နောင်ချိုအတွင်း PDF သတင်းများ ထပ်မံကြားရပါက ရွာကို မီးရှို့မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြော

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း PDF တပ်ဖွဲ့ သတင်းများ ထပ်မံကြားသိရပါက ရွာကို မီးရှို့မည်ဟု စစ်ကောင်စီ တပ်ဖွဲ့က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။

မန္တလေးတိုင်း PDF

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် နောင်ချိုမြို့နယ်အတွင်း မန္တလေး PDF နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့စဥ် စစ်ကောင်စီတို့က နောင်ချိုမြို့နယ်မှ ရွာသား တချို့ကို ဖမ်းဆီးသွားပြီး ပြောဆို ခြိမ်းခြောက် သည့်အကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာသား ၇ ယောက်ကို ဖမ်းသွားပြီး ၆ ယောက်က ပြန်လွတ်လာတယ်၊ ၁ ယောက်ကိုတော့ PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်လိုက်တာ၊ ပြီးတော့ ဒီနယ်ထဲမှာ PDF တွေ ကြားရမယ်ဆိုရင် ရွာကို မီးရှို့မယ်တဲ့၊ အဲ့လို ခြိမ်းခြောက်သွားတယ်၊ အခုလည်း သူတို့လေယာဥ်ကနေ ဗုံးကြဲလို့ ရွာက ဘုန်းကြီးကျောင်း အပါအဝင် အိမ်တွေတော်တော် ပျက်စီးတယ်” ဟု အမည်မဖော်လိုသူ ဒေသခံက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် လုံခန်ကျေးရွာ အနီး တစ်ဝိုက်တွင်သာ တပ်ဆုတ်ခွာသွားသည့်အတွက် ဒေသခံများက စိုးရိမ်ကြောက်လန့်နေရသည့်အကြောင်းလည်း သိရသည်။

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားစဥ်အတွင်း၌ စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခန်ကျေးရွာရှိ သာသနာ့ အဆောက်အဦးများ အပါအဝင် ဒေသခံအနေအိမ် အများအပြား လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ရသည့်အတွက် ပြန်လည်ပြုပြင်ရန် အကူအညီများ လိုအပ်နေကြောင်းလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

“ဘုန်းကြီးကျောင်းရော စေတီတွေရော တော်တော်ကို ပျက်စီးသွားတယ်၊ ပြီးတော့ အိမ်နှစ်လုံးကလည်း ခေါင်မိုး တည့်တည့်ကနေ ဗုံးကျမှန်တာ၊ တခြား လက်နက်အပိုင်းအစတွေ နဲ့ စစ်သားတွေ ဖောက်ထွင်းလို့ ပျက်တဲ့အိမ်တွေလည်း ၂၀ ထက် မနည်းဘူး၊ ဒါတွေကို ပြန်လည်ပြုပြင်ဖို့အတွက် အကူအညီတွေ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ကြောင့် အဆောက်အုံ နေအိမ်များ ထိခိုက်ပျက်စီးရသည့်အပြင် ရွာသား ၁ ဦး နှင့် ကျွဲတစ်ကောင် လည်း အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အသတ်ခံလိုက်ရသည့် ရွာသား၏ ရုပ်အလောင်းကို ပြန်မတွေ့ရသေးသော်လည်း ရွာ၏ အနီး ပတ်ဝန်းကျင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ရွာသားများလည်း သွားရောက်ရှာဖွေခြင်း မပြု ရဲသေးပေ။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ရှိနေသော်လည်း စစ်ကောင်စီတပ်၏ စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...