ကျောက်မဲမြို့နယ်
ကျောက်မဲ အထက်ရဲရွာရေအားလျှစ်စစ်ဝန်ထမ်း (၅၅)ဦး ကိုဗစ်ပိုးတွေ့
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ခြေကျေးရွာအနီးရှိ အထက်ရဲရွာရေအားလျှစ်စစ်စက်ရုံမှ ဝန်ထမ်း (၅၅)ဦးကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၁)ရက် ယမန်နေ့က အထက်ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ဝန်ထမ်း (၂၅၀)ကျော်အား RDT Test Kit ဖြင့် စစ်ဆေးရာ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် ဝန်ထမ်း (၅၅)ဦးထံမှ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ “မနေ့က...
မိုင်းငေါ့ စစ်ရှောင်ကိုယ်ဝန်သည်များ အစားအသောက်နှင့် ငွေကြေး ခက်ခဲနေ
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် ကိုယ်ဝန်သည်များ အစားအသောက် နှင့်ငွေကြေး ခက်ခဲမှုရှိနေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့တွင် စစ်ဘေးရှောင် (၂၀၀)ကျော်ရှိနေပြီး လက်ရှိတွင် ကိုယ်ဝန်သည် ၅ ဦး ရှိနေကြောင်း၊ အဆိုပါ ကိုယ်ဝန်သည်များအပါအဝင် မွေးပြီးစ ကလေးမိခင်များအတွက်ပါ အစားအသောက်များ ခက်ခဲမှုရှိနေ ကြောင်း...
ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီ မှ လူငယ်များကို ယခင်ထပ် ပိုဖမ်းဆီးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင် ယခု ရက်ပိုင်း ညထွက်သွားလာသူများကို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်လာလျက်ရှိပြီး ယမန့်နေ အောက်တိုဘာ (၁၁) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံများရှိကြောင်း...
ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ် လုနီးပါး ဖြစ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ထောင်ချီရှိနေပြီး တိုင်းရင်းသား လက်နက် ကိုင်အကြား စစ်ရေးတင်းမာမှု ရှိနေဆဲဖြစ်သည့်အတွက် နေရပ်မပြန်ရဲသေးကြောင်း၊ ထိုစစ်ရှောင်များ အတွက် စားနပ်ရိက္ခာများ ပြတ်လပ်မည့်အခြေနေဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများ...
ကျောက်မဲ ပုံဝိုးကျေးရွာ ဒေသခံ (၁၆၀)ကျော် ကိုဗစ်ကူးစက်ခံရ
သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာတွင် ဒေသခံ (၁၆၀)ကျော် ကိုဗစ်ပိုး ကူးစက်ခံခဲ့ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းကစပြီး ပုံဝိုးကျောင်းတိုက်ရှိ ဦးဇင်းတစ်ပါး အနံ့ပျောက်ရာမှ ကိုဗစ်စစ်ဆေးလိုက်ရာ ပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။ “ကျောင်းမှာ ဦးဇင်းတစ်ပါးက အနံ့မရလို့ စစ်ကြည့်လိုက်တာ ပိုးတွေ့တယ်၊ နောက်ထပ်စစ်ကြည့် လိုက်တော့ ကိုရင်နဲ့ဦးဇင်း အားလုံး...
ကျောက်မဲ အမှိုက်ပြဿနာ ဖြေရှင်းပေးရန် ဒေသခံများ မျှော်လင့်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့တွင်းရှိ ရပ်ကွက်များတွင် အမှိုက်သိမ်းယူမှုစနစ် အားနည်းနေခြင်းကြောင့် တာဝန်ရှိသူတို့မှ ဖြေရှင်းပေးရန် ဒေသခံများက မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့သည် ခရိုင်မြို့တစ်မြို့ဖြစ်သည့်အပြင် နှစ်စဉ် လူဦးရေတိုးပွားလာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းယူမှုစနစ် အားနည်းခြင်းတို့ကြောင့် မြို့ပေါ် ရပ်ကွက်များတွင် အမှိုက်ပြဿနာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ “မိန်းလမ်းပေါ်တော့ အမှိုက်သိမ်းတာတွေ့တယ်၊...
ဟူးကွက်ကျေးရွာ သောက်သုံးရေ ပိုးသတ်ဆေးအနံ့ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာ အရှေ့ဘက်ခြမ်း သဘာဝတောင်ကျ သောက်သုံးရေ ပိုးသတ်ဆေးအနံ့ရနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာ အရှေ့ဘက်ခြမ်းရှိ သဘာဝ တောင်ကျရေသည် ယမန်နေ့ (အောက်တိုဘာ ၇) မနက် ၉ နာရီမှ စပြီး ရေများအမြှုပ်ထကာ ပိုးသတ်ဆေးနံ့ရနေကြောင်း ဒေသခံများက ပြောသည်။ “...
မိုင်းငေါ့ မှတ်ပုံတင် မရှိ စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ကြုံနေ
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလုံနေကြပြီး မှတ်ပုံတင်မရှိသည့် စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့တွင် စစ်ရှောင် (၂၀၀)ကျော် ရှိနေပြီး မှတ်ပုံတင် မရှိသည့်အတွက် ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ “သူတို့တွေ စစ်ရှောင်လာတော့ စာရွက်စာတမ်းတွေ ဘာမှ မပါလာဘူး၊...
ကျောက်မဲစစ်ရှောင် စားနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများသည် စာနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် မန်ခါစစ်ရှောင်စခန်းတွင် ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင် (၁၂၄)ဦးထိ ရှိနေပြီး လက်ရှိတွင် အစားအသောက်နှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ "စစ်ရှောင်လာတာ တစ်လကျော်ရှိနေပြီ၊ အများစုက အမျိုးသမီးနဲ့ ကလေးတွေပဲ၊ အမျိုးသမီးသုံးပစ္စည်းတွေလည်း...
ဝမ်းစာရှာဖွေနေစဉ် မိုင်းကြောင့်ဘဝဆုံးရှုံးရတဲ့ ပြည်သူများ
SHAN -
သျှမ်းပြည်ကျေးလက်ဒေသပြည်သူတွေဟာ ဝမ်းရေးအတွက် ရွာနဲ့ မနီးမဝေး တောမှာ ဟင်းရွက်တွေ ရှာဖွေ စားသောက်ကြသလို ရလာတဲ့ ဟင်းရွက်သီးနှံတွေကိုလည်း ဈေးတက်ရောင်းကြတာတွေလည်း ရှိကြပါတယ်။ မနက်အာရုံတက်ချိန် ကျေးလက်ဒေသ နေထိုင်တဲ့အိမ်တိုင်းနီးပါး တောမှာ ရာသီအလိုက်ပေါက်တဲ့ အသီးအရွက်တွေ၊ မှိုတွေ၊ ငှက်ပျောဖူးတွေ၊ မျှစ်တွေကို ရှာဖွေပြီး ဈေးတက်ရောင်းကာ မိသားစုကို ရှာဖွေကျွေးမွေးမှုကြပါတယ်။ ဝမ်းစာရှာဖွေနေစဉ်...





