Thursday, January 29, 2026

စစ်ကောင်စီ

ပင်လောင်းမြို့နယ် စစ်ကောင်စီက ပြည်သူများထံ စစ်ထောက်ပံ့ကြေးကောက်ခံနေ

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့အတွက် ဒေသခံများက စစ်မှုထမ်းထောက်ပံ့ကြေးများ ထည့်နေရကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ ပထမပတ်တွင် ပင်လောင်းမြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဒေသခံများကို အကြောင်းအမျိုးမျိုးပြ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO...

ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည်...

စစ်ကောင်စီ ထိုးစစ်ကြောင့် ညောင်ရွှေမြို့နယ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်ရ

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က မြေပြင်စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ညောင်ရွှေမြို့နယ်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်လိုက်ရကြောင်း သတင်းရရှိသည်။ စစ်ကောင်စီနှင့် PNO အင်အား ၁၀၀၀ ခန့်ပါဝင်သည့် ထိုစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ကတည်းက ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာသို့ စစ်ကြောင်းထားလာသည့်အတွက်...

ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ ကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက် အတွင်းရှိ ယမ်းဂိုထောင် ယနေ့ (ဇွန်လ ၃ ရက်) နေ့လယ် ၁ နာရီကျော်က စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန် ပေါက်ကွဲရာ အနည်းဆုံး လူ ၂ ဦး...

ထောက်ပို့ဆယ်လီများ၏ ကုန်ပစ္စည်းများကို တရားမဝင်ရောင်းချဟုဆိုကာ လူ ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်ရောင်းချပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့သည်ဟုဆိုကာ လူ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်နေ Treasure Hnin...

PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို အတုလို့ သတင်းအမှားဖြန့်

စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ဟာ အတုဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ Fact Check အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ဇွန်လ...

တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ မော်တော်ကားနှင့် ဆိုင်ကယ်များကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေသောကြောင့် သွားရေးလာရေးအတွက် အဆင်မပြေ ဖြစ်နေကြရသည်ဟု စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁ ရက်)တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများက တောင်ကြီးမြို့ လမ်းဆုံ၊ ရပ်ကွက်လမ်းများတွင် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို...

တောင်ကြီးမြို့ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးနေသည့်ကိစ္စ ဆန္ဒပြရန် ထီလက်မှတ်နှင့်ငွေစက္ကူပေါ် စာရေးပြီးစည်းရုံး

သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကိစ္စကို ပြည်သူများ ဆန္ဒပြရန် ထီလက်မှတ်နှင့် ငွေစက္ကူပေါ်တွင် ရေးပြီး လမ်းမပေါ်တွင် ဖြန့်ကြဲထားကာ စည်းရုံးလှုံ့ဆော်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၃၁ ရက်) နံနက်အစောပိုင်းတွင် တောင်ကြီးမြို့ City Square Shopping Center ၊...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ် အများအပြားကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Myanmar National Post မှ မေလ ၂၉ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပြီး နေအိမ်မီးလောင်နေသည့် ရုပ်သံဖိုင်များနှင့်အတူ...

စစ်ကောင်စီ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်ထဲမှ ဖားကန့်ပြည်သူ (၆)ဉီး သေဆုံး

စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သည့် ဖားကန့် မြို့နယ်ပြည်သူ (၆)ဉီးသေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၂၈ ရက်) စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အလုံးအရင်း စစ်ကြောင်းထိုးလာသဖြင့် လုံးခင်းကျေးရွာ၊ လယ်ပြင်ကျေးရွာ နှင့် ငြိမ်းချမ်းသာယာကျေးရွာ အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်...

Latest news