Wednesday, January 28, 2026

TNLA ကို ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် နားလည်မှုလွှဲခြင်းဟု စစ်ကောင်စီ ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအတွင်း TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းလိုင်း နှင့် ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် နားလည်မှု လွှဲခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၁၇) ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

စစ်ကောင်စီမှ ထုတ်ပြန်လာသည့် ပုံ

ယမန်နေ့ ဒီဇင်ဘာ (၁၇) ရက်က စစ်ကောင်စီ မှ ကုန်းသာကျေးရွာသို့ မြေပြင် အပါအဝင် လေကြောင်းလိုင်း မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် NUG၊ PDF၊ CRPH တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် ဖြစ်ပွားသည့် တိုက်ပွဲသည် နားလည်မှု လွှဲခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရဟတ်ယာဥ် ၊ ဂျက်ဖိုက်တာ (၁၀) စီးကျော် အသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှု (၅၀) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်မှ စတင်ပြီး ဒီဇင်ဘာ (၁၃) ရက်အထိ အာဏာသိမ်းစစ်ကောင်စီ တပ်သား အလောင်း ၄၇ လောင်းတွေ့ရပြီး၊ အရှင်လတ်လတ် စစ်သုံ့ပန်းအဖြစ် ၂၄ ဦးကို TNLA တပ်ဖွဲ့မှ ဖမ်းဆီး ထားကြောင်း စစ်မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ကုန်းသာကျေးရွာ လုံးကျွတ် ပျက်စီးသွားခဲ့သည်။

ဒီဇင်ဘာ (၇) ရက်မှ (၁၂) ရက်နေ့ထိ တိုက်ပွဲကာလ အတွင်း စစ်ကောင်စီဘက်မှ တိုက်လေယာဥ် ရဟတ်ယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ရှိသည့် အတွက် ကုန်းသာကျေးရွာသို့ လက်နက်ကြီး ကျပြီး ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူ့နေအိမ် ရွာလုံးကျွတ်နီးပါး ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...