ရေကြီးဒဏ်ကြောင့် စားဝတ်နေရေးခက်ခဲနေသည့် နားဟိုင်းလုံ

မိုးတွင်းကာလရောက်လာတိုင်း ရေကြီးမှုဒဏ်ကို နှစ်စဥ်ခံစားနေရသည့် နားဟိုင်းလုံကျေးရွာသည် ယခုနှစ်တွင် စားဝတ်နေရေး ပိုပြီးခက်ခဲလာသည်။

နားဟိုင်းလုံကျေးရွာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ် မိုင်းလင်းကျေးရွာအုပ်စု အတွင်းတည်ရှိပြီး၊ ထိုကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုကို ပြုလုပ်လာကြသည့်အတွက် တောတောင်ပြုန်းတီးမှုများ ဖြစ်လာသည်။

ထို့ကြောင့် ယခုမိုးတွင်းကာလရောက်တိုင်း ရေကြီးမှုဒဏ်နှင့်အတူ ရွှံ့၊သဲ၊ နုန်း များလည်းနေအိမ်ထဲသို့ ဝင်ရောက်ကာ ဟင်းချက်စားသောက်ဖို့ အတွက် အခက်ကြုံလာသည်။

နားဟိုင်းလုံ

ဖြစ်စဥ်မှာ ဇူလိုင် ၁၉ ရက် မှ စပြီး မိုးသည်းထန်ရွာသွန်းကာ နေအိမ် (၃၅) လုံး မိုးရေနဲ့အတူ ရွှံ့၊နုန်း ဝင်လာသည်။

“ ရေထဲမှာ ဆန်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အကုန်ပါသွားတယ်လေ။ မချက်ပြုတ်နိုင်ဘူး။ တစ်ချို့က ဆွေမျိုးအိမ်သွားစားတယ်။ တစ်ချို့က သူများလာလှူပေးတာကိုစားတယ်။ မီးဖိုချောင်ထဲလည်းဝင်မရသေးဘူး။ ချက်ပြုတ်လို့လည်းမရဘူး။ အကုန်လုံးခက်ခဲတယ်” ဟု နားဟိုင်းလုံ ဒေသခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ထို့ကြောင့် နားဟိုင်းလုံ ကျေးရွာပြည်သူတချို့သည် ယနေ့အချိန်ထိ ထမင်း၊ဟင်းချက်စားရန် ခက်ခဲနေကြောင်း၊ ညရေး၊ ညတာ အိပ်စက်ရန်လည်း စိုးရိမ်ထိတ်လန့်နေကြောင်း ချောင်းဘေးတွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။

နားဟိုင်းလုံကျေးရွာ

“မိုးဆက်ရွာပြီး ညကျမှ ရေရုတ်တရက် ထပ်ဝင်လာမှာကြောက်တယ်။ တနှစ်ထက် တနှစ်ပိုဆိုးလာတယ်။ ချောင်းတွေလည်းတိမ်ကောတော့ ရေတွေက အိမ်ထဲ၊ မီးဖိုချောင်ထဲဝင်တာပေါ့” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

အိမ်ထဲတွင် နုန်းများ၊ ရွှံ့များ ကို ယနေ့ထိတိုင် ဆယ်ထုတ်မပြီးသေးသဖြင့် နေအိမ်ထဲရေဝင်သည့် သူများသည် စားဝတ်နေရေးအတွက် အလှူရှင်လိုအပ်နေကြောင်း သိရသည်။

“ရေဝင်သွားတဲ့ ပြည်သူနေအိမ်တစ်ချို့က သူတွေဆို အဝတ်စားအခုထိ မလှဲရသေးတာရှိတယ်။ တစ်ချိုဆိုရင် ထမင်းမစားရသေးတာလည်းရှိတယ်။ နေအိမ်ထဲသဲဝင်သွားတော့ သူတို့ မချက်ပြုတ်ရဘူးလေ။ အဲ့ကြောင့် မစားရတဲ့သူတွေလည်းရှိတယ်။ ဆွေမျိုးရှိတဲ့သူကတော့ ဆွေမျိုးအိမ်မှာသွားနေကြတယ်။ တစ်ချို့ကလည်း ဘုန်းကြီးကျောင်းမှာသွားတောင်းနေကြတာပေါ့” ဟု မိုင်းလင်းကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နားဟိုင်းလုံကျေးရွာ

ထိုအပြင် မီးဖိုချောင်ထဲတွင် ရေဝင်သွားသောကြောင့် ဆန်၊ မီးဖိုချောင်သုံးပစ္စည်းများ ရေထဲဝင် သွား သောကြောင့် ပြည်သူများအတွက်လည်း ခက်ခဲနေသည်။

နားဟိုင်းလုံကျေးရွာသည် ရွှေတူးဖော်မှုကစပြီး နှစ်စဉ်ရေကြီးမှုဖြစ်သည့် အပြင် သဲတွေနေအိမ်ထဲဝင် လာသော်လည်း ကုမ္ပဏီဘက်မှ ပြန်ရောက်လာကူပေးခြင်းမရှိသေးပေ။

လက်ရှိမှာ ကိုယ်ထူကိုယ်ထဖြင့်သာ လုပ်နေရကြောင်း သိရသည်။

“ အခုက ပြည်သူတွေ ကိုယ့်အိမ်ကိုယ်ပဲ ပြန်ရှင်းထုတ်ရတာပေါ့။ ကုမ္ပဏီဘက်တွေ၊ ဥက္ကဌတွေကတော့ စာရင်းပဲလာကောက်သွားပေါ့။ အခုချိန်မှာ ဘာမှ ကူပေးတာလည်း မရှိဘူး။ နောက်မှ ပိုက်ဆံလာပေးပြီး ပြီးသွားတာပဲ။ ဒါကတော့ သူတို့ နှစ်စဉ်လုပ်နေတဲ့ ထုံးစံပါပဲ” ဟု နားဟိုင်းလုံကျေးရွာ ဒေသခံ အမျိုးသားက ပြောသည်။

၂၀၁၆ ခုနှစ်မှစတင်ပြီး နားဟိုင်းလုံကျေးရွာသည် ရေကြီးလာပြီး တစ်နှစ်ထက်တစ်နှစ် ရေကြီးမှုက ပိုဆိုးလာပြီး ပြည်သူများနေရာသစ်ပြောင်းရွှေ့ရန် အတွက် ခက်ခဲနေသေးသဖြင့် ထိုနေရာတွင်သာ ဆက်လက်နေထိုင်ရ ကြောင်းသိရသည်။

ကုမ္ပဏီဘက်မှ ကူညီပေးသော်လည်း အနည်းငယ်သာရသောကြောင့် နေရာသစ်သို့ ပြောင်းရွှေ့ရန် အတွက် မြေကွက်ဝယ်ယူရာအတွက်လည်း မလုံလောက်ကြောင်းသိရသည်။

ထိုအပြင် လက်ရှိတွင် နိုင်ငံရေးအခြေနေကြောင့် ပြည်သူများရှာဖွေစားသောက်ရာတွင်လည်း ခက်ခဲနေလျက်ရှိကြောင်း သိရသည်။

“ အခုက ရှာဖွေစားသောက်ရတာလည်းခက်ခဲတယ်။ နေရာအသစ်ပဲပြောင်းရမလား၊ ဒီမှာပဲဆက်နေရမလား မသိတော့ဘူး။ ဒီမှာနေရင်လည်း တစ်နှစ်ထက်တစ်နှစ်က ပိုဆိုးလာတယ်။ နေရာအသစ်ပြောင်းသွားဖို့လည်း ပိုက်ဆံကလည်းခက်ခဲတယ်။ ကုမ္ပဏီဘက်က ပေးလည်း နည်းနည်းပဲရတယ်။ မြေကွက်တွေဝယ်ဖို့လောက်တောင် မရဘူး” ဟု အထက်ပါ ကျေးရွာဒေသခံ အမျိုးသားက ပြောသည်။

နားဟိုင်းလုံကျေးရွာသည် နှစ်စဉ်ရေကြီးလာပြီး နေအိမ်ထဲသဲဝင်လာသောကြောင့် လက်ရှိမှာ အိမ်ခြေ (၅၀) ကျော်သာကျန်ရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...