ကျောက်မဲ အထက်ရဲရွာရေအားလျှစ်စစ်ဝန်ထမ်း (၅၅)ဦး ကိုဗစ်ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ခြေကျေးရွာအနီးရှိ အထက်ရဲရွာရေအားလျှစ်စစ်စက်ရုံမှ ဝန်ထမ်း (၅၅)ဦးကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၁၁)ရက် ယမန်နေ့က အထက်ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ဝန်ထမ်း (၂၅၀)ကျော်အား RDT Test Kit ဖြင့် စစ်ဆေးရာ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် ဝန်ထမ်း (၅၅)ဦးထံမှ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

“မနေ့က ဝန်ထမ်းအားလုံး ကို စစ်လိုက်တာ၊ ပိုးတွေ့တာက (၅၅)ယောက်ရှိတယ်၊ အဲ့ထဲမှာ ကိုယ်ဝန်သည် တစ်ယောက်ပါတယ်၊ သူ့ကို လားရှိုးပို့ပေးလိုက်ပြီ” ဟု နောင်ပိန်ကျေးရွာမှ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကူးစက်လူနာများအား နောင်ပိန်ကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ဓမ္မာရုံသို့တွင် သယ်ဆောင် ထားရှိခဲ့တာဖြစ်ကြောင်း၊ ယနေ့ (အောက်တိုဘာ ၁၂) ညနေပိုင်းတွင် ပိုးတွေ့လူနာ (၄၉)ဦးအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

“သူတို့ကို နောင်ပိန်တိုက်နယ်ဆေးရုံကို သယ်လာတာ၊ ဒီမှာက နေရာမဆံ့တော့ ဓမ္မာရုံမှာ သွားထားရတယ်၊ အဲ့မှာက လူနေအိမ်နဲ့ နီးတော့ အဆင်ပြေတာတွေရှိလို့ ဒီနေ့ နေ့လည်မှာ ကျောက်မဲဆေးရုံကို ပြန်ပို့လိုက်တယ်” ဟု အထက်ပါ ပရဟိတအသင်းဝင်က ပြောသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်ကူးစက်လူနာ မြင့်တက်နေဆဲဖြစ်ပြီး ယခုလအတွင်း ကျေးရွာများတွင် ဒေသခံအစုလိုက် ကိုဗစ်ကူးစက်ခံရမှု ပိုမိုများလာကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ အစုလိုက် ကူးစက်ခံရခြင်းသည် ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရွာတွေမှာက စည်းကမ်းလိုက်နာမှု အရမ်းကို အားနည်းတာ၊ ဘယ်လိုပြောပြော လိုက်မလုပ်ကျဘူး၊ ကျနော်တို့တွေ ရွာထိ သွားပြီး အသိပညာပေးတယ်၊ ပြောပြတယ်၊ ဒါပေမယ့် လိုက်မလုပ်ကြဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပုံဝိုးကျေးရွာမှာလည်း (၁၀၀)ကျော် ပိုးတွေ့ခဲ့တယ်” ဟု နောင်ပိန်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့(အောက်တိုဘာ ၁၂)အထိ ကိုဗစ်ကူးစက်ခံရသူ (၁၆၀၀)ကျော်ထိ ရှိနေပြီး၊ ဆေးရုံဆင်းခွင့်ရသူ (၁၄၀၀)ကျော်နှင့် သေဆုံးသူ (၈၆)ဦး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...