နောင်ချို (၆၀၆) ဒုံးတပ်ကို TNLA ပူးပေါင်တပ် သိမ်းပိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်ဘက်ရှိ စစ်ကောင်စီ (၆၀၆) ဒုံးတပ်ကို ယမန်နေ့ (ဇူလိုင်လ ၉ ရက်) ညသန်းခေါင်တွင် TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၀ ရက်) နေ့တွင် အတည်ပြု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က စတင်ခဲ့သည့် TNLA ပူးပေါင်းတပ်၏ ထိုးစစ် အတွင်း နောင်ချိုမြို့ရှိ စစ်ကောင်စီ ခမရ (၁၁၅) နှင့် (၁၁၄) တပ်ရင်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း (၆၀၆) ဒုံးတပ်တွင် စစ်ကောင်စီတပ်က စုပြုံခုခံခဲ့ရာက ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“နှစ်ဖက် အကျအဆုံးရှိပါတယ်။ လက်နက်ချတာလား ဆိုတာနဲ့ ဒုံးတပ်က လက်နက်ခဲယမ်း ရရှိမှုကတော့ သက်ဆိုင်ရာ ပူးပေါင်းတပ်က ထုတ်ပြန်ပါလိမ့်မယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နောင်ချို ဒုံးတပ်ရင်း (၆၀၆) တပ်ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရာ အဆိပ်ငွေ့ဗုံးများပါဝင်ကြောင်း TNLA ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ယခု သိမ်းပိုက်နိုင်ခဲ့သည့် ဒုံးတပ်သည် နောင်ချိူ- ကျောက်ဂူ- ရပ်စောက် သျှမ်းတောင် သွားလမ်းပေါ်တွင် တည်ရှိပြီး အမှတ် (၉၀၂) အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်နှင့် တောင်ခမ်း စစ်ဗျူဟာ လုံခြုံရေးအတွက် အရေးပါသည့် တပ်ဖြစ်သည်။

တောင်ခမ်းရှိ စစ်ကောင်စီတပ်တွင် စစ်လက်နက်သာမက စက်သုံးဆီ ဂါလန်သန်းနှင့်ချီ သိုလှောင်ထားသဖြင့် စစ်ကောင်စီက နောင်ချို ဒုံးတပ် မကျရေး စစ်ကူများ ဖြည့်တင်း၍ လေကြောင်းမှ အကြိမ်များစွာ တိုက်ခိုက် ခုခံခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

နောင်ချို တိုက်ပွဲများ အတွင်း TNLA နှင့်အတူ မန္တလေး PDF၊ ဓနုတပ်မတော် DPLA တို့ ပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...