TNLA

ကျောက်မဲမြို့နယ် SSPP စခန်းချ နေရာကို TNLA ဒရုန်းဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၇ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုရှိ...

လားရှိုးမြို့မှ တိမ်းရှောင်လာသော ကားရာနှင့်ချီ စဉ့်အင်ဖောင်ဆိပ်တွင် ပိတ်မိနေ

သျှမ်းပြည် လားရှိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင်ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြို့နေပြည်သူများမှာ ယမန်နေ့ (ဇူလိုင် ၄ ရက်) တွင် စတင်ထွက်ခွာ တိမ်းရှောင်နေကြပြီး...

ကျောက်မဲနှင့် သီပေါရှိ SSPP နှင့် TNLA တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုရှိကြောင်း နှစ်ဘက်တပ်ဖွဲ့ထုတ်ပြန်

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြိုနယ်တို့တွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ တိုက်ပွဲများအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်)က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုနှင့် သီပေါမြို့နယ် ကြံခင်းရွာတို့တွင် (၂) နေရာထက်မနည်း...

လားရှိုးမြို့ အခြေပြု ခံစစ်သေဖြင့် ခုခံရန် စစ်ကာင်စီတပ် ပြင်ဆင်

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၉၁) တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် ပြင်ဆင်နေ သဖြင့် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင် ၆ ရက်) တွင်...

ကျောက်မဲမြို့နယ်ရှိ SSPP စခန်းချနေရာကို TNLA တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည် ဇွန်လ နောက်ဆုံးပတ်တွင် TNLA တပ်ဖွဲ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု ရဲစခန်းအနီးရှိ SSPP တပ်စခန်းကို ပြောင်းရွှေ့ခိုင်းခဲ့ရာ နှစ်ဘက်တင်းမာမှု...

နမ့်ခမ်း TLEC ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ် မရှိ ပိတ်သိမ်းရန် TLEC မှ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၄ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း...

သီပေါမြို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆန်ကို တိုကင်နံပါတ်ဖြင့် ဝယ်နေရ

သျှမ်းပြည် သီပေါမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ကာ ဆန်ကို တိုကင်နံပါတ်ဖြင့် ဝယ်ယူနေရကြောင်း သတင်းရရှိသည်။ ဇွန်လ ၂၅ ရက်မှ စတင်၍ သီပေါမြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး မြို့အဝင်အထွက်များလည်း ပိတ်ထားသည့်အတွက်ကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ...

မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်နိုင်ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

သျှမ်း-မန္တလေး နယ်စပ်ရှိ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်မှ စတင်ပြီး သျှမ်း-မန္တလေးအစပ် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မန္တလေး-PDF နှင့်...

လားရှိုးမြို့ တိုင်းရုံးနှင့် တက္ကသိုလ်ကြား ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး မိသားစု (၆) ဦး ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ တိုင်းရုံးနှင့် တက္ကသိုလ်ကြားရှိ ပြည်သူနေအိမ်တွင် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် (၆) ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁) သာယာလမ်းရှိ ပြည်သူနေအိမ်တစ်လုံးသို့...

ကျောက်မဲနှင့် သီပေါတွင် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကြား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၅ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁ ရက်) ညနေ ၆...

Latest news