Tuesday, January 27, 2026

ရွာငံစစ်ကောင်စီခန့် ထွေအုပ် (၃)ဦးကို အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားဟုဆို

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့တွင် စစ်ကောင်စီခန့်အပ်ထားသည် အထွေထွေအုပ်ချုပ်ရေးမှူး ဝန်ခမ်း (၃)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားပြီး ယနေ့အထိ ထုတ်ပြန်ချက်တစ်စုံတရာ မထုတ်ပြန်လာကြသေးကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၁)ရက် နံနက်ပိုင်းတွင် တောင်ကြီး-ရွာငံလမ်းပိုင်း တစ်နေရာ၌ ထွေအုပ်ဝန်ထမ်း (၃)ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မည်သည့် အဖွဲ့မှ ခေါ်ဆောင်သွားသည်ကို ယနေ့အထိ ထုတ်ပြန်ချက်တစ်စုံတရာ ထုတ်ပြန်လာခြင်းမရှိသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဟုတ်တယ် ထွေအုပ်က ဝန်ထမ်း (၃)ဦးကို ဖမ်းသွားတာတဲ့။PDFအဖွဲ့ ကပဲဖမ်းသွားတာ ဘယ်အဖွဲ့က ဖမ်းသွားတာလဲတော့ မသိဘူး။ စစ်မှုထမ်းကိစ္စကြောင့် ပဲထင်တယ်။ ဝန်ထမ်းက ယောကျာ်း လား မိန်းမလားမသိဘူး။”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုသို့ ထွေအုပ်ဝန်ထမ်းများကို ဖမ်းဆီးခံရပြီးနောက် ရွာငံအရှေ့ဘက် မြစေတီနှင့်မြသိန်းတန် ကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်နှင့် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂)ရက်တွင် စစ်ကြောင်းထိုးနေပြီး ဒေသခံနေအိမ်များကို ဝင်ရောက်ရှာဖွေခြင်း တပ်စွဲခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“အခုမြစေတီဘက်မှာ စစ်တပ်က တပ်စွဲထားတယ်။အင်အား (၁၀၀)လောက်လို့ သိရတယ်။ဒေသခံ နေအိမ်တွေထဲ ဝင်ပြီး မွှေနှောက်ရှာဖွေတာများ လုပ်တယ်။မြစေတီဖက်ကတော့ ပြည်သူတွေတော့ အနေကြပ် အစားကြပ်ဖြစ်တာပေါ့။မြသိန်းတန် ရွာကိုလည်း စစ်တပ်ဝင်တယ်။ တခြားပြည်သူတွေ ကိုရိုက်နှက်တာမျိုး ဖမ်းဆီးတာမျိုးတော့ မသိရသေးဘူး။” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ယနေ့အထိ ရွာငံမြို့အရှေ့ဖက် ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ဒေသခံနေအိမ်များတွင်လည်း တပ်စွဲနေထိုင်လျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အကြမ်းဖက်အာဏာဖီဆန်ရေး (CDM)လှုပ်ရှားမှုတွင် ပါဝင်မှုမရှိသည့် ဝန်ထမ်းများကို အရေးယူဆောင်ရွက်သွားမည်ဆိုသည့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဇွန်လ (၁၃)ရက်တွင် ပြဌာန်းလိုက်သည်။

ထိုဥပဒေပြဌာန်းပြီးနောက် ဇွန်လ (၁၅)ရက် မနက် (၉)နာရီဝန်းကျင်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကျောင်းအုပ်ဆရာမနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...