TNLA လက်လွှတ်ရဖွယ်ရှိနေသည့် ကျောက်မဲမြို့ထဲ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရ

သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ကြံ့ခိုင်ရေးပါတီရုံးတန်းလျားများ မီးရှို့ခံရပြီး အကြီးအကျယ် မီးလောင်ကျွမ်းနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်လွှတ်ရဖွယ် ရှိနေသည့် ကျောက်မဲမြို့ပေါ်တွင် ဌာနဆိုင်ရာ ရုံးများနှင့် ကားဂိတ်ဖွင့်လှစ်ထားသည့် ကြံ့ခိုင်ရေးပါတီ ရုံးတန်းလျား မီးရှို့ခံရပြီး အကြီးအကျယ် လောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – မီးရှို့ဖျက်ဆီးခံထားရသည့် ကျောက်မဲမြို့ မီးသတ်ရုံး (ဓာတ်ပုံ-ဒေသခံ)

“နေ့လယ် ၁ နာရီကျော်က မြို့မရဲစခန်းနဲ့ သစ်တောရုံးဘက် မီးစလောင်တာ၊ အဲ့ဘက်က ပင်လုံလမ်းလည်း ဖြတ်သွားလို့ မရဘူး။ ၃ နာရီလောက်ကျတော့ ကြံ့ခိုင်ရေးရုံး ကားကွင်းဘက်လည်း ထပ်ရှို့ခံရတယ်၊ မီးများတယ် မီးခိုးလိပ်တွေ ထောင်တက်နေတာ။ ရုံးတွေကို လက်နက်ကိုင်ဘက်က မီးလိုက်ရှို့နေတယ်လို့တော့ ပြောနေကြတယ်”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ်ရှိ TNLA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ဌာနဆိုင်ရာရုံးများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ အသေးစိတ် ဆက်လက်စုံစမ်းနေသည်။

Banner

လက်ရှိတွင် ကျောက်မဲမြို့ကို မြေပြင်ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သည် စစ်ကြောင်းနှစ်ကြောင်းဖြင့် မြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် ခိုမုန်းကျေးရွာတွင် TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းဖြင့်လည်း ဖိအားပေး တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နှင့် သီပေါမြို့သည် လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မြို့နယ်စာရင်းထဲတွင် ပါဝင်ထားခြင်းကြောင့် ယင်းမတိုင်မီ ပြန်လည်ထိန်းချုပ်နိုင်ရန် TNLA ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...