TNLA
မိုးကုတ်တွင် ဂေါ်ရခါးလူမျိုးများကို TNLA တပ်သားသစ်စုဆောင်းနေ
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဂေါ်ရခါးလူမျိုးများကို တပ်သားသစ် စုဆောင်းနေကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒုစရိုက်မှုများကြောင့် လုံခြုံရေး ခြိမ်းခြောက်ခံနေရသော မိုးကုတ်မြို့တွင် မြို့ကာကွယ်ရန်အတွက် တစ်ရပ်ကွက် ၃ ဦး စစ်မှုထမ်းရန် မတ်လကတည်းက TNLA ဘက်က ဂေါ်ရခါးလူမျိုးများကို...
TNLA ထိန်းချုပ် ကျောက်မဲမြို့ အသက် (၆) နှစ်အရွယ် ကလေးတစ်ဉီး သတ်ခံရ၊ တရာခံ လွတ်မြောက်နေဆဲ
သျှမ်းပြည် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် အသက် (၆) နှစ်အရွယ်ရှိယောင်္ကျားလေးတစ်ဉီး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် ညနေပိုင်းတွင် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးကို အိမ်နီးနားချင်းမှ အမျိုးသားတစ်ဦးက ခေါ်ဆောင်သွားပြီး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ရုတ်တရက်...
TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...
နောင်ချို နေရပ်ပြန်စစ်ရှောင်အချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးမှုရှိ၊ ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ဟုဆို
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA...
TNLA ထိန်းချုပ် ကျောက်မဲမြို့ထဲ စစ်ကောင်စီတပ် ဗုံးထပ်ကြဲ
သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဆေးခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၆) ရှိ ဇေယျာဖြိုးဆေးခန်းနှင့်...
မာရှယ်လောကြေညာပြီးနောက် မိုးကုတ်မြို့ပေါ် လေကြောင်းဗုံးကြဲခံရမှု အရပ်သား ၃၀ နီးပါး သေဆုံးဒဏ်ရာရ
သျှမ်း-မန္တလေးနယ်စပ် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်သို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၁၂) ဦး သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၈ နာရီခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
လေကြောင်းနဲ့ အကြမ်းဖက်ဖို့ လှုံဆော်နေတဲ့ စစ်ကောင်စီ ဝါဒဖြန့်မှုများကို စိစစ်ခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ စခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို တွန်းလှန်တဲ့ တိုက်ပွဲတွေကြားမှာ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခံရမှုဟာ တနေ့တခြား ပိုတိုးလာနေပါတယ်။ စစ်အာဏာသိမ်းမှု (၄) နှစ်ကျော် ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီဖက်ကနေ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၇,၀၁၀ ဦး သေဆုံးခဲ့တယ်လို့...
မူဆယ် – နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးကို TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်
သျှမ်းပြည် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမကြီးကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ကြောင်း သိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) မနက် ၆ ရက်နာရီတွင် မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်မကြီးကို အကြောင်းရင်းမဲ့ တအာင်း(ပလောင်)...
ကွတ်ခိုင်နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကလေးအပါအဝင် အရပ်သား (၇) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့ပေါ်သို့ လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် (၆) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...
သီပေါမြို့ပေါ် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်) ည ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး...





