မူဆယ်တွင် တပိုင်တနိုင် ဈေးသည်များကို TNLA အခွန်ကောက်ခံ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တပိုင်တနိုင် ဈေးသည်များကို တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်က အခွန်ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

TNLA မှ ဆက်ကြေးလာကောက်သည့် ကတ်

ယခင်တွင် ဘဏ်များ၊ ကုမ္မဏီာများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုသာ အခွန်ကောက်ယူ သော်လည်း ယခု (အောက်တိုဘာလ) အတွင်းမှာ တပိုင်တနိုင် ဖွင့်လှစ်ထားသော အိမ်ဈေးဆိုင်များကို တစ်နှစ်စာအတွက် ကျပ် ၁၅ သိန်း အခွန်ဆောင်စေရန် လိပ်စာကဒ်များ ပေးဆောင်လာကြောင်း မူဆယ်မြို့မှ အမည်မဖော်လိုသူ ဈေးသည်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့က တပိုင်တနိုင်နဲ့ အိမ်မှာဈေးရောင်းတာ ဒီပုံစံအတိုင်းတစ်နှစ်လုံးရောင်းမှ အမြတ် ကျပ် ၁၅ သိန်း မရှိဘူး။ လမ်းဘေးဈေးဆိုင်ငယ်တွေ မကျန်တောင်းတယ်။ သူတို့ကအဲ့လောက် အတောင်းကြမ်းလာတော့ ကျမတို့ပြည်သူတွေလည်း ပေးရခက်၊ မပေးရခက်နဲ့ စိတ်မလုံခြုံမှုတွေ ခံစားရတယ်။ ဘယ်လိုမှ မပျော်တော့ဘူး “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

မူဆယ်မြို့

တပိုင်တနိုင် အိမ်ဈေးဆိုင် ဖွင့်လှစ်ထားသည်မှာ သက်တမ်း (၁၀) နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း တစ်ကြိမ်မျှ အခွန်မဆောင်ခဲ့ရ ဖူးကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ အခွန်ကောက်ခံခြင်းနှင့် ပတ်သတ်ပြီး TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေး ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

“ အခုလို ခက်ခဲတဲ့ကာလခေတ်ကြီးမှာ ကျပ် ၁၅ သိန်းပေးဖို့ ဘယ်သူမှ မတက်နိုင်ဘူး။ တတ်နိုင်တဲ့သူတွေတော့ ပေးတယ်။ အဲ့လောက်ကြီး မပေးရဖို့၊ အခွန်မဆောင်ရဖို့ အတွက် သူ့တို့ကို တောင်းဆိုချင်ပါတယ် “ ဟု ၎င်း အထက်ပုဂ္ဂိုလ် အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

မူဆယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ဖြစ်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအောင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် TNLA နှင့် ကချင်အမျိုးသား လွှတ်လပ်ရေး တပ်မတော် KIA များလှုပ်ရှားသောနယ်မြေဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပြည်သူ့ထံ အခွန်ကောက်ခံကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...