မိုးဗြဲမြို့ အနီးပတ်ဝန်းကျင်က စစ်ရှောင်များ အချိန်မှီ ရိက္ခာမရနိုင်ပါက အစာပြတ်မည်ဟုဆို

သျှမ်းပြည်တောင်ပိုင်း ကရင်နီပြည် (ကယားပြည်) နယ်စပ် မိုးဗြဲမြို့ အနီးပတ်ဝန်းကျင်ရှိ တောထဲရောက်ရှိနေသည့် စစ်ဘေးရှောင်များ အချိန်မှီ ရိက္ခာ အကူအညီ မရနိုင်ပါက အစာပြတ်နိုင်မည်ဟု စုံစမ်းသိရှိရသည်။

စစ်ရှောင်များ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင် နေရသည့် ဒေသခံ များသည် ကျေးရွာသို့ ရိက္ခာပြန်ယူနိုင်ခြင်းလည်း မပြုနိုင်သည့်အတွက် စားနပ်ရိက္ခာခက်ခဲနေရကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို ထိတွေ့တိုက်ပွဲတွေ ပြန်များလာပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ နဲ့ နေ့တိုင်းပစ်နေလို့ ရွာထဲပြန်ပြီး ရိက္ခာယူနိုင်ဖို့က ခက်ခဲတယ်။ လက်နက်ကြီးသံ ငြိမ်သွားမှ ဝင်ရဲတာ၊ တစ်နေ့ကို လက်နက်ကြီး ၄/၅ လုံးလောက် နေ့တိုင်းနီးပါး ပစ်နေတော့ ကြောက်ရတယ်။ ဒါပေမယ့် အခြေအနေကြည့်ပြီး ရိက္ခာယူနိုင်အောင် စွန့်စားရတယ်” ဟု တောထဲရောက်နေသည့် ကုန်းသာကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသခံ PDF တို့၏ ထိတွေ့ တိုက်ပွဲ ထပ်မံပြင်းထန်လာခဲ့ပြီးသည့်နောက် ကုန်းသာတောင်ပေါ်တွင် နေရာယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ သည် ကုန်းသာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးဖြင့် နေ့စဥ်နီးပါး ပစ်ခတ်နေကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် တောထဲသို့ စစ်ရှောင်ရသည့် ပြည်သူများ နေရပ်ပြန် ရိက္ခာယူရန်လည်း ခက်ခဲနေကြောင်း သိရသည်။

“တခါတလေတော့လည်း သေမထူး နေမထူးတော့ဘူးဆိုပြီး လက်နက်ကြီးသံ ငြိမ်တာနဲ့ ရွာထဲကို ပြေးဝင်ပြီး ယူစရာရှိတာယူပြီး ပြန်လာတာ၊ လက်နက်ကြီးက ဘယ်ကနေ ဘယ်အချိန် လာမယ်မှန်းမသိလို့ ထိလို့သေရင်လည်း ကံပေါ့၊ ပြီးခဲ့တဲ့တစ်ပတ်က ရွာပြန်ချိန် ရွာဘေးမှာ ၅ လုံး/ ရွာလယ်မှာ ၂ လုံး လက်နက်ကြီး ကျထားတာ တွေ့ရတယ်” ဟု ကုန်းသာရွာခံ အမျိုးသားက ဆက်ပြောသည်။

လက်ရှိ ကျန်ရှိနေသေးသည့် ရိက္ခာများဖြင့် တစ်ပတ်အတွင်းသာ လုံလောက်နိုင်ချေရှိသည့်အတွက် အချိန်မှီ စားနပ်ရိက္ခာအကူအညီ မရပါက အစာပြတ်နိုင်ကြောင်း စစ်ရှောင်များက ပြောသည်။

မိုးဗြဲမြို့ ကုန်းသာကျေးရွာအုပ်စု အနီးတစ်ဝိုက်ရှိ တောထဲသို့ ရောက်ရှိနေသည့် စစ်ရှောင်လူဦးရေသည် ၅,၀၀၀ နီးပါးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အထိ စစ်ရှောင်ကူညီရေးကော်မတီမှ ထောက်ပံ့သည့် စားနပ် ရိက္ခာများ ရရှိသော်လည်း ထိတွေ့ တိုက်ပွဲထပ်မံဖြစ်လာပြီးသည့်နောက် ဆက်သွယ်ရေး လမ်းကြောင်းခက်ခဲမှုကြောင့် ပြင်ပအကူညီများ မရသည်မှာ တစ်လကျော် ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...