TNLA

ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များကို ဒုက္ခသည်ဟု အမည်ပြောင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းများသည် နေရပ်ကို မပြန်နိုင်သေးသောကြောင့် ဒုက္ခသည်များဟု အမည်ပြောင်းခေါ်ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန်အတွက် စစ်ရှောင်ကော်မတီများနှင့် ညှိနှိုင်းခဲ့ပြီး စစ်ဘေးရှောင်များနေရပ်သို့မပြန်နိုင်သေးသဖြင့် စစ်ဘေးရှောင်စခန်းများကို ဒုက္ခသည်စခန်းအဖြစ်ပြောင်းလဲခေါ်ဆိုကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရသည်။ “ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့...

သိန္နီမြို့နယ် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား၊ ကားလမ်းပိတ်ထားရ

သျှမ်းပြည် မြောက်ပိုင်း သန္နီမြိုနယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်မှ ကွမ်လုံဘက်သွားသည့် လမ်းပိုင်းရှိ ပန်တီးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံ...

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ မှ တစ်ဖက်သတ် လက်နက်ပစ်ခတ်နေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့သစ်ကျးရွာဘက်တွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ် ပစ်ခတ်ခဲ့ကြောင်း သတင်း သိရသည်။ ယနေ့ အောက်တိုဘာ ၃၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ သေနတ်ပစ်ခတ်သံများ တစ်ဖက်သတ် ထွက်ပေါ်လာကြောင်း ဒေသခံများက...

မိုင်းဝီးပြည်သူများ မြို့တက်စပါးမရောင်းရန် လက်နက်ကိုင်တပ်ဖွဲ့ မှ တားဆီးပိတ်ပင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသခံများကို မြို့တက်ပြီး စပါးမရောင်းရန် လက်နက်ကိုင်တပ်ဖွဲ့မှ တားဆီးနေကြောင်း စုံစမ်းသိရှိရပါသည်။ ယခု အောက်တိုဘာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ပြီး မိုင်းဝီးပြည်သူများ စပါးစိုက်ချိန်တွင် ချေးယူထားသည့် အရင်းအနှီးငွေကြေးများကို ပြန်ဆပ်ရမည် အချိန်ဖြစ်နေကြောင်း မိုင်းဝီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လက်ရှိ အချိန်က တောင်သူလယ်သမားတွေ ကောက်စိုက်စရိတ်တို့...

TNLA နှင့် PDF တို့ ပူးပေါင်းပြီး မူဆယ် – မန္တလေး ကားလမ်းမပေါ် ပိုက်ဆံကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ် - မန္တလေး ကားလမ်းမပေါ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး အရင်ထက် ပိုမို အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈...

နမ်ႉခမ်းမြို့နေ ပြည်သူများ အခွန်ပေးဆောင်မှုပျက်ကွက်ပါက အရေးယူမည်ဟု KIA ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရောက်ရှိ လှုပ်ရှားနယ်မြေအတွင်းနေ ဒေသခံ ပြည်သူများအနေဖြင့် အခွန်ဆက်ကြေး ပေးဆောင်မှု ပျက်ကွက်ပါက အရေးယူသွားမည်ဟု KIA ထုတ်ပြန် ထားသည်။ အဆိုပါ အခွန်ဆက်ကြေး ပေးဆောင်ရမည်မှာ KIA အမှတ် (၄) ၊ အမှတ် (၆)...

နောင်ချိုမြို့နယ် စစ်ကောင်စီ နှင့် TNLA စစ်အင်အားဖြည့်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် စစ်အင်အား အပြိုင်ဖြည့်တင်းမှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု အောက်တိုဘာလအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တပ်အမှတ် ၁၁၄...

နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅)...

နမ့်ခမ်းမြို့မစျေးထဲ ပစ်ခတ်သံကြားရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၅)ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် ရောက်လာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာ (၂၅) ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် နမ့်ခမ်းမြို့မစျေးထဲသို့ အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်လာပြီး စျေးအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့မစျေးက...

မူဆယ်မြို့ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်သွယ်မရသေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စက်မှုနယ်မြေ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ (၁၀) အိမ်မှူးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ “ဘယ်သူ လာဖမ်းသွားလဲမသိရဘူး။ အခုချိန်ထိ...

Latest news