ချစ်သူများနေ့ ထွက်လည်သည့် သျှမ်းလူငယ် စုံတွဲများ KIA ဖမ်းဆီးခေါ်ဆောင်သွားပြီး ညတွင်းချင်းပြန်လွှတ်ပေး

ချစ်သူများနေ့ ဟု အများသတ်မှတ်ထားသည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာရှိ ဝါရှောင်အပန်းဖြေ စခန်းကို သွားရောက်လည်ပတ်သည့် လူငယ် ၂၀ ဦးကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA က လူသစ်စုဆောင်းရန် ခေါ်ဆောင်သွားပြီး ညတွင်းချင်းပြန်လွှတ်ပေးခဲ့ကြောင်း သတင်း သိရသည်။

ဖမ်းဆီးခံသွားရသည့် လူငယ်များ ပြန်လွှတ်လာစဥ်

အဆိုပါ လူငယ် ၂၀ ဦးတွင် သျှမ်းလူငယ် ၁၃ ဦး ပါဝင်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့်အချိန် သျှမ်းလူငယ် များဖြစ်ကြောင်း နှင့် အသက်မပြည့်သေးကြောင်းသိရသည့်အတွက် စခန်းမရောက်ခင် လမ်းတစ်ဝက်မှာပင် ပြန်လွှတ် ပေးမည်ဟု အကြောင်းပြန်မှုရှိခဲ့ကြောင်း လူငယ်များပြန်လွတ်ရေးအတွက် အကူအညီပေးသည့် ဝါရှောင်ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

“သူတို့ လူငယ်တွေဆိုတော့ လည်ကြတာပေါ့၊ အဲ့ဒီမှာ KIA အဖွဲ့က လူသစ် စုဆောင်းရေးလုပ်တဲ့ အချိန်နဲ့တိုးပြီး ဖမ်းခံရတာပါ။ ဆရာတော်တို့ ဒီဒေသမှာ က သျှမ်းရော ကချင်ရော ရှိပါတယ်။ အခုက သျှမ်းကလေးတွေ ပါသွားတော့ ဆရာတော်က ပြန်လွှတ်ပေးဖို့ ပြောလိုက်တော့ သျှမ်းကလေး ၁၃ ယောက်လုံးကို ညတွင်းချင်း ပြန်လွှတ်ပေးတယ်၊ မနေ့ညမှာတော့ လုံခြုံရေး အဖက်ဖက်ကြောင့် အဲ့ကလေးတွေကို ဆရာတော်ကျောင်းမှာပဲ ခေါ်ထားတယ်၊ ဒီနေ့ မနက်မှ သြဝါဒ ပေးပြီးတော့ ပြန်လွှတ်ပေးတယ်” ဟု ဝါရှောင်ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ဝါရှောင်အပန်းဖြေစခန်းသည် ဝါရှောင်ကျေးရွာအနီးတွင် တည်ရှိနေခြင်းဖြစ်ပြီး အဆိုပါ ဒေသသည် စစ်ကောင်စီ တပ်အပြင် KIA တပ်စခန်းများ ရှိနေသည့်အကြောင်း သိရသည်။

ဝါရှောင်အပန်းဖြေစခန်းသည် အခါကြီးရက်ကြီး နှင့် ပိတ်ရက်များတွင် လာရောက် အပန်းဖြေသူများ နှင့် စည်ကားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ Valentine Day (ချစ်သူများနေ့) တွင်လည်း လာရောက်လည်ပတ်သည့် လူငယ်များက KIA စစ်ကြောင်း နှင့် တိုးကာ ဖမ်းဆီးခံရကြောင်း သိရသည်။

ဒီဖြစ်စဥ်နှင့်ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ် မေးမြန်းရာ ဖြစ်စဥ်အသေးစိတ်ကို မသိရသေးကြောင်းနှင့် လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးရင် ပေါ်လစီ မရှိကြောင်း သျှမ်းသံတော်ဆင့်ကို အကြောင်းပြန်သည်။

“ဒီလို လူငယ်တွေကို ဖမ်းဆီးတဲ့ အကြောင်းက ကျနော် မသိရသေးဘူး။ ဒါပေမယ့် လူငယ်တွေ အပြစ် တစ်စုံတစ်ရာ မရှိပဲ အကြောင်းမဲ့ ဖမ်းဆီးဖို့ က မဖြစ်နိုင်ပါဘူး၊ ကျနော်တို့ နယ်မြေထဲက ကျူးကျော်လာတဲ့ ရန်သူတွေ ကိုတော့ ခုခံပိုင်ခွင့်ရှိပါတယ်။ ဒီ ဝါရှောင်ဒေသမှာ ကျနော်တို့ လူသစ်စုဆောင်းဖို့အတွက်လည်း မရှိသေးဘူး” ဟု KIA ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဝါရှောင်ဒေသသည် သျှမ်း နှင့် ကချင် စုပေါင်း နေထိုင်ကြခြင်းဖြစ်ပြီး သျှမ်းလူငယ်များ ယခုလို လူသစ်စုဆောင်း ခံရချိန် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG နှင့် ဝါရှောင်ဆရာတော်တို့ ဆွေးနွေးထားချက်အရ ဆရာတော်မှ အမြဲလိုလို ဝင်ရောက် ကူညီပေးလေ့ရှိကြောင်းလည်း ဝါရှောင်ဆရာတော်က ဆက်မိန့်သည်။

“ဒီလိုမျိုး ရံဖန်ရံခါ ကြိုကြားကြိုကြား သျှမ်းကလေးတွေကို လာရောက်ပြီးတော့ လူသစ်စုဆောင်းဖို့ ခေါ်တာတွေ ရှိတယ်၊ အဲ့လိုအခါကျရင် ဘုန်းဘုန်းတို့က ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် PCG နဲ့ ဒီဘက်က သျှမ်းရွာတွေကို စစ်ဆင်ရေးတွေ စုဆောင်းရေးတွေ မလုပ်ဖို့ပေါ့နော်၊ အဲ့ကနေ KIA တွေကိုလည်း ပြောထားပေးတယ်လေ၊ ဒေသခံတွေအနေ နဲ့ ပုံမှန်အတိုင်းတော့ သွားလာနေကြတာ ရှိပါတယ်” ဟု ဝါရှောင်ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ဝါရှောင်ဒေသအတွင်းတွင် စစ်ကောင်စီ နှင့် KIA တပ်ဖွဲ့တို့၏ စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေပြီး စစ်ဆေးရေးဂိတ်များ နှင့် ရှောင်တခင် စစ်ကြောင်း စစ်ဆေးမှုများလည်း ရှိသည့်အတွက် ပုံမှန်အတိုင်းပြည်သူများ သွားလာနေ ကြသော်လည်း လုံခြုံရေးအရ သတိထားသင့်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...