နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ ဖမ်းသွားသည့် ရွာသား ၇ ဦးအနက် ၁ ဦး အသတ်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တော်လှန်ရေး အင်အားစု PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရွာသား ၇ ဦးကို ဖမ်းသွားပြီး ၁ ဦး အသတ်ခံလိုက်ရ ကြောင်း သတင်းသိရသည်။

စစ်ကောင်စီ တပ်ဖွဲ့

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတို့က လုံခန်ရွာ ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားပြီး ၁ ဦးကို သတ်ဖြတ်ခဲ့သည့် အကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အားလုံးက လုံခန်ရွာသားတွေပဲ ဖြစ်တယ်၊ စစ်ကောင်စီ စစ်ကြောင်း ရွာထဲဝင်လာတဲ့အချိန်မှာ ဖမ်းခံရတာ ဖြစ်ပြီးတော့ စုစုပေါင်း ၇ ဦး ဖမ်းခံရတယ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ၆ ယောက် ပြန်လွှတ်လာပြီးတော့ ၁ ယောက်က ပါမလာဘူး၊ သူတို့ ရှင်းပစ်လိုက်ပြီလို့ ပြောတယ်” ဟု အမည်မဖော်လို ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ရွာသား ၇ ဦး အနက် ၁ ဦးကို ရှင်းပစ်လိုက်ပြီဟု စစ်ကောင်စီ တပ်သားများ ကိုယ်တိုင်က ပြန်လွှတ်လာသည့် ရွာသား ၆ ဦးကို ပြောဆိုခဲ့သည့် အကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အသတ်ခံလိုက်ရသည့် ရွာသား၏ ရုပ်အလောင်းကို ပြန်မတွေ့ရသေးသော်လည်း ရွာ၏ အနီးပတ်ဝန်းကျင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ရွာသားများလည်း သွားရောက်ရှာဖွေခြင်း မပြုရဲသေးပေ။

တိုက်ပွဲဖြစ်ပွားစဥ် အတွင်း စစ်ကောင်စီတို့၏ တိုက်လေယာဥ် အသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် လုံခန်ရွာ ဘုန်းကြီးကျောင်း နှင့် စေတီများ ထိခိုက်ပျက်စီးရသည့် အပြင် ဒေသခံရွာသားတို့၏ နေအိမ် ၂ လုံး လည်း လက်နက်ကြီးထိမှန် ပျက်စီးရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းများ ရွာထဲ ဝင်လာချိန်တွင် စစ်သားများက နေအိမ်များ၊ ဆိုင်များကို ဖောက်ထွင်းဝင်ရောက် မွှေနှောက်ခဲ့ကြောင်း၊ ဒေသခံ နေအိမ် ၂၀ ထက်မနည်း ပစ္စည်းများလည်း ခိုးယူခံရကြောင်းလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

“စေတီတွေ ကျောင်းကန်တွေကတော့ ရစရာ မရှိတော့ဘူး အားလုံးနီးပါး ပျက်စီးတယ်၊ ပြီးတော့ အိမ် ၂ လုံးလည်း အိမ်ခေါင်မိုးကနေ ပျက်သွားတာ၊ တခြား ဖောက်ထွင်းခံရတဲ့ အိမ် ၂၀ ထက်မနည်း၊ ဥစ္စာပစ္စည်းတွေ ခိုးခံရတယ်၊ ပျက်စီးတဲ့ အိမ်တွေ အဆောက်အဦးတွေ ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ ထောက်ပံ့မှုတွေရရင် ကောင်းမှာ” ဟု ၎င်းက ဆိုသည်။

ထိတွေ့တိုက်ပွဲများ ငြိမ်သက်သွားသည့် အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒိုးပင်ကျေးရွာအုပ်စု ဟိုခိုကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်တို့က စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...