Tuesday, April 30, 2024

ကုန်းသာကျေးရွာ

နမ့်ဆန်မြို့ တိုက်ပွဲငြိမ်ပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲငြိမ်သက်နေသော်လည်း ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၁၀၀၀) နီးပါး ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က စစ်ကောင်စီ နှင့် တအာင်း ( ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

TNLA ကို ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် နားလည်မှုလွှဲခြင်းဟု စစ်ကောင်စီ ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအတွင်း TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းလိုင်း နှင့် ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် နားလည်မှု လွှဲခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၁၇) ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၁၇) ရက်က စစ်ကောင်စီ မှ...

နမ့်ဆန်စစ်ရှောင်ကို ကူရန်သွားသည့် အဖွဲ့အစည်း စစ်ကောင်စီ စစ်ဆေးမေးမြန်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့အတွင်းရှိ စစ်ဘေးရှောင်များကို သွားရောက် ကူညီသည့်အဖွဲ့အစည်းများအား အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄) ရက်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီး ဘုန်းကျောင်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များကို စားနပ် ရိက္ခာနှင့် အဝတ်အထည်များ သွားရောက် ကူညီထောက်ပံ့ပေးသည့်...

နမ့်ဆန်မြို့နယ် စစ်ကောင်စီမှ လေယာဥ်ဖြင့် ထပ်မံ ဗုံးကြဲ ရွာသား ၂ ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးထပ်မံ လာရောက်ကြဲချမှု ကြောင့် ရွာသား ၂ ဦး သေဆုံးရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်တွင် ပျက်စီးနေသော ကုန်းသာဘုန်းကြီးကျောင်းသို့ ရွာသားများ ရှင်းလင်းရေး သွားလုပ်နေစဥ် စစ်ကောင်စီမှ လေယာဥ် နှစ်စီး ဝဲပျံလာပြီး...

နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီ အများပြားသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ယနေ့ ၁၃...

နမ့်ဆန်မြို့ရောက် စစ်ဘေးရှောင်များ အဝတ်ထည်နှင့် ရေ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အဝတ်အထည် နှင့် ရေများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ပြည်သူ (၁,၀၀၀) ကျော် နမ့်ဆန်မြို့ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း သိရသည်။ စစ်ဘေးရှောင် များပြားသောကြောင့် နေထိုင်ရာအတွက် ရေများခက်ခဲနေပြီး...

စစ်ကောင်စီက ဘာကြောင့် TNLA ကို အပြင်းအထန်တိုက်ခိုက်နေလဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီးရှိ TNLA တပ်စခန်းကို ဒီဇင်ဘာ (၇) ရက်က စပြီး စစ်ကောင်စီက လေကြောင်း နဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေကြောင့် စစ်ရှောင် (၁,၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တိုက်ပွဲ အခြေနေနဲ့ ပတ်သက်ပြီး တအာင်း...

သီပေါမှ စစ်ဘေးရှောင် တချို့ စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေရပ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကုန်းသာကျေးရွာအုပ်စု ဒေသခံပြည်သူများ တချို့သည် စိုးရိမ်ကြောက် လန့်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်း သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သီပေါမြို့ ဘိုးတော်အောင်မင်္ဂလာ ကျောင်းတိုက်သို့ ရောက်ရှိလာသော ကုန်းသာကျေးရွာအုပ်စုမှ ဒေသခံ ၄၀၀ ကျော်တို့သည် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း စစ်ရှောင်ကူညီပေးနေသူများက...

မိုးဗြဲမြို့ အနီးပတ်ဝန်းကျင်က စစ်ရှောင်များ အချိန်မှီ ရိက္ခာမရနိုင်ပါက အစာပြတ်မည်ဟုဆို

သျှမ်းပြည်တောင်ပိုင်း ကရင်နီပြည် (ကယားပြည်) နယ်စပ် မိုးဗြဲမြို့ အနီးပတ်ဝန်းကျင်ရှိ တောထဲရောက်ရှိနေသည့် စစ်ဘေးရှောင်များ အချိန်မှီ ရိက္ခာ အကူအညီ မရနိုင်ပါက အစာပြတ်နိုင်မည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့...

သီပေါမြို့နယ် ကုန်းသာကျေးရွာပြည်သူများကို စစ်ကောင်စီက ရိုက်နှက် ပိုက်ဆံတောင်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာနေ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ပြီး ငွေတောင်းခံယူမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၄ ရက် မနက်အစောပိုင်းတွင် ကုန်းသာကျေးရွာထဲသို့ ဆက်ကြေးလာကောက်သော လက်နက်ကိုင်အဖွဲ့ နာမည်ကို စစ်ကောင်စီက လာရောက်မေးမြန်းရာ ပြည်သူများက မဖြေချင်သောကြောင့် ဒူးထောက်ခိုင်းပြီး ရိုက်နှက် ခဲ့ကြောင်း...

Latest news