ကျောက်မဲ၊ သီပေါစစ်ရှောင် ၁ သောင်းကျော် စားနပ်ရိက္ခာပြတ်လပ်၊ အရေးပေါ်အကူအညီ လိုအပ်နေ

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်နှင့် သီပေါ၊ လားရှိုးမြို့ဘက် တစ်လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင်တာ တစ်လကျော်ပြီဆိုတော့ စားစရာလည်း ပြတ်ခါနီး ဖြစ်နေပြီ၊ လမ်းပိတ်ထားတော့ ဆန်လည်း ဝယ်ရခက်တယ်။ စစ်ရှောင်က တစ်သောင်းနား ကပ်နေတော့ ရိက္ခာအကူအညီ တော်တော်လေး လိုအပ်နေတယ်။ စစ်ဘေးရှောင်က ရွာတွေတိုင်းကို ပြည့်နေတာပဲ၊ နားအိုက်ခန့်တို့ စခန်းသာတို့လည်း ပြေးလာတာတွေကော ပြန်တိုးလာသေးတယ်”ဟု နောင်ပိန်စစ်ဘေးရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်စခန်း ၄၀ ကျော်တွင် ပြည်သူပေါင်း (၉၀၀၀) ကျော် တစ်လနီးပါး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ တောင်ယာတဲများတွင် ခိုလှုံနေသူ (၅၀၀) နီးပါးခန့်ရှိကြောင်း စာရင်းသိရပြီး ၎င်းစစ်ဘေးရှောင်များအတွက် ပုံဝိုးတိုက်နယ် သံဃာတော်များမှ ဦးဆောင်၍ အကူအညီ လက်ခံရရှိရေး ဆောင်ရွက်ပေးနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် နောင်ပိန်နှင့် အနီးပတ်ဝန်းကျင် ရွာများကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားပြီးနောက် တစ်လနီးပါး ကြာသည်အထိ ပြန်လည်ဝင်ရောက်ခွင့် မပြုသေးဘဲ နေအိမ်အများစုမှာ ဖောက်ထွင်းခိုးယူခံရခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“နောင်ပိန်ရွာထဲကတော့ မဝင်နေလို့ မရသေးဘူး၊ ကျောက်မဲရတဲ့အထိ ဆိုရင်တော့ ကြာဦးမယ်ထင်တယ်။ ရွာထဲ အိမ်ပြန်ကြည့်တာလည်း အကုန်လုံးနီးပါး ဖောက်ထွင်းခံထားရတယ်၊ အဝတ်အစားလောက်ပဲ ယူလာလို့ ရတယ်။ တချို့အိမ်ဆိုရင်လည်း ဆိုင်ကယ်တွေ ဆက်တီခုံတွေ အကုန်ခိုးခံရတာ။ လုပ်ပါရဲစခန်းမှာ စစ်သားတွေ စောင့်နေတာ”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ-နောင်ပိန်ဈေးရှိ ဆိုင်ခန်းများ ဖောက်ထွင်းခိုးယူခံထားရပုံ (ဓာတ်ပုံ-ဒေသခံ)

အလားတူ သီပေါမြို့နယ်အတွင်း ဆွတ်လန်း၊ နောင်အန်း၊ ခိုလုံ၊ ပန်စောက်မိန်း၊ မြို့ဟောင်းနှင့် နောင်အိမ် စသည့် ရပ်ကွက်/ကျေးရွာများရှိ စစ်ရှောင်စခန်း (၉) နေရာတွင် နောင်ပိန်၊ ကျောက်မဲဘက်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက်လည်း ကူညီထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာမှ စစ်ဘေးရှောင်နှစ်ဦးသည် ရိက္ခာပြတ်လပ်မှုကြောင့် ရွာထဲသို့ အရဲစွန့်ပြီး ပစ္စည်းပြန်ယူနေစဉ် တောလမ်းတစ်နေရာ၌ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း နောင်ပိန်စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် နောင်ပိန်ရွာထဲ တပ်စွဲထားသည့် စစ်ကော်မရှင်လက်အောက်ခံ တပ်မ-၁၁ သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး ကျောက်မဲမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် စခန်းသာရွာဘက်သို့ မြေပြင်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်လျက် ရှိကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...