ရွာငံစစ်ကောင်စီခန့် ထွေအုပ် (၃)ဦးကို အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားဟုဆို

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့တွင် စစ်ကောင်စီခန့်အပ်ထားသည် အထွေထွေအုပ်ချုပ်ရေးမှူး ဝန်ခမ်း (၃)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားပြီး ယနေ့အထိ ထုတ်ပြန်ချက်တစ်စုံတရာ မထုတ်ပြန်လာကြသေးကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၁)ရက် နံနက်ပိုင်းတွင် တောင်ကြီး-ရွာငံလမ်းပိုင်း တစ်နေရာ၌ ထွေအုပ်ဝန်ထမ်း (၃)ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မည်သည့် အဖွဲ့မှ ခေါ်ဆောင်သွားသည်ကို ယနေ့အထိ ထုတ်ပြန်ချက်တစ်စုံတရာ ထုတ်ပြန်လာခြင်းမရှိသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဟုတ်တယ် ထွေအုပ်က ဝန်ထမ်း (၃)ဦးကို ဖမ်းသွားတာတဲ့။PDFအဖွဲ့ ကပဲဖမ်းသွားတာ ဘယ်အဖွဲ့က ဖမ်းသွားတာလဲတော့ မသိဘူး။ စစ်မှုထမ်းကိစ္စကြောင့် ပဲထင်တယ်။ ဝန်ထမ်းက ယောကျာ်း လား မိန်းမလားမသိဘူး။”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုသို့ ထွေအုပ်ဝန်ထမ်းများကို ဖမ်းဆီးခံရပြီးနောက် ရွာငံအရှေ့ဘက် မြစေတီနှင့်မြသိန်းတန် ကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်နှင့် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂)ရက်တွင် စစ်ကြောင်းထိုးနေပြီး ဒေသခံနေအိမ်များကို ဝင်ရောက်ရှာဖွေခြင်း တပ်စွဲခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“အခုမြစေတီဘက်မှာ စစ်တပ်က တပ်စွဲထားတယ်။အင်အား (၁၀၀)လောက်လို့ သိရတယ်။ဒေသခံ နေအိမ်တွေထဲ ဝင်ပြီး မွှေနှောက်ရှာဖွေတာများ လုပ်တယ်။မြစေတီဖက်ကတော့ ပြည်သူတွေတော့ အနေကြပ် အစားကြပ်ဖြစ်တာပေါ့။မြသိန်းတန် ရွာကိုလည်း စစ်တပ်ဝင်တယ်။ တခြားပြည်သူတွေ ကိုရိုက်နှက်တာမျိုး ဖမ်းဆီးတာမျိုးတော့ မသိရသေးဘူး။” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ယနေ့အထိ ရွာငံမြို့အရှေ့ဖက် ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ဒေသခံနေအိမ်များတွင်လည်း တပ်စွဲနေထိုင်လျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အကြမ်းဖက်အာဏာဖီဆန်ရေး (CDM)လှုပ်ရှားမှုတွင် ပါဝင်မှုမရှိသည့် ဝန်ထမ်းများကို အရေးယူဆောင်ရွက်သွားမည်ဆိုသည့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဇွန်လ (၁၃)ရက်တွင် ပြဌာန်းလိုက်သည်။

ထိုဥပဒေပြဌာန်းပြီးနောက် ဇွန်လ (၁၅)ရက် မနက် (၉)နာရီဝန်းကျင်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကျောင်းအုပ်ဆရာမနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...