TNLA
ကျောက်မဲနှင့် နောင်ချိုမြို့ကို TNLA ထိန်းချုပ်၊ နောင်ပိန်ဂုတ်တွင်းအနီး တိုက်ပွဲဆက်လက်ပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ယမန်နေ့ (ဇွန်လ ၂၆ ရက်) ညပိုင်းတွင် ထိန်းချုပ်လိုက်နိုင်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ...
ကျောက်မဲ ပြည်သူ့ဆေးရုံနှင့် အမြောက်တပ်ကို TNLA ထိန်းချုပ်၊ လက်နက်ကြီးကြောင့် မိသားစုဝင် ၄ ဦး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်နှင့် ပြည်သူ့ဆေးရုံကြီးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထိန်းချုပ်လိုက်ပြီး မြို့မရဲစခန်းကို ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၆ ရက်) နံနက် ၉ နာရီခန့်မှ စတင်၍ ကျောက်မဲမြို့ပေါ်နှင့် အနီးတဝိုက် ကျေးရွာများတွင်...
နောင်ချိုဒေသခံများ မြို့ကို စွန့်ခွာထွက်ပြေးရန် TNLA ပူးပေါင်းတပ် သတိပေးဟုဆို
သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ အထင်ကရ ဌာနဆိုင်ရာရုံးများကို ဝင်ရောက်နေရာယူထားနိုင်သည့် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒေသခံများကို နေ့လယ် ၁၂ နာရီ မတိုင်ခင် ထွက်ပြေးတိမ်းရှောင်ရန် သတိပေးထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၆ ရက်) နံနက် ၆ နာရီကျော်ခန့်မှ စတင်ပြီး...
ကျောက်မဲမြို့အနီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော် ခိုလှုံရာစခန်းသို့ရောက်ရှိ
သျှမ်းပြည် ကျောက်မဲမြို့အနီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော်သည် ဒေသအတွင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများက ဖွင့်လှစ်ထားရှိသည့် ခိုလှုံရာစခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လှုမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (ဇွန်လ ၂၅) ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ် နောင်ပိန်လေး၊ ခိုအုန်၊ နားပြိန်း၊ စခန်းသာနှင့်...
နောင်ချိုမြို့ အဝင်အထွက်ကို စစ်ကောင်စီပိတ်ထား၊ တိုက်ပွဲပြင်းထန်နေဆဲ
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိရာ နှစ်ဘက်တိုက်ပွဲအတွင်း ပြည်သူများ ပိတ်မိနေပြီး မြို့အဝင်အထွက် နေရာများကို ပိတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၅ ရက်)မှ စတင်ပြီး နောင်ချိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA...
သီပေါ စစ်ကောင်စီတပ်နှင့် TNLA ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ
သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့ (ဇွန် ၂၅)ရက် ညပိုင်းအထိ အပစ်အလှန် ပစ်ခတ်မှုဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့တွင် ယနေ့ (ဇွန် ၂၅)ရက် ညနေ (၅)နာရီမှစတင်ကာ လက်ရှိသတင်းရေးသားနေသည့် အချိန်ထိ...
နောင်ချို အုမ္မသီးလမ်းခွဲရှိ ဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျပြီး ဆရာတော် ဒဏ်ရာရ
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လျက်ရှိရာ နှစ်ဘက်တိုက်ပွဲကြား လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများ ပြင်းထန်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။ ယနေ့ (ဇွန်လ ၂၅ ရက်) နေ့လယ်ပိုင်းအချိန်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲရှိ ခမ်းချိုဘုန်းကြီးကျောင်းဝင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ...
နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထား
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ နှစ်ဘက်ထိတွေ့ တိုက်ပွဲပြင်းထန်းပြီး နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၅ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင်...
မိုးကုတ်မှာ ဘာဖြစ်နေလဲ
SHAN -
သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မတ္တမြားမြေ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၅ ရက်) နံနက်က စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။ TNLA/ PDF တပ်များက မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်ကို...
ကျောက်မဲ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ယနေ့ (ဇွန် ၂၅ ရက်) နံနက်ပိုင်းက စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီးထိမှန်၍ အမျိုးသမီး တစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း...





