စမတ်ကတ်သွားလုပ်သည့် ဆီဆိုင်ဒေသခံများ ကျပ်ငွေသောင်းချီပေးရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ နယ် ဘုရားဖြူကျေးရွာဘက်တွင် စစ်ကောင်စီပြုလုပ်ပေးသည့် စမတ်ကတ်များကို ကျပ်ငွေတစ်သောင်းခွဲ ပေးပြီး ပြုလုပ်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆီဆိုင်မြို့တွင် စမတ်ကတ်များ ပြုလုပ်ရန် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ ညွှန်ကြားထားသော်လည်း စစ်ရှောင်နေသည့် ပြည်သူများမှာ မပြုလုပ်ရသေးသောကြောင့် ယခု ဇွန်လမှ စ၍ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး စမတ်ကတ်ပြုလုပ်ရာတွင် အချိန်အခါပေါ် မူတည်၍ ငွေပေးဆောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“ဒီလထဲမှာပဲ ပထမ တစ်သုတ်က ကျပ်(၅၀၀၀)ပဲ၊ ဘုရားဖြူကျေးရွာမှာ တစ်သောင်းခွဲနဲ့ ပေးပြီးမှ လုပ်ရတယ်။ စမတ်ကတ်က လိုတယ်၊ ခရီးသွားရင် စမတ်ကတ်ကို အဓိက စစ်တော့ လိုအပ်တယ်။ ကလေးက မလိုဘူး၊ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေ လုပ်ရတာ။ စစ်ရှောင်ပြေးတုန်းက စမတ်ကတ်လုပ်တာဆို ၃သောင်း ၄ သောင်း တောင်းတယ်။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားနဲ့ နာမည်မတူရင် ပြန်လဲခိုင်းတယ်” ဟု ဆီဆိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ပြုလုပ်ပေးသည့် စမတ်ကတ်သည် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းကာ နေ့စဉ်လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်ပြီး စစ်ဆေးရေးဂိတ်နှင့် နယ်စပ်ဂိတ်များတွင် စမတ်ကတ်ရှိမှ ခရီးသွားလာ၍ ရကြောင်း ၎င်းက ဆက်ပြောသည်။

“စမတ်ကတ်မရှိရင် နိုင်ငံခြားထွက်လို့လည်း မရဘူး။ စစ်ဆေးရေးဂိတ်တွေမှာဆိုလည်း စမတ်ကတ် အရင် စစ်တာ။ စမတ်ကတ်မပါရင် အရမ်းရစ်တာ၊ တခါတလေဆို ငွေပေးခဲ့ရတာ” ဟု နမ့်စန်မြို့ခံ အမျိုးသမီးငယ်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၃ ခုနှစ်မှ စတင်ပြီး UID ခေါ် စမတ်ကတ်များကို မြန်မာနိုင်ငံသားတိုင်း လုပ်ဆောင်ရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြီး ရွာငံမြို့၊ နမ့်စန်မြို့နှင့် ပင်လုံမြို့ဘက်တွင် စမတ်ကတ်များကို အခမဲ့နီးပါး လုပ်ဆောင်ပေးသော်လည်း တောင်ကြီးမြို့နှင့် ဆီဆိုင်မြို့တို့တွင် ငွေကျပ်သောင်းချီပေးမှ စမတ်ကတ်လုပ်ပေးကြောင်း မြို့ခံများထံမှ သိရသည်။

ထို့အပြင် ရွာငံတွင်လည်း ဒေတာအချက်အလက်ပြည့်စုံသည့် စမတ်ကတ် လုပ်ထားသူများအား ပျူစောထီးများက စစ်မှုထမ်းခေါ်ရန် အစည်းအဝေး ခေါ်ဆောင်နေသည်ဟု ဒေသခံများကပြောသည်။

စမတ်ကတ်များကို NLD အစိုးရလက်ထက်တွင် နိုင်ငံသားမှတ်ပုံတင်စနစ်ကို တိကျစွာ အချက်အလက် သိမ်းဆည်းနိုင်ရန်၊ လူ့အခွင့်အရေးနှင့် နိုင်ငံသား တရားဝင်မှုအား စံပြဖြစ်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း စီမံကိန်း မစခဲ့ရပေ။

၂၀၂၁ ခုနှစ်တွင် တိုင်းပြည်အာဏာကို ရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲမှ စစ်ကောင်စီ သိမ်းပိုက်လိုက်သည့်နောက်ပိုင်း နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်နှင့် သတင်းအချက်အလက်များကို ပိုမိုထိန်းချုပ်သည့်အပြင် ပြည်သူ့ စစ်မှုထမ်းရန်အတွက်လည်း စစ်ကောင်စီက စမတ်ကတ်ပါ ဒေတာများအား အသုံးပြုနေသည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...