နမ့်ဆန်မြို့နယ် စစ်ကောင်စီမှ လေယာဥ်ဖြင့် ထပ်မံ ဗုံးကြဲ ရွာသား ၂ ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးထပ်မံ လာရောက်ကြဲချမှု ကြောင့် ရွာသား ၂ ဦး သေဆုံးရကြောင်း သတင်းသိရသည်။

ရွာသားသေဆုံးမှု

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်တွင် ပျက်စီးနေသော ကုန်းသာဘုန်းကြီးကျောင်းသို့ ရွာသားများ ရှင်းလင်းရေး သွားလုပ်နေစဥ် စစ်ကောင်စီမှ လေယာဥ် နှစ်စီး ဝဲပျံလာပြီး ဗုံး ၅ လုံးဖြင့် ထပ်မံလာရောက် ကြဲသဖြင့် ရွာသား ၂ ဦး ဗုံးထိမှန် သေဆုံးသွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကုန်းသာဘုန်းကြီးကျောင်းမှာ ပျက်စီးသွားတာတွေကို သွားရှင်းနေတဲ့အချိန် စကစက ထပ်ပြီးတော့ လေယာဥ်နဲ့ ဗုံးထပ်ချလို့ ရွာသား ၂ ဦး သေသွားရတယ်၊ စုစုပေါင်း ၅ လုံး ချသွားတာ၊ တခြားသူက ထိခိုက်ပွန်းပဲ့ အနည်းငယ် ရတယ်“ ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရွာသားနှစ်ဦးသည် ကုန်းသာရွာခံ ဖြစ်ကြပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားစဥ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး နှင့် ဗုံးကြဲချမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် ကုန်းသာဘုန်းကြီးကျောင်းဝန်းထဲ ရှင်းလင်းရေး လုပ်နေစဥ် စစ်ကောင်စီမှ လေယာဥ်ဖြင့် ရောက်လာပြီး ဗုံးထပ်မံကြဲချမှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး တခြား ရွာသားများလည်း ထိခိုက်ပွန်းပဲ့ ဒဏ်ရာ ရသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ မှ စတင်ကာ နမ့်ဆန်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဒီဇင်ဘာ ၁၃ ရက်၌ စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် ထပ်မံ ဗုံးလာကြဲကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်တွင်လည်း တိုက်ပွဲကြောင့် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး ပျောက်ဆုံးသော ပြည်သူများသည် စစ်ရှောင်စခန်းသို့ ရောက်ရှိလာကြောင်း သတင်းသိရသည်။

တောထဲ လမ်းပျောက်ရာမှ ပြန်ရောက်လာသော စစ်ရှောင်များသည် ကုန်းသာရွာခံ အများစု ဖြစ်ကြပြီး၊ ပိန်းလုံရွာ၊ ဟူးမန်းရွာ တို့မှ ဒေသခံများလည်း ပါဝင်ကြောင်းသိရသည်။

“တောထဲမှာ တစ်နေရာ နဲ့ တစ်နေရာ တိုက်ပွဲကိုရှောင်ပြီး လမ်းပျောက်သွားကြတာတဲ့၊ အခုတော့ စစ်ရှောင်စခန်းကို ပြန်ရောက်လာကြပြီ၊ ဒါပေမဲ့ သူတို့ အိမ်တွေတော့ မရှိတော့ဘူး၊ လက်နက်ကြီးကျလို့ ပျက်စီးကုန်ကြပြီလေ ” ဟု နမ့်ဆန်မြို့မှ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောထဲ စစ်ရှောင် ထွက်ပြေးပြီး လမ်းပျောက်သူ ၄၀ ဦး နီးပါးရှိကာ ထိုထဲတွင် ကလေးငယ် ၁၀ ဦး ထက်မနည်းရှိပြီး လမ်းမလျှောက်နိုင်သည့် သက်ကြီးပိုင်း ၂ ဦး လည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း စစ်ကောင်စီ၏ တိုက်လေယာဥ် ရဟတ်ယာဥ်များက နမ့်ဆန်မြို့နယ်ပေါ် ပျံဝဲနေဆဲဖြစ်သည့်အတွက် ဒေသခံများက နေရပ်ပြန်ရန် အဆင်မပြေသေးပေ။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသည် ကျည်ဆံအများအပြား ပြန့်ကျဲနေပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီး နှင့် စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားသည့် မြေမြှုပ်မိုင်းများလည်း ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...