တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ အသက်ရှူခက်ခဲလာ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်အတွင်း၌ လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ပြည်သူများ အသက်ရှုရ ခက်ခဲလာကြောင်း သတင်းသိရသည်။

ယနေ့ မြင်တွေ့ရသည့် တာချီလိတ်မြို့မှ လေထုညစ်ညမ်းပုံ

ယခု ရက်ပိုင်းအတွင်း၌ တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညမ်းမှုသည် ယခင်ကထက် ပိုမိုများပြားလာပြီး အပြင်ထွက်ပါက အသက်ရှူရ ခက်ခဲကြောင်း ဒေသခံ အမျိုးသား ဦးစော က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ထဲမှာ နေရင်တော့ မိုးအုံ့နေသလိုပဲ ခံစားရတယ်၊ ဒါပေမဲ့ အပြင်ထွက်ရင်တော့ လေထုညစ်ညမ်းမှုကြောင့် ဒီလိုဖြစ်နေမှန်းက သိသာတယ်၊ အသက်ရှုလို့လည်း မကောင်းဘူး၊ အပြင်မထွက်တာပဲ ကောင်းတယ်” ဟု ဦးစောက ပြောသည်။

ဖေဖော်ဝါရီလ (၁၁) ရက်နေ့ မှ (၁၃) ရက်နေ့အထိ (၃) ရက်ကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့နယ် ဝန်းကျင်ရှိ လေထု အရည်အသွေးသည် PM 2.5 အနီရောင်အဆင့် (Unhealthy ) အဆင့်တွင် ရှိနေကြောင်း တာချီလိတ်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှလည်း ထုတ်ပြန်ခဲ့သည်။

ထို့ကဲ့သို့ ဖြစ်နေသည့် အခြေအနေများကြောင့် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံး ရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းတပ် သင့်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။

ယနေ့ မြင်တွေ့ရသည့် တာချီလိတ်မြို့မှ လေထုညစ်ညမ်းပုံ

ထို့အပြင် အနံ့ဆိုးများ ထွက်ခဲ့ဖူးသည့် တာချီလိတ်မြို့နယ် လွယ်သထုံကျေးရွာရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ထွက်ခြင်းမရှိသော်လည်း ဖုန်မှုန့်များ နှင့် လေထု ညစ်ညမ်းမှုက ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

“ပွင့်လင်း ရာသီရောက်လာပြီ ဆိုတော့ အမှိုက်မီးရှို့တဲ့ အနံ့တွေလည်း ဆိုးလာတယ်၊ ပြီးတော့ ဖုန်တွေလည်း တအားထတယ်၊ Mask တပ်ပြီး အပြင်ထွက်သွားလို့ ပြန်လာရင် Mask လည်း ပေကုန်တာပဲ၊ ထုံးဖိုက တောင်ကုန်းပေါ်မှာ ရှိတော့ အဲ့ဘက်က လေတိုက်လာတဲ့ ဖုန်မှုန့်တွေ ရှိတယ်” ဟု ထုံးဖိုဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ် အတွင်း လေထုညစ်ညမ်းမှုသည် ပွင့်လင်းရာသီ ရောက်ချိန် နှစ်စဥ်နှစ်တိုင်း ဖြစ်ပေါ်နေလျက် ရှိသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်မှု၊ လေထုသန့်ရှင်းမှုများကို လုပ်ဆောင်ပေးမှု မရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...