ကျောက်မဲ သံဃာတစ်ပါးနှင့် မိသားစု ၃ ဦးကို စစ်တပ် သေနတ်ပစ်သတ်၊ ၁၆ နှစ်သမီး မုဒိမ်းကျင့်သတ်ခံရ

သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သားများသည် သံဃာတစ်ပါးနှင့် သားအမိ(၃)ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထိုထဲတွင် အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ခံထားရကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် စစ်ကော်မရှင်တပ်သည် နားအိုက်ခန့်ကျေးရွာအနီး စစ်ဘေးရှောင်များ ခိုလှုံနေသည့် တောင်ယာတဲများသို့ သွားရောက်ပြီး ရဟန်းတစ်ပါးနှင့် သားအမိ (၃) ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုထဲတွင် အသက် (၁၆) နှစ်အရွယ် မိန်းကလေးမှာ မုဒိမ်းကျင့်ခံထားရပြီး အဝတ်ဗလာဖြင့် ပက်လက်အနေအထား သေဆုံးလျက်ရှိကာ ခြေရင်းတွင် စစ်ကော်မရှင်တပ်သား၏ စစ်ဝတ်စုံနှင့် လက်နတ်ပြောင်းလည်း ချန်ထားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“အမေကျတော့ ရင်ဘတ်မှာ သေနတ်ပစ်ခံထားရတာ ထိုင်လျက် မြေကြီးပေါ် မှောက်လဲကျနေတာ၊ လွယ်အိတ်ထဲမှာလည်း ကျည်ဆံတစ်တောင့် ထည့်ထားသေးတယ်။ ယောကျာ်းလေးကိုကျတော့ လိင်အင်္ဂါနားမှာ သေနတ်နဲ့ ပစ်သွားတာ၊ ခေါင်းနဲ့ မျက်လုံးမှာလည်း ဒဏ်ရာရှိတယ်။ မိန်းကလေးကိုကျတော့ မုဒိမ်းကျင့်ပြီးမှ နားထင်မှာ သေနတ်နဲ့ ပစ်သွားတာ”ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ-နားအိုက်ခန့်ရွာ တောင်ယာတဲထဲ ရဟန်းတစ်ပါးနှင့် သားအမိသုံးဦး စစ်ကော်မရှင်တပ် သေနတ်ပစ်သတ် (ဓာတ်ပုံ-ပေးပို့)

တောင်ယာတဲထဲ စစ်ကော်မရှင်တပ်သားများ သေနတ်ပစ်သတ်ခဲ့သည့် သားအမိသုံးဦးမှာ မိခင်ဖြစ်သူ အသက် (၄၈) နှစ်အရွယ် ပါ့လျန်း၊ သားဖြစ်သူ အသက် (၁၂) နှစ်အရွယ် စိုင်းသန်းမောင်နှင့် မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် သမီးဖြစ်သူ အသက် (၁၆) နှစ်အရွယ် နန်းသိန်းဆာ တို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“စတွေ့တုန်းက တဲရှေ့မှာ သူ့အမေနဲ့ မောင်လေးက မှောက်အိပ်နေတာ။ မြောက်ဘက်က တဲထဲကို ထပ်သွားကြည့်တော့ မိန်းကလေး ကိုယ်ပေါ်မှာ ပုဆိုးနဲ့တစ်ပိုင်း သဘက်နဲ့တစ်ပိုင်း ဖုံးထားတာ၊ တကိုယ်လုံး အဝတ်ဗလာ ဖြစ်နေပြီ ဘာမှ မဝတ်ထားဘူး။ စစ်သားဝတ်စုံလည်း အဲ့နားချွတ်ထားတာ သေနတ်ပြောင်းနဲ့။ အမေလည်း ထိုင်ပြီးတော့ တောင်းပန်တယ် ထင်တယ် လက်အုပ်ချီပြီး မှောက်လျက်သေနေတာ”ဟု အဆိုပါ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပုံစာ-မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် အသက်(၁၆)နှစ်အရွယ် မိန်းကလေး (ဓာတ်ပုံ-ပေးပို့)

အဆိုပါ တစ်ရက်တည်း စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်း၌ နားအိုက်ခန့်ကျေးရွာအနီး စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေသည့် တောင်ယာတဲဘက်သို့ စစ်ကော်မရှင်တပ်သားများ လာရောက်စဉ် သက်တော် (၄၀) နှစ်အရွယ် ဦးဓမ္မအဂ္ဂ ဘွဲ့အမည်ရ ရဟန်းတစ်ပါးမှာ တဲထဲမှ ထွက်ခွာသွားခဲ့သည်။

၎င်းရဟန်းနောက်သို့ စစ်ကော်မရှင်တပ်သားများ လိုက်သွားပြီး ပြန်လာချိန်တွင် သေဆုံးနေသည့် ရဟန်းရုပ်အလောင်းကို တရွတ်တိုက် ဆွဲလာခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

“ဦးဇင်းနဲ့ အဖွဲ့က ရွာနားက တဲထဲမှာ ရှောင်နေတာ၊ ဘုန်းကြီးကလည်း အိပ်ယာထဲ လှဲနေတော့ ပြုစုနေရလို့ အဝေးကြီး မပြေးကြဘူး။ စစ်သားတွေ တဲဘက်ကို သွားတော့ ဦးဇင်းကိုတွေ့တာ၊ ဦးဇင်းကလည်း တဲထဲကနေ ပြောင်းဖူးခြံဘက် ထွက်သွားတာ။ စစ်သားတွေလည်း ဦးဇင်းနောက်ကို လိုက်သွားတာ၊ ပြန်လာတော့ ဦးဇင်းက ဆုံးနေပြီ သူ့အလောင်းကို စစ်သားတွေ တရွတ်တိုက် ဆွဲလာတာ”ဟု ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားသူများ၏ ရုပ်အလောင်းကို တောင်ယာတဲများတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များမှ ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်) နံနက်ပိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောသည်။

မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် မိန်းကလေးအလောင်းအနီး စစ်ကော်မရှင်တပ်သား စစ်ဝတ်စုံကျန်ခဲ့(ဓာတ်ပုံ-ပေးပို့)

ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာတွင် စစ်ကော်မရှင်တပ်သားများမှ အသက်မပြည့်သေးသော မိန်းကလေးငယ်အား အဓမ္မကျင့် သတ်ဖြတ်ကာ အပြစ်မဲ့ပြည်သူ ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ အရေးယူပေးရန် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို သျှမ်းကျောင်းသားများသမဂ္ဂ TSU မှ ယမန်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် နားအိုက်ခန့်နှင့် ခိုက်တုန်ဟုန်းကျေးရွာအနီး တောင်ယာတဲများတွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် (၅၀၀) ခန့်မှာ တောထဲရှိ လှိုဏ်ဂူများထဲ ထပ်မံထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

အလားတူ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက် စက်တင်ဘာလ တတိယပတ်အတွင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့သည် ကျောက်မဲမြို့နှင့် (၇) မိုင်ခန့် ကွာဝေးသည့် စခန်းသာကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကော်မရှင်တပ်ဘက်မှ ယမန်နေ့တွင် Y-12 စစ်လေယာဉ်ဖြင့် ဗုံးအလုံး (၅၀) ထက်မနည်း ကျောက်မဲမြို့နယ်ထဲ ကြဲချခဲ့ကာ လေကြောင်းပစ်ကူဖြင့် ဖိအားပေး တိုက်ခိုက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...