TNLA
ကျောက်မဲမြို့စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ် ဗီဒီယိုဖိုင်အမှား
ချင်းပြည်နယ်မှ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင် ၃ ဦးကို ပလောင်စကားမတတ်ဟုဆိုကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပစ်သတ်ခဲ့တယ်လို့ သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ် Ka Ka Han အကောင့်ကနေ ဖြန့်ချိခဲ့ပြီး“ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ...
နောင်ချိုမြို့လယ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ပြည်သူနေအိမ် ၁၀ လုံးကျော် ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိမှန်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၉ ရက် ည ၁၀ နာရီခွဲကျော်ခန့်တွင် နောင်ချိုမြို့ပေါ် ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀...
ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီး
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၃၀ ရက်) ည ၁၁ နာရီခွဲခန့်တွင် ကျောက်မဲမြို့ ရပ်ကွက်(၁) ပင်လုံလမ်းမကြီးပေါ်ရှိ One Love ဟိုတယ်အနီးသို့...
ကျောက်မဲ မိသားစုလိုက် လက်နက်ကြီး ထိမှန်သေဆုံးမှု မြှင့်တက်
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲအကြား လက်နက်ကြီးကြောင့် မိသားစုလိုက် ထိမှန်သေဆုံးမှု မြှင့်တက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၉ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ အထက-(၁) ကျောင်းရှေ့တွင် စစ်ကောင်စီတပ်မှ...
ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲခံရမှုကြောင့် ပြည်သူထောင်နှင့်ချီ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး ကျောက်မဲမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်မှ မြို့ပေါ်သို့ နေ့ရောညပါ...
ကျောက်မဲ လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၇ ဦးအထက် သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ရက်တည်း အရပ်သားထိခိုက်သေဆုံးသူ ၈ ဦးခန့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈)တွင် ၄ဦး၊...
ကျောက်မဲမြို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၅ ရက်မှစ၍ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက...
သျှမ်း-မန္တလေးနယ်စပ် ဝက်ဝံရှိ မူးယစ်ဂိတ်ကို TNLA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်
သျှမ်းပြည်နှင့် မန္တလေးတိုင်းနယ်စပ် ဝက်ဝံကျေးရွာရှိ ရဲစခန်းနှင့် မူးယစ်ဂိတ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၈ ရက်) နံနက် ၅ နာရီကျော်မှ စတင်ပြီး နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့်...
ဗုံးကြဲနေသည့်ကြားက မိုးကုတ် ကျပ်ပြင် ရဲစခန်းကို TNLA သိမ်းပိုက်
SHAN -
သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် ကျပ်ပြင် ရဲစခန်းကို ယနေ့ (ဇွန် ၂၇ ရက်) ညနေပိုင်းက TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောသည်။ TNLA-PDF ပူးပေါင်းတပ်များ မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်၊...
နောင်ချိုမြို့ပေါ် လေယာဉ်ပျံဝဲနေပြီး စစ်ကောင်စီလက်ကျန်တပ်စခန်းကို TNLAနှင့် PDF ပူးပေါင်းအဖွဲ့ ဆက်လက်တိုက်ခိုက်
သျှမ်းပြည် နောင်ချိုမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းပျံဝဲနေပြီး လက်ကျန်တပ်စခန်းဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တပ်ရင်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့တွင် နောက်ဆုံးကျန်ရှိသည့်...





