ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကဒ် သက်တမ်းကုန်သူများ ၃ လအချိန် ထပ်တိုးမြှင့် ပေးနေ

ထိုင်းနိုင်ငံတွင် အနီရောင်စာအုပ် PJ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများ နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများ ၃ လ ထပ်တိုးမြှင့်ပေးနေကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက (ဖေဖော်ဝါရီ ၁၄) ရက်စွဲတွင် ထုတ်ပြန်ထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား မှ သံရုံးရှေ့ သွားရောက်စောင့်ဆိုင်းစဥ်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားထဲမှ အနီရောင်စာအုပ် PJ အမျိုးအစား နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ဖေဖော်ဝါရီ ၁၃ ရက်တွင် သက်တမ်းကုန်သူများကို မေ ၁၅ ရက်ထိ ဆက်လက်နေထိုင်ခွင့်ပြုသွားမည်ဟု ဘန်ကောက်မြို့ မြန်မာသံရုံး ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် သက်တမ်းကုန်ဆုံးသည့် သူများကို အလုပ်လုပ်ကိုင်ခွင့်အသစ် ရရှိရန် လိုအပ်သည့် စာရွက်စာတမ်းများနှင့် အတူ ယခု (ဖေဖော်ဝါရီ ၁၃ ရက်) မှစ၍ (မေ ၁၅ ရက်) ထိ လာရောက်လျှောက်ထားနိုင်ကြောင်းလည်း ရေးသားထားသည်။

အဆိုပါ သက်တမ်းကုန်ဆုံးသူများကို လျှောက်ထားဖို့ အချိန် ၃ လ ထပ်တိုးပေးခြင်းနှင့် ပတ်သက်ပြီး “ ဖေဖော်ဝါရီ ၁၃ ရက်မှာ သက်တမ်းကုန်သွားလို့ မတိုးရသေးတဲ့သူတွေ အတွက်တော့ ထပ်တိုးလို့ ရသွားတာပေါ့ဗျာ“ ဟု ထိုင်းရောက် မြန်မာရွှေပြောင်း အလုပ်သမား ခွန်ဟန်စိုးက ပြောသည်။

ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့် စာအုပ်ကို (ဖေဖော်ဝါရီ ၁၃ ရက်) မှ သက်တမ်းကုန်ဆုံးသွားပြီဖြစ်သော်လည်း မြန်မာသံရုံးမှ နောက်ထပ် လျှောက်ထားနိုင်ဖို့ အချိန် ၃ လ ထပ်တိုးမြှင့်ပေးနေခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားဖက်မှ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်၊ ကျန်မာရေး အာမခံ၊ ဗီဇာကြေး နှင့် ပွဲစားခများကို အများအပြားပေးဆောင်နေရသဖြင့် သက်တမ်းမတိုးဖို့ရန် အခက်ခဲများစွာ ကြုံတွေ့နေရသေးကြောင်း ဘန်ကောက်မြို့ မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းမိန်းက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား မှ သံရုံးရှေ့ သွားရောက်စောင့်ဆိုင်းစဥ်

“အခက်ခဲကတော့ အများကြီးရှိတယ်၊ သူတို့ စကားသိပ်မတတ်တော့ သူတို့စီစဉ်သလို သူတို့ပြောသလို လိုက်လုပ်ရတယ်။ အစကတော့ စာရွက်စာတမ်း နဲ့ အလုပ်သမားကဒ်ကို (၁၁,၀၀၀) ဘတ်ပေးပြီးလုပ်တယ်၊ ဒါတောင် သက်တမ်းထပ်တိုးရတယ် (၁၂,၀၀၀) ဘတ် ထပ်ကုန်တယ်။ ဒီထဲ (CI) စာအုပ် လုပ်ဖို့ (၁၆,၀၀၀) ဘတ် ထပ်ကုန်အုံးမယ် “ ဟု စိုင်းမိန်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လူသစ်စာရင်းထဲ၌ ရောက်ရှိသွားသဖြင့် ထိုင်းနိုင်ငံ တရားဝင်နေထိုင်ခွင့် စာအုပ်ကို သက်တမ်း တစ်နှစ်သာရရှိကြပြီး (ဖေဖော်ဝါရီ ၁၃ ရက်) ရောက်လာတိုင်း သက်တမ်းတိုးနေရကြောင်း သိရသည်။

“ကျမတို့က သူတို့ပြောတဲ့ လူသစ်စာရင်းထဲ ရောက်တော့ ၁ နှစ်ပဲ သက်တမ်းရမှာ အရမ်းနည်းတယ်။ ၇ လပိုင်း လုပ်ထားတယ် အခုမှရပြီး ချက်ချင်းသက်တမ်းပြန်တိုးရတော့ အတော့်ကို အဆင်မပြေဘူး။ ပိုက်ဆံမစုရဘူး၊ ဖြစ်နိုင်ရင်တော့ အရင်လူဟောင်းလို ၂ နှစ်ထားပေးရင် အဆင်ပြေတယ် “ ဟု နန်းခမ်းဟွမ်က ပြေသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းစကား၊ ထိုင်းစာဘာသာ အခက်ခဲရှိသောကြောင့် ကိုယ်တိုင်သွားရောက် သက်တမ်းတိုးခြင်း မပြုလုပ်နိုင်ရာ ပွဲစားမှစီစဉ်ပေးထားအတိုင်း လုပ်ဆောင်ရသဖြင့် ကုန်ကျစရိတ်မှာလည်း ပိုကုန်ကျနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စည်းကမ်းသစ်များကြောင့် ပြည်ပရောက် မြန်မာလုပ်သားများ အိမ်ပြန်ရန် အခက်တွေ့နေ

0
စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြည်ပရောက် မြန်မာလုပ်သားများ နိုင်ငံအတွင်းသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ရာတွင် အလုပ်ရှင်၏ ခွင့်ပြုချက်နှင့် သံရုံးထောက်ခံစာ တင်ပြရမည်ဟု (ဧပြီလ ၂၈ ရက်) တွင် ထုတ်ပြန်လိုက်သည်။ ယနေ့ မေလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် အဆိုပါညွှန်ကြားချက်အရ အလုပ်သမားများသည် မိမိတို့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...