိုင် ၁၉) ရက် ည ၉ နာရီဝန်းကျင်တွင် ရွှေတူးဖော်မှုများ လုပ်ဆောင်နေသည့် နားဟိုင်းလုံကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ထဲ သဲ...

Latest news