စက်သုံးဆီ စျေးမြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးသမားများ အခက်ကြုံ

အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝှမ်း လောင်စာဆီပြဿနာ ဖြစ်ပေါ်လာခဲ့ပြီး ထိုထဲတွင် မြန်မာနိုင်ငံလည်း အကြပ်အတည်း ရင်ဆိုင်လာရသည်။

လက်ရှိ လောင်စာဆီ ပြဿနာသည် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် ပို၍ အကြပ်ရိုက်စေပြီး အရှုံးများစွာ ရင်ဆိုင်နေရသည့် အခြေအနေ ကြုံတွေ့နေသည်။

လက်ရှိ မြန်မာပြည်တဝှမ်းသို့ သစ်သီးဝလံ စိုက်ပျိုး ပို့ဆောင်ပေးနေသည့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ တဝိုက်တွင် စက်သုံးဆီ ပြတ်လပ်မှု ကြုံလာရသဖြင့် စိုက်ပျိုးတောင်သူများနှင့် သယ်ယူပို့ဆောင်ရေး လုပ်နေသူများအတွက် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခု လယ်ထွန်ဖို့ စက်သုံးဆီ ဝယ်ရခက်သလို မြို့ပေါ်ကို တင်ရောင်းဖို့အတွက် သယ်ယူပို့ဆောင်ရေးကလည်း ခက်လာတယ်။ အရင်ခေတ်ကလို နွားနဲ့ပဲ စိုက်ပျိုးရေး ပြန်လုပ်ရမယ် ထင်တယ်” ဟု စိုက်ပျိုးရေးလုပ်ကိုင်သည့် ဟဲဟိုးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဓိကအားဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို မြို့ပေါ်ရှိ ကုန်စည်ဒိုင်များသို့ သယ်ယူပို့ဆောင် ရောင်းချရာတွင် စက်သုံးဆီ မရှိသဖြင့် အခက်အခဲ ဖြစ်နေကြောင်း၊ စက်သုံးဆီ ရရှိလျှင်လည်း စျေးနှုန်းမြင့်တက်မှုကြောင့် ရောင်းချမည့်ကုန်ကို စျေးနှုန်းမြှင့်တင် ရောင်းချနေရကြောင်းလည်း ၎င်းက ဆိုသည်။

“ဆီစျေးနှုန်း မြင့်ရင်တော့ ကျနော်တို့လည်း ရောင်းကုန်ကို စျေးတင်ရတယ်။ အခုနောက်ပိုင်း ဘာဆက်လုပ်စားရမှန်းတောင် မသိတော့ဘူး။ အရမ်းလည်း စျေးတက်လို့မရဘူး၊ ကျနော်တို့လည်း ရှုံးပြီးရင်း ထပ်ရှုံးနေတာ” ဟု ဟဲဟိုးဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိ တောင်ကြီးမြို့နယ် တဝိုက်တွင် စက်သုံးဆီ တစ်လီတာလျှင့် ငွေကျပ် (၅၆၀၀) အထိရှိပြီး နေ့စဉ် မရရှိကြောင်း၊ ရပ်ကွက်ထဲတွင် မှောင်ခိုရောင်းချနေသည့် စက်သုံးဆီသည် တစ်လီတာလျှင် ကျပ်ငွေ တစ်သောင်းကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။

“ဆီတွေက တန်းစီပြီး ထည့်ရင်တောင် ကံဆိုးရင် ကိုယ့်အလှည့်မှာ ကုန်သွားတတ်တယ်၊ အချိန်ကုန်တာပဲ ဖြစ်မယ်။ နောက်ပြီး မှောင်ခိုနဲ့ ရပ်ကွက်ထဲ ဝယ်ရင်လည်း စျေးရောင်းရတာ မကိုက်ဘူး၊ စက်သုံးဆီတွေ ဒီထက် ရှားပါးလာရင်တော့ အားလုံး ခက်ကုန်မှာ” ဟု အောင်ပန်းမြို့မှ ကုန်စိမ်းပွဲစားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် လက်ရှိမှာ ယခင်ခေတ်ကာလအချိန်ကဲ့သို့ ရောက်ရှိသွားကြောင်း၊ ယခုအတိုင်း စက်သုံးဆီပြတ်လပ်မှု ဆက်တိုက်ဖြစ်လာလျှင် ပြည်မသို့ ကုန်စိမ်းများ တင်ပို့ရောင်းချရန် ပို၍ ခက်ခဲလာနိုင်ကြောင်းလည်း ၎င်းပွဲစားက ရှင်းပြသည်။

ထိုကဲ့သို့ စက်သုံးဆီအခက်အခဲ ပိုမိုကြပ်တည်းလာသည့်အတွက် ကျေးလက်မှ မြို့ပြသို့ ကုန်စိမ်းများ ပို့ဆောင်ရန်အတွက် နွားများ၊ မြင်းများကို ပြန်လည်မွေးမြူရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။

“ကျနော်တို့ဘက်မှာတော့ အခု ဆိုင်ကယ်တွေ ကားတွေထက် နွားတွေ နွားလှည်းတွေနဲ့ ကုန်စည်ပို့ဖို့ ပြန်ပြီး စဉ်းစားရတော့မယ် ထင်တယ်။ အရင်ခေတ်ကလိုပေါ့” ဟု အောင်ပန်းမြို့မှ စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စက်သုံးဆီများရရှိရန် အချိန်ပေးအတန်းစီ စောင့်ဆိုင်းရသောကြောင့် ကယ်ရီသမားများနှင့် ပစ္စည်းပို့ဆောင်သူများ ရပ်နားထားရကြောင်း တောင်ကြီးမြို့တွင် နေထိုင်သူများက ပြောသည်။

“ဆိုင်ကယ်ကယ်ရီ ဆွဲရတာ အဆင်မပြေဘူး၊ ဆီက တစ်ရက်မှ တစ်ခါပဲ ရတော့ ခရီးသည်တွေကို ခနခန ပို့ရတော့ ဆီကုန်တယ်လေ။ နေ့တစ်ဝက်နီးပါးက ဆီရဖို့ တန်းစီရတယ်၊ နေ့တစ်ဝက်ပဲ အလုပ်လုပ်ရတယ်။ ခုခေတ် ကုန်ဈေးနှုန်းနဲ့ ဆီဖိုးနဲ့ဆို တစ်နေ့မှ တစ်သောင်းခွဲလောက်ပဲ ကျန်တယ်”ဟု ကယ်ရီမောင်းနှင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စက်သုံးဆီများ ပြတ်လပ်လာသောကြောင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးနှင့် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ၏ စီးပွားရေး နှောင့်နှေးမှုများ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း အပါအဝင် ဝါးပြားလမ်းဆုံနှင့် ဧရာဝတီလမ်းခွဲဘက်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များက အုပ်စုလိုက် စောင့်ဆိုင်းကာ စုံ-မ ရက်အလိုက် စုံ-မ ဂဏန်းဖြင့် ယာဉ်အသွားအလာ စစ်ဆေးကာ လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကိုပါ ဖမ်းဆီး သိမ်းဆည်းသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လေယာဉ်ခရီးစဉ်များ ရုတ်တရက်ဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ ဆုံးရှုံးမှုကြီးမား

0
လောင်စာဆီဈေး မြင့်တက်မှုကြောင့် ထိုင်းနှင့် ပြည်ပလေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ်များကို ရုတ်တရက် ဖျက်သိမ်းနေခဲ့ကြောင်း သတင်းရရှိသည်။​ ထိုဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များမှာ ဟိုတယ်နှင့် ခရီးသွားစရိတ်များ ဆုံးရှုံးနေရသဖြင့် အစိုးရက ကြားဝင်ဖြေရှင်းပေးရန် ထိုင်းခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း (TTAA) က တောင်းဆိုကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယခုလအတွင်း Thai AirAsia X၊ Vietjet...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

စက်သုံးဆီရှားပါးမှုကြောင့် ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။ ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့်...

စက်သုံးဆီ ဂယက်ကြားက ကုန်စျေးနှုန်းမြင့်တက်မှုနှင့် အလုပ်လက်မဲ့ဘဝ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ကုန်စျေးနှုန်းများတရိပ်ရိပ်တက်လာပြီး၊ အချို့သော ဆိုင်ကယ်ပြင်ဆိုင်များနှင့် စားသောက်ဆိုင် အချို့ ပိတ်လိုက်ရသည့် အဆင့်ဖြစ်လာကြောင်း စုံစမ်းသိရသည်။ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝှမ်း လောင်စာဆီဂယက် ဖြစ်လာကာ ထိုထဲတွင် သျှမ်းတောင် အပါအဝင် မြန်မာနိုင်ငံသည်လည်း လောင်စာဆီ ပြဿနာကြုံနေရသည်၊၊ မြန်မာနိုင်ငံသည် စစ်အာဏသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်း...