မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့ PDF ရှိသည့်နေရာကို လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။

စစ်မြေပြင်တစ်နေရာမှာ စစ်ကောင်စီက လေကြောင်းလိုင်းနဲ့ လာရောက်တိုက်ခိုက်စဥ်

ယမန်နေ့ (ဒီဇင်ဘာလ ၇) ရက်တွင် စစ်ကောင်စီသည် ဂျက်လေယာဥ် ၅ စီးဖြင့် မိုးမိတ်မြို့ အခြေစိုက် ခမရ ၃၄၈ သို့ ရောက်ရှိလာပြီးနောက် ဂျက်လေယာဥ် ၂ စီးက မိုးမိတ်မြို့နယ် မိုးလိုရွာရှိ တောင်ကြော တစ်လျှောက်ကို လက်နက်ကြီး ၅ လုံး ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုးလိုတောင်ကြောဘက်မှာ KIA/PDF တွေ ရှိတယ်လို့ စစ်ကောင်စီတွေက ထင်လို့ လေယာဥ် နဲ့ လာပြီးတော့ ဗုံးကြဲ တိုက်ခိုက်သွားတယ်၊ ဒါမတိုင်ခင်မှာ စစ်ကောင်စီ နဲ့ KIA/PDF တို့က အဲ့နားတဝိုက်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးတယ်၊ အခုလည်း စစ်အင်အားတွေ ထပ်ဖြည့်လာတယ်ဆိုတော့ တိုက်ပွဲပိုဖြစ်မယ်ထင်တယ်” ဟု မိုးမိတ်မြို့နယ်အတွင်း လှုပ်ရှားသည့် SSPP/SSA အရာရှိက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈/၂၉ ရက်နှင့် ဒီဇင်ဘာလ ၃ ရက်နေ့တို့တွင် မိုးမိတ်မြို့နယ် မိုးလိုရွာ တောင်ကြောအနီး ပတ်ဝန်းကျင်၌ အာဏာသိမ်း စစ်ကောင်စီ နှင့် KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တပ်ဖွဲ့ အသေအကျများပြား ကြောင်းလည်း သိရသည်။

“ကျနော်တို့ သိရတဲ့ စာရင်းအရတော့ တိုက်ပွဲသုံးရက်မှာ စကစဘက်က ၈၀ ကျော် ကျတယ်၊ ဒဏ်ရာရတဲ့ သူလည်း များတယ်၊ သူတို့ (စကစ)ရဲ့ အသေအပျောက်လူတွေကို လေယာဥ်နဲ့သယ်ပြီး မိုးမိတ်ဆေးရုံနဲ့ ခမရ ၃၄၈ ထဲကို ပို့ပေးတယ်လို့ ပြောတယ်၊ KIA/PDF ဘက်က ၂၀ လောက်ကျတယ်” ဟု မိုးမိတ်မြို့မှ SSPP/SSA အရာရှိက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားနှင့် ရိက္ခာအင်အား တို့ကို မိုးမိတ်အခြစိုက် ခမရ ၃၄၈ သို့ ဖြည့်တင်းနေကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ရှိသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက်မရသေးပေ။

လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် သော်လည်းကောင်း မြေပြင် စစ်အားဖြင့် သော်လည်းကောင်း စစ်သား အင်အားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင်နေပြီး နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာနေလျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် ယမန်နေ့( ဒီဇင်ဘာ ၇) ရက်မှ ယနေ့အချိန်ထိ သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ကို လေယာဥ် ၆ စီးဖြင့်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေး ယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုများလည်း ထွက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...