Monday, February 9, 2026

စစ်ကောင်စီ

စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ နှင့် လူကယ်ဝန်ကြီး လားရှိုးရောက်၊ လောင်းကစားဝိုင်းများ ပိတ်ထား

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်တွင်း စစ်ကောင်စီ ဒုတိယ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချူပ် ဇော်မင်းထွန်း နှင့် လူမှုကယ်ဆယ်ရေး ဝန်ကြီးဌာန ဒေါ်သက်သက်ခိုင် တို့က လားရှိုးမြို့နယ်တွင်း ရောက်ရှိနေသည့် အတွက်ကြောင့် လောင်းကစားဝိုင်းများ ပိတ်သိမ်းထားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်မှစပြီး ဗိုလ်ချုပ် ဇော်မင်းထွန်း...

တရားဝင် သေနတ်ကိုင်ဆောင်ခွင့်ရခြင်းသည် သျှမ်းပြည်အတွင်း ရာဇဝတ်မှု ပိုများလာနိုင်

သာမာန်အရပ်သား နှင့် ပြည်သူ့ဝန်ထမ်းများ သေနတ်ကိုင်ဆောင်ခွင့်၊ လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်အတွက် လက်နက် လိုင်စင်ထုတ်ပေးခြင်းကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့စွဲ နှင့် ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်ကြောင့် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်အမျိုးအစား နှင့် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့် ပြုသည့်...

ကျောက်မဲ အမျိုးသမီး ၂ ဦး ဓားခုတ်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ ရပ်ကွက် ၁ တွင် အမျိုးသမီး ၂ ဦး ဓားခုတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ကျောက်မဲ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅) ရက် နံနက် ၈ နာရီခွဲတွင်...

ဖားကန့်မြို့နယ် အိမ်ဖော်က အိမ်ရှင်ကို အဆိပ်ခတ်ပြီး ငွေခိုးရန်ကြိုးစား

ကချင်ပြည်နယ် ဖားကန့်မြို့ မော်ရှန်ရပ်ကွက် ၊ ကယားမြေ တာယာရောင်းဝယ်ရေးဆိုင်တွင် အိမ်ဖော်ဖြစ်သူက အိမ်ရှင်ကို အဆိပ်ခတ်ပြီး ငွေများကို ခိုးယူရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အိမ်ဖော်ဖြစ်သူက အိမ်ရှင်ကို အဆိပ်ခတ်ခဲ့သည့်အတွက်ကြောင့် ၄ ဦး ဆေးရုံသို့ တက်ခဲ့ရပြီး ခွေး...

သီပေါမြို့နယ် စံဖိတ်ကျေးရွာဘုန်းကြီးကျောင်းမီးလောင် ကိုရင်တစ်ပါး ပျံလွန်တော်မူ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ရာမှ ကိုရင်တစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် စံဖိတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဘုရားမီးပူဇော်ရာမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဘုရားမီးပူဇော်ရာကနေ...

မူဆယ်ခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ဝန်းကျင်မှ စတင်ကာ နမ့်ဖက်ကာ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း...

ဘန်ကောက်မြို့ လေထပ်တိုက် အဆောက်အဦး ပြိုကျ မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေးထပ်တိုက် အဆောက်အဦး ပြိုကျမှုကြောင့် မြန်မာလုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်း ၄ နာရီအချိန် ထိုင်းနိုင်ငံ ဟိုင်ခွမ်းခရိုင် Wat Uthai Tharam (ဝတ်ဥထိုင်းထားရမ်း) အနီး...

နမ့်စန်ကျောင်းသား အချင်းချင်း ရန်ဖြစ်သေဆုံးမှုမှ ကျူးလွန်သူ ကျောင်းသား ပြန်လွှတ်ပေး

သျှမ်းပြည် လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်မှ အထက်တန်းကျောင်းသား အချင်းချင်း ရန်ဖြစ်သေဆုံးမှုမှ ကျူးလွန်သူ ကျောင်းသားကို မြို့နယ် တရားသူကြီးမှ ပြန်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ် (၁) အထက်တန်းကျောင်းမှ အထက်တန်း ကျောင်းသား အချင်းချင်း...

လားရှိုးတွင် လောင်းကစားဝိုင်း ဖွင့်လှစ်ထားသည့် နေရာ (၅) နေရာထက်မနည်းရှိ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည့် နေရာ (၅) နေရာ ထက်မနည်း ပိုမိုဖွင့်လှစ်လာကြောင်း သတင်းရရှိသည်။ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့် ကာလအတွင်း လားရှိုးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးရာထူး အဆင့်ရှိ ဗိုလ်ကြီးများ နှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး...

စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းရဟု PPST ပြော

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံတော် အာဏာသိမ်းယူလိုက်သည့် စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ရပ်ဆိုင်းရသည့်အကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) က ပြောသည်။ NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့်...

Latest news