ကျောက်မဲ
TNLA လက်လွှတ်ရဖွယ်ရှိနေသည့် ကျောက်မဲမြို့ထဲ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရ
သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ကြံ့ခိုင်ရေးပါတီရုံးတန်းလျားများ မီးရှို့ခံရပြီး အကြီးအကျယ် မီးလောင်ကျွမ်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်လွှတ်ရဖွယ် ရှိနေသည့် ကျောက်မဲမြို့ပေါ်တွင် ဌာနဆိုင်ရာ ရုံးများနှင့် ကားဂိတ်ဖွင့်လှစ်ထားသည့်...
ကျောက်မဲ သံဃာတစ်ပါးနှင့် မိသားစု ၃ ဦးကို စစ်တပ် သေနတ်ပစ်သတ်၊ ၁၆ နှစ်သမီး မုဒိမ်းကျင့်သတ်ခံရ
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သားများသည် သံဃာတစ်ပါးနှင့် သားအမိ(၃)ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထိုထဲတွင် အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ခံထားရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...
ကျောက်မဲ၊ သီပေါစစ်ရှောင် ၁ သောင်းကျော် စားနပ်ရိက္ခာပြတ်လပ်၊ အရေးပေါ်အကူအညီ လိုအပ်နေ
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်နှင့် သီပေါ၊ လားရှိုးမြို့ဘက်...
နေရပ်ပစ္စည်းပြန်ယူသည့် ကျောက်မဲ စစ်ဘေးရှောင် နှစ်ဦး မိုင်းနင်းမိသေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် ပန်မလုပ်ရွာတွင် စစ်ဘေးရှောင်နေရသော စစ်ဘေးရှောင် နှစ်ဦးသည် နေရပ်သို့ ပစ္စည်းပြန်ယူနေစဉ် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း စစ်ဘေးရှောင်ထံမှ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၁ ရက်) မွန်လွဲ ၃ နာရီတွင် ကျောက်မဲမြို့နယ် ပန်မလုပ်ရွာတွင် စစ်ဘေးရှောင်နေရသော အသက် ၃၉...
ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်ရှိရာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု TSU ပြင်းထန်စွာ ကန့်ကွတ်
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ စစ်ဘေးရှောင်ရှိရာ ဘုန်းကြီးကျောင်းပေါ် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးထိခိုက်ခဲ့ရခြင်းကို သျှမ်းကျောင်းသားသမဂ္ဂ (TSU) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (သြဂုတ် ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (သြဂုတ်လ ၂၀ ရက်)တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ...
ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ထိ ထပ်တိုးလာ
သျှမ်းပြည် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ ထပ်တိုးလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်စုစုပေါင်း ၂ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း၊ အများစုမှာ ကျောက်မဲမြို့အပြင်ဘက် နောင်ပိန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုသို့ စစ်ဘေးရှောင် ထပ်များလာရခြင်းမှာ ယခင်က...
ကျောက်မဲမြို့ပေါ် (၆)ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့ပေါ် နှစ်နေရာသို့ စစ်ကောင်စီတပ်မှ တစ်မနက်တည်းတွင် လေကြောင်းဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၃ ရက်) နံနက် ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်...
ကျောက်မဲမြို့နှင့်မိုးကုတ်မြို့ စစ်ကောင်စီ လေကြောင်းဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၃ ဦးထက်မနည်း သေဆုံးမှုရှိနေကြောင်း သိရသည်။ ယနေ့ ( ဇူလိုင်လ ၈ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာအနီးနှင့် နယ်စပ်ဒေသ...
ကျောက်မဲမြို့ စစ်ကောင်စီ ထပ်မံဗုံးကြဲ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့ ပြည်သူ အိမ်မောကျချိန် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး တစ်ဦးသေဆုံး၊ အရပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) မနက် ၁၂ ခွဲကျော် အချိန်တွင် ကျောက်မဲမြို့ ရပ်ကွက် ၇...





