မိုင်းငေါ့ မှတ်ပုံတင် မရှိ စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ကြုံနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလုံနေကြပြီး မှတ်ပုံတင်မရှိသည့် စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။

မိုင်းငေါ့တွင် စစ်ရှောင် (၂၀၀)ကျော် ရှိနေပြီး မှတ်ပုံတင် မရှိသည့်အတွက် ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“သူတို့တွေ စစ်ရှောင်လာတော့ စာရွက်စာတမ်းတွေ ဘာမှ မပါလာဘူး၊ တချို့က အသက်ပြည့်ပေမယ့် မှတ်ပုံတင်တွေ မရှိထားဘူး၊ အဲ့တော့ မှတ်ပုံတင်ရဖို့ လျှောက်ထားပေးတယ်၊ မရသေးလို့ မထိုးရသေးဘူး” ဟု မိုင်းငေါ့စစ်ရှောင်များကို ကူညီနေသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျန်းမာရေးဦးစီးဌာနက အသက် (၁၈)နှစ်အထက်ရှိသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိသော်လည်း စစ်ရှောင်များတွင် မှတ်ပုံတင် မရှိသူများ ရှိနေသည့်အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရခြင်း မရှိသေးတာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင် (၂၀၀)ဝန်းကျင်ထိ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် အစားအသောက်များ ခက်ခဲမှုတွေ ရှိနေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“သူတို့က နေရပ် ပြန်ချင်ပေမယ့် မပြန်ရဲသေးဘူး၊ ခုချိန်က အားလုံး ခက်ခဲနေကြတာဆိုတော့ အလှူရှင်တွေလည်း လျော့နည်းသွားတယ်၊ အဓိက က ဟင်းသီးဟင်းရွက်နဲ့ ဆီတွေ၊ ထင်းတွေ လိုအပ်နေတာ” ဟု မိုင်းငေါ့ စစ်ရှောင်ကူညီသူ ဦးထွန်းတင်က ဆိုသည်။

ကျောက်မဲ မြို့နယ်တွင် ယနေ့အချိန်ထိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသူများ၊ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ဆွေမျိုးနေအိမ်များတွင် နေထိုင်သူများအပါအဝင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၄၀၀၀)ဝန်းကျင်ထိ ရှိနေကြောင်း ကျောက်မဲစစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...